Sugar daddyတွေနဲ့ ချိန်းတွေ့ခြင်းဖြင့် တစ်လလျှင် မြန်မာငွေ သိန်း၁၃၁ကျော်ရရှိကြောင်းထုတ်ဖော်ပြောပြခဲ့တဲ့အမျိုးသမီး

စင်္ကာပူနိုင်ငံရှိ အသက် ၂၈ နှစ်အရွယ် မလေးရှားလူမျိုးအမျိုးသမီးတစ်ဦးဟာ စင်္ကာပူကStraits Times သတင်းစာသို့ သူမအလုပ်လုပ်တဲ့အလုပ်နှစ်ခုမှ တစ်လကို စင်ကာပူဒေါ်လာ ၁၄၀၀၀(မြန်မာငွေ သိန်း၁၃၁ကျော်) ရရှိကြောင်းဖော်ပြခဲ့ပါတယ်။ပထမတစ်ခုက ဈေးကွက်ရှာဖွေရေးအမှုဆောင်တစ်ဦး ဖြစ်ပြီး ဒုတိယတစ်ခုမှာ Sugar baby တစ်ယောက်အဖြစ်လုပ်ကိုင်ကြောင်း ပြောပြခဲ့ပါတယ်။

ပုံမှန်အားဖြင့်တစ်ခါတည်းအပြီးငွေပေးချေပြီးတစ်ရက်တည်းအတွက်စင်ကာပူဒေါ်လာ ၅၀၀ (၄သိန်း၈သောင်း) အထက်ငွေတောင်းခံကာ နာမည်အရင်းမဟုတ်တဲ့Jenniအမည်ရှိအဆိုပါအမျိုးသမီးဟာ စင်္ကာပူက Sugar daddyသုံးယောက်နဲ့သုံးလအတူနေထိုင်တဲ့အစီအစဉ်တွေလည်းရှိကြောင်း Straits Times သတင်းကဖော်ပြခဲ့ပါတယ်။သူမရဲ့လက်ရှိ Sugar baby လုပ်ငန်းက အသက် ၃၀ နှစ်အရွယ် စင်္ကာပူစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဟာ သူမကိုလစဉ်ထောက်ပံ့ကြေးငွေအဖြစ် စင်္ကာပူဒေါ်လာ ၈၀၀၀ မှ ဒေါ်လာ ၁၀,၀၀၀ (၇၈သိန်းမှ ၉၇သိန်း)အထိ ပေးနေပါတယ်။

အဆိုပါထောက်ပံ့ငွေနှင့် သူမရဲ့ဈေးကွက်ရှာဖွေရေးလုပ်ငန်းရဲ့ဝင်ငွေကို ပေါင်းလိုက်ခြင်းဖြင့် တစ်လကို စင်္ကာပူဒေါ်လာ ၁၄,၀၀၀ (သိန်း၁၃၁ကျော်)အထိရှိနေခဲ့ပါတယ်။သူမလစဉ်ဝင်ငွေရဲ့သုံးပုံတစ်ပုံက သူမစုဆောင်းငွေတွေဖြစ်ပြီး ကျန်ငွေတွေကိုတော့မျက်နှာအလှပြင်ခြင်း၊လက်သည်းဆိုးခြင်း၊ဥရောပနှင့်အမေရိကန်ပြည်ထောင်စုသို့အားလပ်ရက်ခရီးထွက်ခြင်း နှင့် မလေးရှားရှိသူမမိသားစုသို့ငွေလွှဲပေးခြင်း တို့ဖြစ်ပါတယ်။

Jinneဟာ ဥရောပသို့အားလပ်ရက်ခရီးထွက်နိုင်လောက်တဲ့အထိအကုန်အကျခံနိုင်တဲ့သူငယ်ချင်းဖြစ်သူကို သတိထားမိပြီးနောက် စူးစမ်းကာ မလေးရှားနိုင်ငံထုတ် Sugarbookဆိုတဲ့appကို ရှာဖွေတွေ့ရှိခဲ့တာပါ။အစပိုင်းတော့ Jenni ဟာ ပိုက်ဆံရဖို့အတွက် အဆိုပါappက Sugar daddyတွေအား သူမနှင့်အိပ်ဖို့လိုမလိုကိုမေးခွန်းထုတ်ခဲ့ရပါတယ်။

ဒါပေမယ့် အဆိုပါလုပ်ငန်းကိုနှစ်နှစ်အကြာလုပ်ကိုင်လာပြီးတဲ့နောက် အဲ့ဒီစိုးရိမ်ပူပန်မှုတွေ သူမမှာလုံးဝမရှိတော့ပါဘူး။သူမဟာ အိမ်ထောင်ရှိအမျိုးသားသို့မဟုတ် အသက်၄၀ကျော်အမျိုးသားတွေကို လုံးဝဒိတ်မလုပ်ပါဘူး။Jenni ဟာ အဆိုပါဝန်ဆောင်မှုကိုပြည့်တန်ဆာလုပ်ငန်းအဖြစ် မကြာခဏနားလည်မှုအလွဲခံရလေ့ရှိပေမဲ့လည်း တူညီခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။

Jenniဟာ သူမရဲ့Sugar daddyချိန်းတွေ့မှုဘဝနှင့်ပတ်သက်ပြီး သူမမိသားစုတွေကိုမှောင်မိုက်စေကြောင်း ဝန်ခံခဲ့ပြီး”ကျွန်မသူတို့ကို မပြောပြထားဘူး အကယ်လို့တစ်နေ့သူတို့သိသွားခဲ့ရင်လည်း ကျွန်မရဲရဲရင့်ရင့်ရင်ဆိုင်သွားမယ်”လို့လည်းဆိုထားပါတယ်။စာဖတ်သူတို့ကော ဒီအလုပ်အကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ပါသလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*