Online Market မှာ အိမ်မြောင်တွေကို ဈေးကောင်းပေးဝယ်နေကြသူများ

Online Market မှာ အိမ်မြောင်တွေကို ဈေးကောင်းပေးဝယ်နေကြသူများ

အချို့သောသူတွေက အိမ်မြောင်တွေကိုမြင်ရင် ကြောက်အားလန့်အားဖြစ်ပြီး ထွက်ပြေးကြပေမဲ့ ၊ အချို့သောသူတွေကတော့ အဆိုပါအိမ်မြောင်တွေနဲ့ သူဋ္ဌေးဖြစ်အောင် ကြိုးစားကြံစည်နေကြတာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံရဲ့ Facebook စာမျက်နှာပေါ်မှာ အိမ်မြောင် အလေးချိန် 1 kg ကို 300 ဘတ် (မြန်မာငွေ 1သောင်းခွဲခန့်) ပေးဝယ်နေတဲ့ အဖြစ်ဟာ အတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ် ။

အိမ်မြောင်တွေကို လိုက်ပြီးဝယ်ယူနေတဲ့ Lentivanon အမည်ရှိတဲ့ အသက် 35 နှစ်အရွယ်အမျိုးသားဟာ မိသားစုတစ်စုမှာ ဆိုင်ကယ်တစ်စီးသာရှိခဲ့တဲ့ ဆင်းရဲလွန်းတဲ့သူပါ ။ နိုင်ငံခြားမှာ 10 နှစ်ခန့်အလုပ်သွားရောက်လုပ်ကိုင်ခဲ့ပေမဲ့ နေရပ်သာပြန်ပြီး အလုပ်ရှာလုပ်ဖို့ စီစဉ်ခဲ့သူပါ ။ သို့ပေမဲ့လည်း ကူးစက်ရောဂါအခြေအနေတွေကြောင့် အစီအစဉ်တွေကဖြစ်မလာဘဲ အခြေအနေတွေ ပိုဆိုးဝါးလာခဲ့ပါတယ် ။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံသား သူငယ်ချင်းတစ်ဦးနဲ့ စကားပြောကြရင်း တရုတ်နိုင်ငံကို အခြောက်လှန်းထားတဲ့အိမ်မြောင်တွေ တင်ပို့ရောင်းချဖို့ Lentivanon ကို အကြံပေးခဲ့ပါတယ် ။ အဲ့ကနေစပြီး Lentivanon ဟာ အိမ်မြောင်ခြောက်တွေကို လိုက်လံဝယ်ယူခဲ့တဲ့အပြင် ၊ အိမ်မြောင်တွေကို အခြောက်ခံတဲ့အလုပ်မျိုးပါ လုပ်ကိုင်ခဲ့ပါတယ် ။

နောက်ပိုင်းစီးပွားရေး အဆင်ပြေလာတော့ Facebook page ထောင်ပြီး အိမ်မြောင်အရှင်လတ်လတ် နဲ့ အိမ်မြောင်ခြောက်တွေကို ဈေးသတ်မှတ်ပြီး သွင်သွင်ကျယ်ကျယ်ဝယ်ယူခဲ့ပါတယ် ။ အဆိုပါအိမ်မြောင်ခြောက်တွေကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချပြီး ၊ ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုကြောင်း သိရှိရပါတယ် ။

Zawgyi

Online Market မွာ အိမ္ေျမာင္ေတြကို ေဈးေကာင္းေပးဝယ္ေနၾကသူမ်ား


အခ်ိဳ႕ေသာသူေတြက အိမ္ေျမာင္ေတြကိုျမင္ရင္ ေၾကာက္အားလန႔္အားျဖစ္ၿပီး ထြက္ေျပးၾကေပမဲ့ ၊ အခ်ိဳ႕ေသာသူေတြကေတာ့ အဆိုပါအိမ္ေျမာင္ေတြနဲ႔ သူေ႒းျဖစ္ေအာင္ ႀကိဳးစားႀကံစည္ေနၾကတာပါ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံရဲ႕ Facebook စာမ်က္ႏွာေပၚမွာ အိမ္ေျမာင္ အေလးခ်ိန္ 1 kg ကို 300 ဘတ္ (ျမန္မာေငြ 1ေသာင္းခြဲခန႔္) ေပးဝယ္ေနတဲ့ အျဖစ္ဟာ အေတာ္ေလးကိုပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္ ။

အိမ္ေျမာင္ေတြကို လိုက္ၿပီးဝယ္ယူေနတဲ့ Lentivanon အမည္ရွိတဲ့ အသက္ 35 ႏွစ္အ႐ြယ္အမ်ိဳးသားဟာ မိသားစုတစ္စုမွာ ဆိုင္ကယ္တစ္စီးသာရွိခဲ့တဲ့ ဆင္းရဲလြန္းတဲ့သူပါ ။ ႏိုင္ငံျခားမွာ 10 ႏွစ္ခန႔္အလုပ္သြားေရာက္လုပ္ကိုင္ခဲ့ေပမဲ့ ေနရပ္သာျပန္ၿပီး အလုပ္ရွာလုပ္ဖို႔ စီစဥ္ခဲ့သူပါ ။ သို႔ေပမဲ့လည္း ကူးစက္ေရာဂါအေျခအေနေတြေၾကာင့္ အစီအစဥ္ေတြကျဖစ္မလာဘဲ အေျခအေနေတြ ပိုဆိုးဝါးလာခဲ့ပါတယ္ ။

ထို႔ေနာက္ အင္ဒိုနီးရွားႏိုင္ငံသား သူငယ္ခ်င္းတစ္ဦးနဲ႔ စကားေျပာၾကရင္း တ႐ုတ္ႏိုင္ငံကို အေျခာက္လွန္းထားတဲ့အိမ္ေျမာင္ေတြ တင္ပို႔ေရာင္းခ်ဖို႔ Lentivanon ကို အႀကံေပးခဲ့ပါတယ္ ။ အဲ့ကေနစၿပီး Lentivanon ဟာ အိမ္ေျမာင္ေျခာက္ေတြကို လိုက္လံဝယ္ယူခဲ့တဲ့အျပင္ ၊ အိမ္ေျမာင္ေတြကို အေျခာက္ခံတဲ့အလုပ္မ်ိဳးပါ လုပ္ကိုင္ခဲ့ပါတယ္ ။

ေနာက္ပိုင္းစီးပြားေရး အဆင္ေျပလာေတာ့ Facebook page ေထာင္ၿပီး အိမ္ေျမာင္အရွင္လတ္လတ္ နဲ႔ အိမ္ေျမာင္ေျခာက္ေတြကို ေဈးသတ္မွတ္ၿပီး သြင္သြင္က်ယ္က်ယ္ဝယ္ယူခဲ့ပါတယ္ ။ အဆိုပါအိမ္ေျမာင္ေျခာက္ေတြကို တ႐ုတ္ႏိုင္ငံေဈးကြက္သို႔ တင္ပို႔ေရာင္းခ်ၿပီး ၊ ေဆးဝါးေဖာ္စပ္ရာမွာ အသုံးျပဳေၾကာင္း သိရွိရပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*