Customer က ကြက်ကြော်မှာတာကို လက်သုတ်ပဝါကြော်ပြီးထည့်ပေးမိခဲ့လို့ အရှက်ရပြီးဆိုင်ပိတ်ထားရတဲ့ ကြက်ကြော်ဆိုင်(ရုပ်သံ)

Customer က ကြက်ကြော်မှာတာကို လက်သုတ်ပဝါကြော်ပြီးထည့်ပေးမိခဲ့လို့ အရှက်ရပြီးဆိုင်ပိတ်ထားရတဲ့ ကြက်ကြော်ဆိုင်(ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံရဲ့ fast-food ဆိုင်ဖြစ်တဲ့ Jollibee ဟာ အတော်လေးနာမည်ကြီးပါတယ် ။ သို့ပေမဲ့လည်း Customer က delivery နဲ့ ကြက်ကြော်မှာယူခဲ့ပေမဲ့လည်း အပြာရောင်လက်သုတ်ပဝါကို ဂျုံမှုန့်အနှစ် တွေနဲ့ရောကြော်ပြီး ထည့်လာပေးခဲ့လို့ လက်ရှိမှာ ဝေဖန်မှုတွေဆက်တိုက်ရရှိနေပြီး ဆိုင်ကိုယာယီပိတ်ထားခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ Alique Perez အမည်နဲ့ Facebook အသုံးပြုသူအမျိုးသမီးဟာ သူမရဲ့သားငယ်လေးအတွက် ကြက်ကြော်မှာယူခဲ့တာပါ ။ သို့ပေမဲ့လည်း ယခုလိုမျိုးအဖြစ်မျိုးကြုံလိုက်ရလို့ ‘ ဘယ်လိုလုပ်ပြီးတော့များ လက်သုတ်ပဝါကို ဂျုံမှုန့်အနစ်ထဲ ထည့်ခဲ့တာလဲ ပြီးတော့ ကြော်တောင် ကြော်လိုက်သေးတယ် ၊ အရမ်း စိတ်ပျက်ဖို့ကောင်းပြီး အတော်ရှက်ဖို့ကောင်းတဲ့လုပ်ရပ်ပဲ ‘ ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

Jollibee ဆိုင်ကတော့ အဆိုပါပြသာနာကို စစ်ဆေးသုံးသပ်ဖို့ ဆိုင်ကို June 3 ရက်နေ့ကနေစပြီး 3 ရက်ခန့်ပိတ်သွားမှာဖြစ်ကြောင်း သိရပါတယ် ။ သို့ပေမဲ့လည်း Jollibee ဆိုင်ကတော့ Customer အတော်များများရဲ့ အပြစ်တင်ဝေဖန်မှုကို ခံနေရလျက်ရှိပါတယ် ။

Zawgyi




Be the first to comment

Leave a Reply

Your email address will not be published.


*