Online ပေါ်က crush ကို သွားတွေ့ဖို့အတွက် အဖေဖြစ်သူရဲ့ဆိုင်ကယ်ကို ခိုးရောင်းပစ်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး(ရုပ်သံ)

ကျွန်တော်တို့အားလုံးဟာ တစ်စုံတစ်ယောက်ကို သဘောကျမိသွားတဲ့အခါ ကျွန်တော်တို့ရဲ့မငြမ်မသက်ဖြစ်သွားတဲ့စိတ်နှလုံးသားကြောင့် မဆင်မခြင်ပြုမူသွားတတ်ကြတာက ပုံမှန်ဖြစ်စဉ်တစ်ခုလိုပါဘဲ။

ခုလည်း Jambi မြို့ရှိ အင်ဒိုနီးရှားဆယ်ကျော်သက်အမျိုးသမီးတစ်ဦးဟာ ၎င်းကဲ့သို့သော ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပြီးနောက် ဖခင်ဖြစ်သူရဲ့မော်တော်ဆိုင်ကယ်ကို အမေရိကန် ဒေါ်လာ ၁,၄၀၆ ဖြင့် ခိုးရောင်းခဲ့ပါတယ်။သူမဟာ Free Fire online game မှာ တွေ့ခဲ့ပြီး ဂျာကာတာမှာရှိတဲ့ သူမရဲ့crush ကို သွားတွေ့နိုင်ရန် ၎င်းငွေများဖြင့် လေယာဉ်လက်မှတ်ဖြတ်ခဲ့ပါတယ်။

Tribun News ရဲ့သတင်းအရ သူမရဲ့crush ဟာ သူမနဲ့မတွေ့ချင်ကြောင်း ဆိုခဲ့ပါတယ်။ထို့နောက် မကြာသေးခင်ကဘဲ လေဆိပ်မှာ တစ်ကိုယ်တည်း လှည့်ပတ်သွားနေတဲ့ အဆိုပါဆယ်ကျော်သက်ရဲ့ဗီဒီယိုဟာ social media ပေါ်သို့ ပျံ့နှံ့သွားခဲ့ပါတယ်။ Instagram ရှိ ဗွီဒီယိုတစ်ခုအရ အဆိုပါဆယ်ကျော်သက်ဟာ သူမ၏ဇာတ်ကြောင်းကို လေဆိပ်အရောင်းဆိုင်စာရေးမတစ်ဦးထံသို့ မျက်ရည်များနှင့်အတူ ရှင်းပြနေခဲ့ပါတယ်။

ကြေကွဲဖွယ်အဖြစ်အပျက်ကို တွေ့မြင်ခဲ့ရပြီးနောက် အရောင်းစာရေးမသည် သူမရဲ့လက်မောင်းကိုချက်ချင်းဆန့်ကာ အဆိုပါဆယ်ကျော်သက်ကို နှစ်သိမ့်ပေးခဲ့ပါတယ်။ထို့ပြင် လေယာဉ်ဝန်ထမ်းများကလည်း ဆယ်ကျော်သက်အရွယ်သာရှိပြီး အုပ်ထိန်းသူမပါဘဲ လှည့်လည်သွားလာနေသည့် သူမအား သတိပြုမိခဲ့သောကြောင့် အစပိုင်းတွင်လည်း ထိုအခြေအနေနှင့် ပတ်သက်၍ သံသယဖြစ်ခဲ့ကြပါသေးတယ်။

ကံကောင်းတာက၊ အဆိုပါဆယ်ကျော်သက်လေးရဲ့မိဘတွေက လေဆိပ်ကိုပြေးထွက်သွားပြီးဆုံးဖြတ်ချက်ချထားတဲ့သမီးဖြစ်သူအား ဂျာကာတာသို့ မသွားနိုင်အောင် အမြန်ဆုံးတားဆီးနိုင်ခဲ့ပါတယ်။ဟုတ်ပါတယ် ၊ ကျွန်တော်တို့အားလုံးဟာ အချစ်နွံနစ်သွားခဲ့ရင်း ပြန်ရုန်းထွက်ဖို့ သိပ်ခက်ခဲလှတာ အမှန်ပါဘဲ။သို့ပေမဲ့ ၎င်းကဲ့သို့သော အဖြစ်မျိုးနဲ့ ကြုံလာရင်တော့ အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင် ထားပြီး အေးအေအးဆေးဆေး ဆုံးဖြတ်သင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*