
ကမ္ဘာပေါ်တွင် အသက်ငယ်ဆုံးနှင့် မုတ်ဆိတ်မွှေးအထူဆုံးသော ကောင်မလေးအဖြစ် ကမ္ဘာ့စံချိန်မှတ်တမ်းကို ရရှိခဲ့သည့် ထူးခြားလှသော ကောင်မလေး
Harnaam Kaurဆိုသည့် အသက်၂၅နှစ်အရွယ်ကောင်မလေးဟာ ထူးခြားဆန်းကြယ်လှသည့် ရောဂါတစ်မျိုးကြောင့် မုတ်ဆိတ်မွှေးများထူထပ်စွာပေါက်နေခဲ့ရာမှ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းကို ရရှိသွားခဲ့ပါတယ်။
သူမဟာ ငယ်စဥ်ကတည်းကပင် ထူးခြားသောအသားအရည်ဖြင့် ခန္ဓာကိုယ်ဝနေမှုကြောင့် အနှိမ်ခံဘဝနှင့် ဖြတ်သန်းခဲ့ရပါတယ်။ထို့နောက်အသက်၁၁နှစ်အရွယ်တွင် မုတ်ဆိတ်မွှေးများထွက်ပေါ်လာခဲ့ပြီး နောက် ဆရာဝန်နှင့်ပြသခဲ့ရာမှ ထူးဆန်းသောရောဂါတစ်မျိုးကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ကောင်မလေး၏ အမွှေးများကို ရိတ်ပြီးဖယ်ရှား၍မရဘဲ ဖယ်ရှားမည်ဆိုပါက အရေးပြားများဟာ အတော်လေးနာကျင်နေခဲ့ပြီး အမာရွတ်တွေလို ဖြစ်သွားတတ်တယ်ဟု သိရပါတယ်။မုတ်ဆွေးမွှေးများကြောင့် လူတိုင်း၏ အလှောင်ပြောင်ခံနေရပြီး စိတ်ဓာတ်ကျနေခဲ့ရာမှ ယခုအချိန်တွင်တော့ ဂင်းနစ်မှတ်တမ်းကို ထိန်းသိမ်းထားရမည့် ကောင်မလေးဖြစ်လာခဲ့ပါတယ်။
Zawgyi
Leave a Reply