
မော်တော်ကားနှစ်စီးကို ပျက်စီးစေပြီးနောက် အငှားယာဉ်များမှာ ပိတ်ပင်ထားခြင်းခံရတဲ့ အဝလွန်သောဇနီးမောင်နှံနှစ်ဦး
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်ပြည်နယ်က အဝလွန်နေတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ရဲ့ ဒေသရှိ အငှားယာဉ်များမှ ပိတ်ပင်ထားခြင်းခံရပြီးနောက် ဒေါသထွက်နေကြပါတယ် ။ ပေါင် ၇၇၀ အလေးချိန်ရှိတဲ့ ဒီစုံတွဲနှစ်ဦးရဲ့ တားမြစ်ချက်ဟာ လုံးဝမမျှတဘူးလို့ သူ့တို့နှစ်ဦးက ညည်းညူနေကြပါတယ်။
Marcus Edwards နဲ့ Taylor Faulkner တို့စုံတွဲနှစ်ဦးရဲ့ အဆိုအရ သူတိို့ဟာ အထူးသဖြင့် ခင်ပွန်းဖြစ်သူ Edwards က သူ့မိခင်အိမ်ကို သွားတဲ့အခါ Centrex ကားတွေနဲ့ အသုံးပြုကြပါတယ်။ မကြာသေးမီက တက္ကစီဘွတ်ကင်လုပ်ရန် ကြိုးစားတဲ့အခါမှာ ကုမ္ပဏီက သူတို့နှစ်ဦးကို လက်မခံခဲ့ပါဘူး။ထိုတားမြစ်ချက်ရဲ့ နောက်ကွယ်အကြောင်းအရင်းမှာ Edwards နဲ့ Faulkner တို့ဟာ မော်တော်ယာဉ်နှစ်စီးကို ပျက်စီးစေပြီဖြစ်ပါတယ်။
အဝလွန်သူ Edwards က “ ကျွန်တော့် ရဲ့ကျန်းမာရေးပြဿနာတွေကြောင့် အဝလွန်နေတယ်၊ ဒါပေမယ့် ဒါကငါလိုလူကြီးတွေကို ခွဲခြားဆက်ဆံတာပဲ။ အဝလွန်ခြင်းလို့ ခေါ်တဲ့ ရောဂါခံစားနေရတာကို သူတို့ သိသင့်ပါတယ်။ ကျနော်တို့နှစ်ယောက်စလုံးဒေါသထွက်ပြီး သူတို့ရဲ့သဘောထားကို စိတ်ဆိုးကြတယ် ” လို့ တားမြစ်ချက်ကို မှတ်ချက်ချခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ဦးက နောက်နေတာပဲလို့ပြောကြပေမယ့် Edwards က ပြောင်ပြောင်တင်းတင်းနဲ့ အနာဂတ်မှာ နောက်ထပ် တက္ကစီကုမ္ပဏီကိုသုံးဖို့ ပြောခဲ့ပါသေးတယ်။ Daily Mail မှ သတင်းပို့ချက်တစ်ခုအရ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူက Edwards ဟာ အလေးချိန်ပိုမို များပြားလာပြီးနောက် သူနဲ့ လိုက်လျောညီထွေဖြစ်ရန် ကြီးမားတဲ့မော်တော်ယာဉ်များမရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
Zawgyi
ေမာ္ေတာ္ကားႏွစ္စီးကို ပ်က္စီးေစၿပီးေနာက္ အငွားယာဥ္မ်ားမွာ ပိတ္ပင္ထားျခင္းခံရတဲ့ အဝလြန္ေသာဇနီးေမာင္ႏွံႏွစ္ဦး
အဂၤလန္ႏိုင္ငံ၊ ဘာမင္ဂမ္ျပည္နယ္က အဝလြန္ေနတဲ့ ဇနီးေမာင္ႏွံႏွစ္ဦးဟာ သူတို႔ရဲ႕ ေဒသရွိ အငွားယာဥ္မ်ားမွ ပိတ္ပင္ထားျခင္းခံရၿပီးေနာက္ ေဒါသထြက္ေနၾကပါတယ္ ။ ေပါင္ ၇၇၀ အေလးခ်ိန္ရွိတဲ့ ဒီစုံတြဲႏွစ္ဦးရဲ႕ တားျမစ္ခ်က္ဟာ လုံးဝမမွ်တဘူးလို႔ သူ႔တို႔ႏွစ္ဦးက ညည္းညဴေနၾကပါတယ္။
Marcus Edwards နဲ႔ Taylor Faulkner တို႔စုံတြဲႏွစ္ဦးရဲ႕ အဆိုအရ သူတိို႔ဟာ အထူးသျဖင့္ ခင္ပြန္းျဖစ္သူ Edwards က သူ႔မိခင္အိမ္ကို သြားတဲ့အခါ Centrex ကားေတြနဲ႔ အသုံးျပဳၾကပါတယ္။ မၾကာေသးမီက တကၠစီဘြတ္ကင္လုပ္ရန္ ႀကိဳးစားတဲ့အခါမွာ ကုမၸဏီက သူတို႔ႏွစ္ဦးကို လက္မခံခဲ့ပါဘူး။ထိုတားျမစ္ခ်က္ရဲ႕ ေနာက္ကြယ္အေၾကာင္းအရင္းမွာ Edwards နဲ႔ Faulkner တို႔ဟာ ေမာ္ေတာ္ယာဥ္ႏွစ္စီးကို ပ်က္စီးေစၿပီျဖစ္ပါတယ္။
အဝလြန္သူ Edwards က “ ကြၽန္ေတာ့္ ရဲ႕က်န္းမာေရးျပႆနာေတြေၾကာင့္ အဝလြန္ေနတယ္၊ ဒါေပမယ့္ ဒါကငါလိုလူႀကီးေတြကို ခြဲျခားဆက္ဆံတာပဲ။ အဝလြန္ျခင္းလို႔ ေခၚတဲ့ ေရာဂါခံစားေနရတာကို သူတို႔ သိသင့္ပါတယ္။ က်ေနာ္တို႔ႏွစ္ေယာက္စလုံးေဒါသထြက္ၿပီး သူတို႔ရဲ႕သေဘာထားကို စိတ္ဆိုးၾကတယ္ ” လို႔ တားျမစ္ခ်က္ကို မွတ္ခ်က္ခ်ခဲ့ပါတယ္။
သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးက ေနာက္ေနတာပဲလို႔ေျပာၾကေပမယ့္ Edwards က ေျပာင္ေျပာင္တင္းတင္းနဲ႔ အနာဂတ္မွာ ေနာက္ထပ္ တကၠစီကုမၸဏီကိုသုံးဖို႔ ေျပာခဲ့ပါေသးတယ္။ Daily Mail မွ သတင္းပို႔ခ်က္တစ္ခုအရ ကုမၸဏီရဲ႕ေျပာေရးဆိုခြင့္ရွိသူက Edwards ဟာ အေလးခ်ိန္ပိုမို မ်ားျပားလာၿပီးေနာက္ သူနဲ႔ လိုက္ေလ်ာညီေထြျဖစ္ရန္ ႀကီးမားတဲ့ေမာ္ေတာ္ယာဥ္မ်ားမရွိေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။
Leave a Reply