နေမကောင်းဖြစ်နေသည့် သူ၏ကလေးကို ကယ်တင်ပေးရန်အတွက် ဆေးရုံအရေးပေါ်ဋ္ဌာနအထိ လာရောက်ပြီး အကူအညီတောင်းခဲ့သည့် ကြောင်မိခင်
နေမကောင်းဖြစ်နေသည့် သူ၏ကလေးကို ကယ်တင်ပေးရန်အတွက် ဆေးရုံအရေးပေါ်ဋ္ဌာနအထိ လာရောက်ပြီး အကူအညီတောင်းခဲ့သည့် ကြောင်မိခင်
လူသားတို့ပင်မဆိုထားနှင့် တိရိစ္ဆာန်လေးတို့ပင်လျှင် မိဘကသားသမီးတို်အပေါ်ထားရှိသော မေတ္တာတရားဟာ လေးစားဖွယ်ကောင်းလှပါတယ်။တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆေးရုံတစ်ခုမှ မိခင်ကြောင်မကြီး၏ အပြုအမူဟာ လူတိုင်းကို ဂရုဏာသက်စေခဲ့ရပါတယ်။
ကြောင်မကြီးဟာ ဒဏ်ရာအနည်းငယ်ရရှိထားသည့် သူ၏ကလေးငယ်ကို လည်ပင်မှ ကိုက်ချီပြီး ဆေးရုံထဲသို့ အမြန်ပြေးဝင်လာခဲ့တာဖြစ်ပါတယ်။ကြောင်မကြီးဟာ စိုးရိမ်သည့်အမူအရာတို့ဖြင့် အရေးပေါ်ဋ္ဌာနတွင်ပြေးလွားနေခဲ့သောကြောင့် ဆရာဝန်တစ်ဦးက ဒဏ်ရာရနေသည်လားဟုသေချာစေရန် ကြည့်ရှုပေးခဲ့တာဖြစ်ပါတယ်။
ကြောင်မလေး၏ ကလေးငယ်မှာ အမှန်တကယ်ဒဏ်ရာရရှိနေခဲ့သောကြောင့် ဆရာဝန်များက ဆေးကုပေးသောအခါတွင်လည်း ကြောင်မကြီးဟာ သူ၏ကလေးကို စိုးရိမ်သည့်အကြည့်တို့ဖြင့် စိတ်ပူနေခဲ့တာလည်းဖြစ်ပါတယ်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*