TV အဟောင်းများကို လမ်းဘေးခွေးများအတွက် အဆင်ပြေတဲ့နေအိမ်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ အမျိုးသား

TV အဟောင်းများကို လမ်းဘေးခွေးများအတွက် အဆင်ပြေတဲ့နေအိမ်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ အမျိုးသား

အသက် ၃၂ နှစ်အရွယ် Abhijit Dowarah အမည်ရှိ စီးပွါးရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးဟာ လမ်းဘေးခွေးများအတွက် တီဗီဟောင်းများကို သက်သောင့်သက်သာရှိတဲ့အိမ်များအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

Abhijit ဟာ မကြာသေးခင်က ဆိုးရွားတဲ့ရာသီဥတုကြောင့် အိန္ဒိယမြောက်ပိုင်း Sivasagar ပြည်နယ်ရဲ့လမ်းများပေါ်ရှိ လေလွင့်နေတဲ့ခွေးများရဲ့ကျန်းမာရေးကို စိုးရိမ်ခဲ့တာကြောင့် ဒီလိုတီထွင်ဖန်တီးမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Abhijit ဟာ သူ့ရဲ့အိမ်မှ TVဟောင်းတစ်ခုကိုဆွဲထုတ်ပြီး ခွေးများခိုလှုံရာအိမ်အဖြစ်သို့ ပြောင်းလိုက်ပါတယ်။

သူလုပ်ပေးခဲ့တဲ့ အိမ်ကသေးငယ်လွန်းတာကြောင့် ပိုကြီးတာပြုလုပ်ပေးရန် နှင့် ၎င်းအိမ်ထဲမှာ ရေခွက်ထည့်လို့ရအောင် ၊သက်သောက်သက်သာရှိစေရန် အသုံးမပြုတော့တဲ့ဟောင်းနွမ်းတဲ့ကျောင်းတီဗီဟောင်းများကို ရှာဖွေပြီးပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ခွေးလေးတွေကိုဆွဲဆောင်ရန် အိမ်ကိုအဝါရောင်ဆေးခြယ်ထားပြီး သဘာဝအစိမ်းရောင်နှင့်ပါ ပေါင်းစပ်ထားပါသေးတယ်။

၎င်းခွေးအိမ်ကိုအဝေးကနေလည်း လှမ်းမြင်နိုင်ပါတယ် လို့ Abhijit က ဆိုခဲ့ပါတယ်။“အရင်က ကျွန်တော်ဆို ကားမောင်းနေတုန်း လမ်းမပေါ် ခွေးတွေ ဝင်လာတာကို ကျွန်တော်အရမ်းဒေါသထွက်နေခဲ့တယ် ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော့်အစ်ကိုက ခွေးတစ်ကောင်လက်ဆောင်ပေးခဲ့ပြီးနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ် ၊

ကျွန်တော်က တိရိစ္ဆာန်တွေအပေါ် သနားကြင်နာတတ်လာပြီး သူတို့ကိုကူညီဖို့ အမြဲစဉ်းစားလာတော့တယ်” လို့ Abhijit က ခွေးနေအိမ်ဆောက်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။ Abhijit ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ 4 ရက်နေ့ကနေ စတင်ပြီး အပတ်တိုင်းအနည်းဆုံးခွေးအိမ်တစ်လုံး တည်ဆောက်ရန်စီစဉ်ထားခဲ့ပါတယ်။

ကျွန်တော့်ရဲ့နောက်ပိုင်းအိမ်မက်က လမ်းဘေးခွေးလေးကို အကာအကွယ်ပေးဖို့ဘဲ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*