YouTube video လေးကြောင့် နှစ် 40 ခန့်ကွဲကွာနေခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အဘိုးအို (ရုပ်သံ)

YouTube video လေးကြောင့် နှစ် 40 ခန့်ကွဲကွာနေခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အဘိုးအို (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ Khomdram Gambhir Singh အမည်ရှိတဲ့ အဘိုးအိုဟာ အသက် 26 နှစ်အရွယ်မှာ သူ့ရဲ့နေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ် ။ မိသားစုဝင်တွေကို နှုတ်ဆက်ခဲ့ဲခြင်းမျိုးမရှိဘဲ ထွက်ခွာသွားခဲ့တာမို့ မိသားစုဝင်တွေက သေဆုံးသွားခဲ့ပြီလို့သာ တွေးထင်ခဲ့ကြတာပါ ။ မိသားစုဝင်တွေထံလည်း ပြန်ပြီးလည်ပတ်ခြင်းမျိုးမရှိခဲ့ပါဘူး ။

သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ YouTube video လေးတစ်ပုဒ်မှာ Gambhir ဟာ လမ်းမပေါ်မှာ Bollywood သီချင်းသီဆိုပြီး တောင်းရမ်းနေခဲ့တာကို ရိုက်ယူမိခဲ့ပါတယ် ။ အဆိုပါ video ကိုမြင်တော့ နေအိမ်ကနေ 200 မိုင်အဝေးမှာရှိနေတဲ့ Gambhir ကို ညီဖြစ်သူက သတိထားမိခဲ့ပြီးနောက် ရဲအရာရှိတွေထံ အကြောင်းကြားကာ Gambhir ကို ပြန်ပြီးရှာဖွေခဲ့ကြပါတယ် ။ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ Gambhir ဟာ အိုးမဲ့အိမ်မဲ့သူတစ်ဦးဖြစ်ပြီး ၊ မွန်ဘိုင်းမြို့ ရဲ့ လမ်းတွေပေါ်မှာသာ နေထိုင်နေရသူဖြစ်ကြောင်း သိရပါတယ် ။

Gambhir ဟာ အစပိုင်းမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့တာပါ ။ သို့ပေမဲ့လည်း မတော်တဆမှုကြောင့် အလုပ်ဆက်မလုပ်နိုင်တော့ဘဲ သီချင်းဆိုရင်းနဲ့လမ်းမဘေးမှာ တောင်းရမ်းနေခဲ့ရတာဖြစ်ပါတယ် ။သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အခိုက်အတန့်လေးက လူတိုင်းရဲ့ရင်ကို ဝမ်းသာပျော်ရွှင်မှုတွေ ဖြစ်စေခဲ့တာက အမှန်ပါပဲလေ ။

Zawgyi

YouTube video ေလးေၾကာင့္ ႏွစ္ 40 ခန႔္ကြဲကြာေနခဲ့ရတဲ့ မိသားစုဝင္ေတြနဲ႔ ျပန္ဆုံေတြ႕ႏိုင္ခဲ့တဲ့ အဘိုးအို (႐ုပ္သံ)

အိႏၵိယႏိုင္ငံမွာေနထိုင္တဲ့ Khomdram Gambhir Singh အမည္ရွိတဲ့ အဘိုးအိုဟာ အသက္ 26 ႏွစ္အ႐ြယ္မွာ သူ႔ရဲ႕ေနအိမ္ကေန ထြက္ခြာသြားခဲ့ပါတယ္ ။ မိသားစုဝင္ေတြကို ႏႈတ္ဆက္ခဲ့ဲျခင္းမ်ိဳးမရွိဘဲ ထြက္ခြာသြားခဲ့တာမို႔ မိသားစုဝင္ေတြက ေသဆုံးသြားခဲ့ၿပီလို႔သာ ေတြးထင္ခဲ့ၾကတာပါ ။ မိသားစုဝင္ေတြထံလည္း ျပန္ၿပီးလည္ပတ္ျခင္းမ်ိဳးမရွိခဲ့ပါဘူး ။

သို႔ေပမဲ့လည္း ကံေကာင္းစြာနဲ႔ YouTube video ေလးတစ္ပုဒ္မွာ Gambhir ဟာ လမ္းမေပၚမွာ Bollywood သီခ်င္းသီဆိုၿပီး ေတာင္းရမ္းေနခဲ့တာကို ႐ိုက္ယူမိခဲ့ပါတယ္ ။ အဆိုပါ video ကိုျမင္ေတာ့ ေနအိမ္ကေန 200 မိုင္အေဝးမွာရွိေနတဲ့ Gambhir ကို ညီျဖစ္သူက သတိထားမိခဲ့ၿပီးေနာက္ ရဲအရာရွိေတြထံ အေၾကာင္းၾကားကာ Gambhir ကို ျပန္ၿပီးရွာေဖြခဲ့ၾကပါတယ္ ။ ရဲအရာရွိေတြရဲ႕ေျပာၾကားခ်က္အရ Gambhir ဟာ အိုးမဲ့အိမ္မဲ့သူတစ္ဦးျဖစ္ၿပီး ၊ မြန္ဘိုင္းၿမိဳ႕ ရဲ႕ လမ္းေတြေပၚမွာသာ ေနထိုင္ေနရသူျဖစ္ေၾကာင္း သိရပါတယ္ ။

Gambhir ဟာ အစပိုင္းမွာေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ အလုပ္လုပ္ကိုင္ခဲ့တာပါ ။ သို႔ေပမဲ့လည္း မေတာ္တဆမႈေၾကာင့္ အလုပ္ဆက္မလုပ္ႏိုင္ေတာ့ဘဲ သီခ်င္းဆိုရင္းနဲ႔လမ္းမေဘးမွာ ေတာင္းရမ္းေနခဲ့ရတာျဖစ္ပါတယ္ ။သူ႔ရဲ႕မိသားစုဝင္ေတြနဲ႔ ျပန္ဆုံေတြ႕ႏိုင္ခဲ့တဲ့ အခိုက္အတန႔္ေလးက လူတိုင္းရဲ႕ရင္ကို ဝမ္းသာေပ်ာ္႐ႊင္မႈေတြ ျဖစ္ေစခဲ့တာက အမွန္ပါပဲေလ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*