
လေမုန်တိုင်းကြောင့် အိမ်ငယ်လေးပျက်စီးသွားပြီး တောထဲက ဂူတစ်ခုမှာ နေထိုင်နေကြတဲ့ ဆင်းရဲ့နွမ်းပါးသော ညီအစ်ကိုနှစ်ယောက် (ရုပ်သံ)
အခုဖော်ပြပေးမဲ့အကြောင်းအရာက Jayson နဲ့ Juan Garaña Jr. တို့ ညီအစ်ကိုနှစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ Camarines Sur ပြည်နယ် Sipocot ဒေသမှာ မူလတန်းကျောင်းကို သွားရဖို့ မနက်ခင်းအချိန်မှာ တောင်ပေါ်ကနေဆင်းလာရပါတယ်။ ညဘက်ဆိုရင်လည်း ၎င်းတောင်ပေါ်ကို ပြန်တက်ခဲ့ရတာပါ။ အလွန်အမင်းဆင်းရဲနွမ်းပါးနေပေမဲ့လည်း နေမကောင်းတာမဟုတ်ဘူးဆိုရင် အတန်းတစ်ခုကို ဘယ်သောအခါမှ မပျက်ဖူးပါဘူး။
သူတို့ရဲ့ဖခင် Johnny ရဲ့အဆိုအရ သူတို့မှာ အိမ်ငယ်လေးတစ်လုံး ရှိခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်က အမျိုးအစား၅ စူပါတိုင်ဖွန်းမုန်တိုင်း Rammasun ကြောင့် သူတို့ရဲ့တဲအိမ်လေးကို ပျက်စီးစေခဲ့တာပါ။ ဒေသန္တရအစိုးရရဲ့ အကူအညီတွေကို မရရှိနိုင်ခြင်းကြောင့် သူတို့ဟာ ဂူထဲမှာ နေထိုင်ခဲ့ရတာပါ။
အံ့သြစရာမှာ Jayson နဲ့ Juan Jr. တို့ ညီအစ်ကိုဟာ လုံ့လဝီရိယရှိတဲ့ ကျောင်းသားတွေဘဲ ဖြစ်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ရေပိုက်လိုင်း၊ သန့်ရှင်းရေးစက်ရုံတွေ နဲ့ ကျောင်းအတွက် နေ့လည်စာစားခြင်းတွေ အပါအဝင်အခက်အခဲများကြားမှ သူတို့ဟာ အဆင့်အတန်းကောင်းကောင်း ရရှိကြပါတယ်။
မိခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူတို့ရဲ့မိသားစုကနေ ထွက်ခွာသွားခဲ့သော်လည်း သူတို့ရဲ့ဖခင်ဖြစ်သူကို စိတ်အားထက်သန်စေရန် ဖခင်ကိုလက်ဆောင်အဖြစ်ပေးခဲ့ပ့တယ်။ ယောက်ျားလေးတွေရဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းကိုကြားတဲ့ ကျောင်းက ဆရာတွေဟာ သူတို့ရဲ့ဂူကိုလည်ပတ်ခဲ့ကြပါတယ်။
ဆရာတွေက ထိုညီအစ်ကိုနှစ်ဦးဟာဟာ မုတ်သုန်ရာသီမှာဆိုရင် ရွှံ့တွေနဲ့ မတ်စောက်ပြီးကျဉ်းမြောင်းတဲ့ ဖုန်ထူလမ်းတွေကို လျှောက်ကြပြီး ညအချိန်မှာအန္တရာယ် ဘယ်လောက်တောင်ရှိမယ်ဆိုတာကို စိုးရိမ်ကြပါတယ် ။ ကလေးတွေက ကျောင်းကို သွားတဲ့လမ်းတွေမှာ မြွေတွေနဲ့ ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်များကိုလည်း ပြောပြခဲ့ပါတယ်။
သူတို့ရဲ့ ဆရာတစ်ဦးက လူမှုရေးမီဒီယာများမှ သူတို့ရဲ့ အခြေအနေကို မျှဝေပြီးနောက် သူတို့ရဲ့ ဇာတ်လမ်းဟာ အလွန်ကံကောင်းသွားခဲ့ပါတယ်။ အဓိကသတင်းထွက်ပေါက်က သူတို့ရဲ့ ဇာတ်ကြောင်းကိုဖော်ပြပြီး အမည်မသိတဲ့ အလှူရှင်တွေက ၎င်းယောက်ျားလေးတွေရဲ့ နေ့စဉ်လိုအပ်ချက်များအတွက် ပံ့ပိုးပေးခဲ့ကြပါတယ်။
Leave a Reply