Selfie ပုံထဲက ထူးဆန်းတဲ့အသေးစိတ်အချက်အလက်တွေကြောင့် ဖောက်ပြန်နေတဲ့ခင်ပွန်းအား ကွာရှင်းပစ်ခဲ့တဲ့ အမျိုးသမီး

Selfie ပုံထဲက ထူးဆန်းတဲ့အသေးစိတ်အချက်အလက်တွေကြောင့် ဖောက်ပြန်နေတဲ့ခင်ပွန်းအား ကွာရှင်းပစ်ခဲ့တဲ့ အမျိုးသမီး

အသုံးပြုသူ @shesough မှတင်ထားတဲ့ TikTok ဗီဒီယိုမှာ သူမရဲ့ခင်ပွန်းဟာ လောင်းကစားရုံတစ်ခုမှာ ပါတီပွဲတက်ရောက်ရန် ဟိုတယ်တစ်ခုမှာ တစ်ညတည်းခိုခဲ့ပါတယ်။ထို့နောက် သူမအား ပို့လာတဲ့ ခင်ပွန်းရဲ့တစ်ဦးတည်း selfie ဓာတ်ပုံတစ်ပုံကြောင့် ခင်ပွန်းသူဖောက်ပြန်နေတဲ့ သဲလွန်စကို တွေ့ရှိခဲ့ကြောင်း @shesough က မျှဝေခဲ့ပါတယ်။

“ ကျွန်မခင်ပွန်းက ကာစီနိုလောင်းကစားရုံမှာရှိတဲ့ သူ့ရဲ့ဟိုတယ်ခန်းရဲ့ ချစ်စရာကောင်းတဲ့အရာအားလုံးကို ကျွန်မ ကြည့်ဖို့ဆိုပြီး ဓာတ်ပုံတွေပို့ပေးခဲ့ပေမယ့်လည်း ကျွန်မ ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်တယ် ၊ အခုတော့ သူက တစ်ကောင်ကြွက်ဖြစ်သွားပြီ ၊ အဲဒါက ဘာကြောင့်လဲဆိုတာကို သင်ခန့်မှန်းနိုင်လား” လို့ @shesough က ဆိုခဲ့ပါတယ်။

“ ဒါက သူတို့ရဲ့ခြားနားချက်ကိုရှာဖွေဖို့ ငါတို့ကိုလေ့ကျင့်ပေးနေတာပဲ ” လို့ မှတ်ချက်ပေးသူတစ်ဦးက ရေးသားခဲ့ပါတယ်။အင်တာနက်အသုံးပြုသူအချို့က ဓါတ်ပုံတွေကို အနီးကပ်ဆွဲကြည့်လိုက်ပြီးနောက် အဆိုပါအမျိုးသမီးက ဘာကိုဆိုလိုပြီးပြောနေတာကို သိသွားခဲ့ကြပါတယ်။

အကြောင်းက ရေချိုးခန်းဘေစင်မှာ ဆံပင်ဖြောင့်စက်ရှိနေခဲ့ပြီး ဟိုတယ်တွေမှာ ဆံပင်ဖြောင့်စက်ကို ပုံမှန်ထားပေးလေ့မရှိတဲ့အတွက်ကြောင့် အဆိုပါခင်ပွန်းဖြစ်သူက အမျိုးသမီးတစ်ယောက်ကိုပါ ဆောင်ခေါ်လာခဲ့ပုံပါဘဲ။ထို့အပြင် အင်တာနက်အသုံးပြုသူအချို့က ထိုသူက သူ့ရဲ့လက်ထပ်လက်စွပ်ကို မဝတ်ဆင်ထားကြောင်းကိုလည်း သတိပြုမိခဲ့ကြပါတယ်။

@shesough ရဲ့ ၎င်းTikTok ဗီဒီယိုဟာ နောက်ဆက်တွဲဖော်ပြချက်များ သန်းနှင့်ချီတဲ့view များရရှိခဲ့ပါတယ်။“ ကျွန်မရဲ့အမြင်အရ ပထမဦးဆုံးအရာက ဆံပင်ဖြောင့်စက်၊ ဒုတိယသတိထားမိတဲ့အချက်ကတော့ ကြမ်းပြင်က ပိုက်ဆံအိတ်ဘဲ ၊ ဒါက အားကစားသမားအိတ်တစ်ခု ဒါမှမဟုတ် Michael Kors အိတ်လိုပါပဲ။

ဒီအခန်းက သူ့မိတ်ဆွေတစ်ဦးရဲ့အခန်းဖြစ်နေခဲ့ရင်တောင် သူက ဘာအကြောင်းကြောင့် တစ်စုံတစ်ယောက်ရဲ့အခန်းထဲမှာ သွားပြီး ဓာတ်ပုံရိုက်နေတာလဲလို့” @shesough က သူမရဲ့အမြင်ကို မျှဝေခဲ့ပါသေးတယ်။စာဖတ်သူတို့ကော သူမရဲ့ထင်မြင်ချက်ကို ဘာလို့သဘောရပါသလဲဗျာ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*