Online ပေါ်မှာ ၁သိန်းကျော်တန် ကလေးစီးဆိုင်ကယ်ကို ကိုယ်တိုင်မှာယူခဲ့တဲ့ ၃ နှစ်အရွယ်သားဖြစ်သူကြောင့် သွေးတက်သွားခဲ့ရတဲ့ မိခင်

Online ပေါ်မှာ ၁သိန်းကျော်တန် ကလေးစီးဆိုင်ကယ်ကို ကိုယ်တိုင်မှာယူခဲ့တဲ့ ၃ နှစ်အရွယ်သားဖြစ်သူကြောင့် သွေးတက်သွားခဲ့ရတဲ့ မိခင်

ယနေ့ခေတ်မှာ အွန်လိုင်းဈေးဝယ်ခြင်းက အလွန်ရေပန်းစားပါတယ်။ ဖိလစ်ပိုင်နိုင်ငံ Bohol ပြည်နယ်မှ Len အမည်ရှိအမျိုးသမီးတစ်ဦးဟာ အသက် ၃ နှစ်အရွယ် Nathan Pana အမည်ရှိသူမသားဖြစ်သူက အွန်လိုင်းရှော့ပင်းမှ ပီဆို ၄၀၀၀ ( ၁သိန်း ၄သောင်းကျော် )တန်ဖိုးရှိတဲ့ဆိုင်ကယ်အရုပ်တစ်ခုကိုမှာယူခဲ့တာကို အံ့အားသင့်သွားခဲ့ရပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ တူဖြစ်သူ Nathan က လာမည့်ခရစ္စမတ်အတွက် Shopee မှ ပစ္စည်းမှာယူရန် “ မေမေ ကျွန်တော် Shopee ကနေ ပစ္စည်းမှာယူမယ်နော် ” လို့ အိမ်အလှဆင်ရန်အလုပ်များနေတဲ့သူ့မိခင်အား မေးခဲ့တယ် လို့ Nathan ရဲ့ဦးလေးဖြစ်သူက ပြောကြားခဲ့ပါတယ်။“ အဲ့နေ့က ကျွန်မကလည်း အိမ်အလှဆင်ဖို့ အလုပ်များနေတာကြောင့် သားဖြစ်သူပြောတဲ့စကားကို အလေးအနက်မထားမိသလို အွန်လိုင်းဈေးဝယ်နည်းဖြင့် မှာယူနည်းကို ကလေးက မသိပါဘူးလို့လည်း တွေးနေခဲ့တယ်၊

နောက်ပြီး ဒီဇင်ဘာလ 20 ရက်နေ့မှာတော့ ကျွန်မဆီကို အမှာစာတင်ထားကြောင်း အကြောင်းကြားစာပေးပို့တဲ့ယာဉ်မောင်းထံမှ ဖုန်းဆက်လာခဲ့ပေမဲ့ ပို့ဆောင်သူထံမှ ကျွန်မရရှိတဲ့မက်ဆေ့ချ်က မှားယွင်းနေတယ်လို့ အစပိုင်းမှာထင်ခဲ့တဲ့အပြင် ကျွန်မ အွန်လိုင်းဈေးဝယ်မှုတစ်စုံတစ်ရာကိုမမှာယူခဲ့ဘူးလို့ဆိုပြီး အဲ့ဒီအမှာစာကို လျစ်လျူရှုထားခဲ့ပါတယ် “ လို့ မိခင် Len က ပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ ပစ္စည်းပို့ဆောင်သူက အထုပ်ကြီးကြီးဖြင့် သူမတို့အိမ်ရှေ့သို့ရောက်ချလာတဲ့အခါမှာ Len ဟာ သားဖြစ်သူ Nathan က သူမရဲ့မိုဘိုင်းလ်ဖုန်းကို အမှန်တကယ် အသုံးပြုနေခဲ့ကြောင်းကို သူမ အသေအချာ သဘောပေါက်ခဲ့သွားခဲ့ရပါတယ်။ တကယ်လည်း သားဖြစ်သူဟာ ပီဆို ၄၀၀၀ တန်ဖိုးရှိတဲ့ အားပြန်သွင်းနိုင်တဲ့ အရုပ်ဆိုင်ကယ်တစ်စီးကိုမှာယူခဲ့တာဘဲဖြစ်ပါတယ်။

ထို့ပြင် Nathan ရဲ့ဦးလေးဖြစ်သူက သူ့အမေက Shopee မှ ပစ္စည်းမှာယူတဲ့အခါတိုင်း Nathan က အမြဲစောင့်ကြည့်နေပေမဲ့လည်း ထိုနေရာကနေ ပစ္စည်းမှာယူနည်းကို သင်ယူနိုင်လိမ့်မယ်လို့မထင်ထားကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ထို့နောက် Len က ထိုအမှာစာအား ဖျက်သိမ်းရန်ကြိုးစားခဲ့ပေမဲ့လည်း ပို့ဆောင်သူက အရုပ်သေတ္တာကြီးများကိုပို့ဆောင်ရာမှာ အခက်အခဲရှိနေတာကြောင့် သူမအား အမှာစာမဖျက်ပစ်ရန်တောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးမှာ Nathan ရဲ့မိသားစုတစ်စုလုံးက ပီဆိုလေးထောင်ကျော်ရှိတဲ့ Nathan ရဲ့အမှာစာပစ္စည်းအတွက် ငွေပေးဆောင်ရုံမှတပါး ဘာမှမတတ်နိုင်တာကြောင့် ခရစ္စမတ်ပွဲအပြင်အဆင်အတွက် စုထားခဲ့တဲ့၎င်းတို့ရဲ့အပိုငွေများဖြင့် Nathan အတွက် ငွေရှင်းပေးလိုက်ရပါတယ်။

Zawgyi

Online ေပၚမွာ ၁သိန္းေက်ာ္တန္ ကေလးစီးဆိုင္ကယ္ကို ကိုယ္တိုင္မွာယူခဲ့တဲ့ ၃ ႏွစ္အ႐ြယ္သားျဖစ္သူေၾကာင့္ ေသြးတက္သြားခဲ့ရတဲ့ မိခင္

ယေန႔ေခတ္မွာ အြန္လိုင္းေဈးဝယ္ျခင္းက အလြန္ေရပန္းစားပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံ Bohol ျပည္နယ္မွ Len အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ အသက္ ၃ ႏွစ္အ႐ြယ္ Nathan Pana အမည္ရွိသူမသားျဖစ္သူက အြန္လိုင္းေရွာ့ပင္းမွ ပီဆို ၄၀၀၀ ( ၁သိန္း ၄ေသာင္းေက်ာ္ )တန္ဖိုးရွိတဲ့ဆိုင္ကယ္အ႐ုပ္တစ္ခုကိုမွာယူခဲ့တာကို အံ့အားသင့္သြားခဲ့ရပါတယ္။

ဒီဇင္ဘာ ၈ ရက္ေန႔မွာ တူျဖစ္သူ Nathan က လာမည့္ခရစၥမတ္အတြက္ Shopee မွ ပစၥည္းမွာယူရန္ “ ေမေမ ကြၽန္ေတာ္ Shopee ကေန ပစၥည္းမွာယူမယ္ေနာ္ ” လို႔ အိမ္အလွဆင္ရန္အလုပ္မ်ားေနတဲ့သူ႔မိခင္အား ေမးခဲ့တယ္ လို႔ Nathan ရဲ႕ဦးေလးျဖစ္သူက ေျပာၾကားခဲ့ပါတယ္။“ အဲ့ေန႔က ကြၽန္မကလည္း အိမ္အလွဆင္ဖို႔ အလုပ္မ်ားေနတာေၾကာင့္ သားျဖစ္သူေျပာတဲ့စကားကို အေလးအနက္မထားမိသလို အြန္လိုင္းေဈးဝယ္နည္းျဖင့္ မွာယူနည္းကို ကေလးက မသိပါဘူးလို႔လည္း ေတြးေနခဲ့တယ္၊

ေနာက္ၿပီး ဒီဇင္ဘာလ 20 ရက္ေန႔မွာေတာ့ ကြၽန္မဆီကို အမွာစာတင္ထားေၾကာင္း အေၾကာင္းၾကားစာေပးပို႔တဲ့ယာဥ္ေမာင္းထံမွ ဖုန္းဆက္လာခဲ့ေပမဲ့ ပို႔ေဆာင္သူထံမွ ကြၽန္မရရွိတဲ့မက္ေဆ့ခ်္က မွားယြင္းေနတယ္လို႔ အစပိုင္းမွာထင္ခဲ့တဲ့အျပင္ ကြၽန္မ အြန္လိုင္းေဈးဝယ္မႈတစ္စုံတစ္ရာကိုမမွာယူခဲ့ဘူးလို႔ဆိုၿပီး အဲ့ဒီအမွာစာကို လ်စ္လ်ဴရႈထားခဲ့ပါတယ္ “ လို႔ မိခင္ Len က ေျပာၾကားခဲ့ပါတယ္။

သို႔ေပမဲ့ ပစၥည္းပို႔ေဆာင္သူက အထုပ္ႀကီးႀကီးျဖင့္ သူမတို႔အိမ္ေရွ႕သို႔ေရာက္ခ်လာတဲ့အခါမွာ Len ဟာ သားျဖစ္သူ Nathan က သူမရဲ႕မိုဘိုင္းလ္ဖုန္းကို အမွန္တကယ္ အသုံးျပဳေနခဲ့ေၾကာင္းကို သူမ အေသအခ်ာ သေဘာေပါက္ခဲ့သြားခဲ့ရပါတယ္။ တကယ္လည္း သားျဖစ္သူဟာ ပီဆို ၄၀၀၀ တန္ဖိုးရွိတဲ့ အားျပန္သြင္းႏိုင္တဲ့ အ႐ုပ္ဆိုင္ကယ္တစ္စီးကိုမွာယူခဲ့တာဘဲျဖစ္ပါတယ္။

ထို႔ျပင္ Nathan ရဲ႕ဦးေလးျဖစ္သူက သူ႔အေမက Shopee မွ ပစၥည္းမွာယူတဲ့အခါတိုင္း Nathan က အၿမဲေစာင့္ၾကည့္ေနေပမဲ့လည္း ထိုေနရာကေန ပစၥည္းမွာယူနည္းကို သင္ယူႏိုင္လိမ့္မယ္လို႔မထင္ထားေၾကာင္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ထို႔ေနာက္ Len က ထိုအမွာစာအား ဖ်က္သိမ္းရန္ႀကိဳးစားခဲ့ေပမဲ့လည္း ပို႔ေဆာင္သူက အ႐ုပ္ေသတၱာႀကီးမ်ားကိုပို႔ေဆာင္ရာမွာ အခက္အခဲရွိေနတာေၾကာင့္ သူမအား အမွာစာမဖ်က္ပစ္ရန္ေတာင္းဆိုခဲ့ပါတယ္။

ေနာက္ဆုံးမွာ Nathan ရဲ႕မိသားစုတစ္စုလုံးက ပီဆိုေလးေထာင္ေက်ာ္ရွိတဲ့ Nathan ရဲ႕အမွာစာပစၥည္းအတြက္ ေငြေပးေဆာင္႐ုံမွတပါး ဘာမွမတတ္ႏိုင္တာေၾကာင့္ ခရစၥမတ္ပြဲအျပင္အဆင္အတြက္ စုထားခဲ့တဲ့၎တို႔ရဲ႕အပိုေငြမ်ားျဖင့္ Nathan အတြက္ ေငြရွင္းေပးလိုက္ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*