Predator ဝတ်စုံနဲ့ Chopper ကို စီးနင်းခြင်းကြောင့် အရာရှိရဲများမှအစ လှုအများရဲ့ အာရုံစိုက်ခြင်းခံနေရတဲ့ အမျိုးသား (ရုပ်သံ)

Predator ဝတ်စုံနဲ့ Chopper ကို စီးနင်းခြင်းကြောင့် အရာရှိရဲများမှအစ လှုအများရဲ့ အာရုံစိုက်ခြင်းခံနေရတဲ့ အမျိုးသား (ရုပ်သံ)

ထိုင်းနိုင်ငံမှာ Mukdahan ပြည်နယ်ရှိ တကယ့်ကို လက်တွေ့ဆန်တဲ့ Predator ဝတ်စုံကို ဝတ်ပြီး လမ်းပေါ်မှာ ဂြိုလ်သားပုံစံနဲ့ chopper ကိုစီးနေသူတစ်ဦးရဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပြီးခဲ့တဲ့လက ပျံ့နှံ့သွားပါတယ်။ Samai Khammongkul အမည်ရှိ အမျိုးသားတစ်ဦးဟာဆိုရင်ဖြင့် ဘဝနှစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Charoen Pokphand ကုမ္ပဏီရဲ့ မန်နေဂျာတစ်ယောက်လည်းဖြစ်ပါတယ်။

သူ့ရဲ့ အားလပ်ချိန်တွေမှာ ထုံးစံအတိုင်း Predator ဝတ်စုံကို ဝတ်ဆင်ပြီး chopper ကိုစီးနင်ကာ လမ်းပေါ်တွေမှာ လျှောက်ပတ်ပြီးမောင်းနေတာပါ။ Khammongkul ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက Predator ပရိတ်သတ်တစ်ဦး ဖြစ်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ခြောက်နှစ်က သူ့ရဲ့ကိုယ်ပိုင်ဝတ်စုံ နဲ့ မော်တော်ဆိုင်ကယ်တွေကို အထူးပြုလုပ်ခဲ့တာပါ။

သူ့ရဲ့ဇာတိဖြစ်တဲ့ Mukdahan ပြည်နယ်ကို ပြန်ရောက်ကတည်းက သူ့ကို Predator လို့ လူသိများလာခဲ့ပါတယ်။ Khammongkul ဟာ Predator ဝတ်စုံကိုဝတ်ဆင်ထားပြီး ထူးထူးဆန်းဆန်းပုံသဏ္ဏာန် လှလှလေးများကို စီးနင်းသောကြောင့် ရဲတွေကို ဆွဲဆောင်ပြီးနောက် Samai Khammongkul ဟာ ပြီးခဲ့တဲ့ နှစ်က အမျိုးသားသတင်းခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရပါသေးတယ်။ Khammongkul ဟာ လက်တွေ့ကျတဲ့ Predator ဝတ်စုံကို ရာဘာ၊ အဝတ်အထည်၊ အမြှုပ် နဲ့ သတ္တုဖြင့် သုံးကာ ကိုယ်ထည်ကို ရက် ၄၀ မှ ၅၀ ကြား အချိန်ယူပြီး ပြုလုပ်ရတာပါ။ ထို့အပြင် သူဟာ သူ့ရဲ့တီထွင်မှုတွေကို Facebook ရှိ Predator ပရိသတ်များထံမှ ဘတ်ငွေ ၅၅၀၀၀ (ဒေါ်လာ ၁,၈၀၀) ဖြင့် ရောင်းချခဲ့ပါတယ်။

Khammongkul ဟာ သူ့ဇာတိဖြစ်တဲ့ Mukdahan ပြည်နယ်တစ်ဝိုက်စီးနင်းခြင်းဖြင့် အပြင်ကျပန်း သူစိမ်းတွေ နဲ့ ဓာတ်ပုံရိုက်ခြင်းများကို ပြုလုပ်ကြပါတယ်။ သူက လူတွေကိုပျော်ရွှင်အောင်လုပ်ရတာ နှစ်သက်တာကြောင့် သူစိမ်းတွေနဲ့ဓာတ်ပုံရိုက်လို့ရှိရင် ဝမ်းသာနေခဲ့ပါတယ်။

Zawgyi

Predator ဝတ္စုံနဲ႔ Chopper ကို စီးနင္းျခင္းေၾကာင့္ အရာရွိရဲမ်ားမွအစ လႈအမ်ားရဲ႕ အာ႐ုံစိုက္ျခင္းခံေနရတဲ့ အမ်ိဳးသား (႐ုပ္သံ)

ထိုင္းႏိုင္ငံမွာ Mukdahan ျပည္နယ္ရွိ တကယ့္ကို လက္ေတြ႕ဆန္တဲ့ Predator ဝတ္စုံကို ဝတ္ၿပီး လမ္းေပၚမွာ ၿဂိဳလ္သားပုံစံနဲ႔ chopper ကိုစီးေနသူတစ္ဦးရဲ႕ ဗီဒီယိုဟာ ဆိုရွယ္မီဒီယာမွာ ၿပီးခဲ့တဲ့လက ပ်ံ႕ႏွံ႔သြားပါတယ္။ Samai Khammongkul အမည္ရွိ အမ်ိဳးသားတစ္ဦးဟာဆိုရင္ျဖင့္ ဘဝႏွစ္ခုကို ပိုင္ဆိုင္ထားပါတယ္။ သူဟာ ထိုင္းႏိုင္ငံရဲ႕ အႀကီးဆုံးပုဂၢလိကကုမၸဏီျဖစ္ၿပီး ကမာၻ႔အႀကီးဆုံးလုပ္ငန္းစုႀကီးတစ္ခုျဖစ္တဲ့ Charoen Pokphand ကုမၸဏီရဲ႕ မန္ေနဂ်ာတစ္ေယာက္လည္းျဖစ္ပါတယ္။

သူ႔ရဲ႕ အားလပ္ခ်ိန္ေတြမွာ ထုံးစံအတိုင္း Predator ဝတ္စုံကို ဝတ္ဆင္ၿပီး chopper ကိုစီးနင္ကာ လမ္းေပၚေတြမွာ ေလွ်ာက္ပတ္ၿပီးေမာင္းေနတာပါ။ Khammongkul ဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ကတည္းက Predator ပရိတ္သတ္တစ္ဦး ျဖစ္ခဲ့ေပမဲ့လည္း ၿပီးခဲ့တဲ့ေျခာက္ႏွစ္က သူ႔ရဲ႕ကိုယ္ပိုင္ဝတ္စုံ နဲ႔ ေမာ္ေတာ္ဆိုင္ကယ္ေတြကို အထူးျပဳလုပ္ခဲ့တာပါ။

သူ႔ရဲ႕ဇာတိျဖစ္တဲ့ Mukdahan ျပည္နယ္ကို ျပန္ေရာက္ကတည္းက သူ႔ကို Predator လို႔ လူသိမ်ားလာခဲ့ပါတယ္။ Khammongkul ဟာ Predator ဝတ္စုံကိုဝတ္ဆင္ထားၿပီး ထူးထူးဆန္းဆန္းပုံသဏၰာန္ လွလွေလးမ်ားကို စီးနင္းေသာေၾကာင့္ ရဲေတြကို ဆြဲေဆာင္ၿပီးေနာက္ Samai Khammongkul ဟာ ၿပီးခဲ့တဲ့ ႏွစ္က အမ်ိဳးသားသတင္းေခါင္းႀကီးပိုင္းမွာ ေဖာ္ျပခံခဲ့ရပါေသးတယ္။ Khammongkul ဟာ လက္ေတြ႕က်တဲ့ Predator ဝတ္စုံကို ရာဘာ၊ အဝတ္အထည္၊ အျမႇဳပ္ နဲ႔ သတၱဳျဖင့္ သုံးကာ ကိုယ္ထည္ကို ရက္ ၄၀ မွ ၅၀ ၾကား အခ်ိန္ယူၿပီး ျပဳလုပ္ရတာပါ။ ထို႔အျပင္ သူဟာ သူ႔ရဲ႕တီထြင္မႈေတြကို Facebook ရွိ Predator ပရိသတ္မ်ားထံမွ ဘတ္ေငြ ၅၅၀၀၀ (ေဒၚလာ ၁,၈၀၀) ျဖင့္ ေရာင္းခ်ခဲ့ပါတယ္။

Khammongkul ဟာ သူ႔ဇာတိျဖစ္တဲ့ Mukdahan ျပည္နယ္တစ္ဝိုက္စီးနင္းျခင္းျဖင့္ အျပင္က်ပန္း သူစိမ္းေတြ နဲ႔ ဓာတ္ပုံ႐ိုက္ျခင္းမ်ားကို ျပဳလုပ္ၾကပါတယ္။ သူက လူေတြကိုေပ်ာ္႐ႊင္ေအာင္လုပ္ရတာ ႏွစ္သက္တာေၾကာင့္ သူစိမ္းေတြနဲ႔ဓာတ္ပုံ႐ိုက္လို႔ရွိရင္ ဝမ္းသာေနခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*