
Online class အတွက် အင်တာနက်အသုံးပြုနိုင်ဖို့ နေ့တိုင်း တောင်ပေါ်တက်နေရတဲ့ မောင်နှမတွေ
မလေးရှားနိုင်ငံ Sabah ပြည်နယ် Ranau မြို့အနီးရှိ Kampung Gana မှာ နေထိုင်တဲ့ မောင်နှမသုံးဦးဟာ သူတို့ရဲ့ online class အတွက် အင်တာနက်အသုံးပြုနိုင်ဖို့ နေ့တိုင်း တောင်ပေါ်တက်နေရပါတယ်။ Berita Harian သတင်းအရ အသက် ၁၂နှစ်အရွယ် Joshua Emmanuel Jeffery ၊ ၉နှစ်အရွယ် Jordon Emmanuel နှင့် ၈နှစ်အရွယ် Joshean Emmanuel Jeffery တို့မောင်နှမဟာ နေ့တိုင်း မနက် ၈:၃၀ ကစပြီး မီတာ ၅၀၀ ခန့်ရှိတဲ့ အဖွားဖြစ်သူရဲ့အိမ်နောက်ဘက်က တောင်ပေါ်ရှိတည်နေရာတစ်ခုကို ရောက်ရှိရန် ၁၀ မိနစ်ကြာ အချိန်ယူကြရပါတယ်။
သို့ပေမဲ့ အင်္ဂလိပ်နှင့်တရုတ်အမျိုးသားကျောင်း (C) မှ ခြောက်တန်းကျောင်းသားဖြစ်သလို မောင်နှမတွေထဲမှ အကြီးဆုံးဖြစ်တဲ့ Joshua က ၎င်းအတွေ့အကြုံကို စိတ်လှုပ်ရှားနေဆဲဖြစ်ကြောင်းနှင့် သူ့နှင့်အငယ်လေးတွေက online မှာ ဆရာနှင့်အတူ ၃နာရီကြာစာသင်ဖို့ သို့မဟုတ် practice လုပ်ဖို့ တောင်တက်ရမည်ဖြစ်ကြောင်း ဆိုပါတယ်။
အဖေဖြစ်သူက တောင်ပေါ်မှာ စာသင်လို့ရမဲ့ နေရာလုပ်ပေးလိုက်လို့ အခုလို အခြေအနေဖြစ်လာကြောင်း ဆိုခဲ့ပါသေးတယ်။အသက် ၄၁နှစ်အရွယ် အဖေဖြစ်သူ Jeffery Joseph ကလည်း ၎င်းနေရာကို ပြီးခဲ့တဲ့ ၁၅ရက်နေ့ကမှ ၂၀၂၁ စာသင်နှစ်ပြန်စတဲ့အချိန်က သားဖြစ်သူတွေ online class တက်နိုင်ဖို့ အင်တာနက်လိုင်းမိတဲ့နေရာရှာပေးပြီး စာသင်နိုင်မဲ့ နေရာဖန်တီးပေးခဲ့ကြောင်း ဆိုပါတယ်။
Jeffery တို့မိသားစုဟာ ယခင်က Kota Kinabalu မြို့မှာ နေပေမဲ့ ကလေးတွေက ယခုနေရာမှာ နေရတာပိုအဆင်ပြေလို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ၎င်းကို ပြန်ပြောင်းလာခဲ့ကြတာပါ။၎င်းရွာမှာ တယ်လီဖုန်းဆက်သွယ်ရေးပြဿနာတွေရှိနေတာကြာခဲ့ပြီဖြစ်ပြီး အကယ်လို့ ဖုန်းခေါ်ချင်ရင် သို့မဟုတ် အင်တာနက်သုံးချင်ရင်တော့ ရွာမှာ ပိုက်ဆံပေးသုံးရတဲ့ နေရာအချို့မှာဘဲ ရှိပါတယ်။
ထို့ကြောင့် အဖေဖြစ်သူက ကလေးတွေ online class တက်ဖို့ လိုအပ်လာတဲ့အခါ သူတို့တွေ ဝေးဝေးလမ်းမလျှောက်ရစေဖို့ အဖွားဖြစ်သူရဲ့အိမ်နောက်ရှိ တောင်ပေါ်က ရာဘာစိုက်ခင်းဟောင်းတစ်နေရာမှာဘဲ အင်တာနက်လိုင်းမိတာကြောင့် ၎င်းမှာ စခန်းချပေးပြီး အခုလို စီစဉ်ပေးခဲ့ပါတယ်။ကျောင်းဆရာတစ်ဦးလည်းဖြစ်တဲ့ Jeffery က သူ့ကလေးတွေ အေးဆေးစာသင်နိုင်ဖို့ ၎င်းနေရာရဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာ သန့်ရှင်းရေးလုပ်ပေးပြီး ဝါးကုလားထိုင်နှင့် စာသင်စားပွခုံပါ ဆောက်လုပ်ပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။
Jeffery ရဲ့ကလေးတွေက ၂၀၂၁ ခုနှစ်ရဲ့ စာသင်နှစ်ကို မပျင်းမရိဘဲ စာပြန်သင်နိုင်ဖို့ နေ့တိုင်းတောင်တက်နေကြတာကိုတော့ ချီးကျူးမိပါတယ်။ကျွန်တော်တို့ဆီမှာလည်း သူတို့လို စာပြန်သင်ဖို့ စိတ်အားထက်သန်နေတဲ့ ကလေးတွေလည်း အများကြီးရှိနေမှာပါ။အထူးသဖြင့် ကျောင်းသားအများစုဟာ လှုပ်ရှားမှု ထိန်းချုပ်ရေးအမိန့် (MCO)အတွင်း အိမ်မှာဘဲနေရတဲ့အခါ မလေးရှားအာဏာပိုင်များက ၎င်းကိစ္စကို လေ့လာပြီး အင်တာနက်လိုင်းမရှိသေးတဲ့နေရာတွေကိုလည်း ပြန်လည်ပြုပြင်ပေးလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
Leave a Reply