Monopoly set ပေါင်း 3000 ကျော်ကိုပိုင်ဆိုင်ထားပေမဲ့ ဂိမ်းဆော့ရတာမကြိုက်တဲ့ အမျိုးသား

Monopoly set ပေါင်း 3000 ကျော်ကိုပိုင်ဆိုင်ထားပေမဲ့ ဂိမ်းဆော့ရတာမကြိုက်တဲ့ အမျိုးသား

အသက် ၅၁ နှစ်အရွယ် Neil Scallan အမည်ရှိအမျိုးသားဟာ Monopoly အစုံများစုဆောင်းခြင်းကိုကြိုက်နှစ်သက်ပါတယ်။အဆိုပါဝါသနာကို ၂၀၀၅ ခုနှစ် နယူးဇီလန်ခရီးစဉ်အတွင်း ဒေသခံထုတ်ဝေမှုကိုအမှတ်တရလက်ဆောင်ပစ္စည်းအဖြစ်ဝယ်ယူခဲ့စဉ်က စတင်ခဲ့တာဖြစ်ကြောင်း Neil က ပြောကြားခဲ့ပါတယ်။

”နယူးဇီလန်က မြို့ကြီးတွေအားလုံးမှာ ငါတွေ့ခဲ့တဲ့ Monopoly အစုံအားလုံးကိုဝယ်ခဲ့တဲ့အပြင် ငါသွားခဲ့တဲ့ ခရီးစဉ်တိုင်းမှာလည်း Monopoly အစုံလိုက်ကို အိမ်ကို သယ်ပြန်ခဲ့တယ်၊ မိသားစုဝင်တွေကလည်း ငါ့ရဲ့ဝါသနာကို လိုက်ပြီး အတူတူ ပြုလုပ်ပေးခဲ့ကြတယ်၊ ဆယ်စုနှစ်နှစ်ခုနီးပါးအကြာ ကမ္ဘာတစ်ဝှမ်းမှ သူစိမ်းတွေက ငါ့မှာမရှိသေးတဲ့ limited edition တွေကို ရောင်းချပေးခဲ့ကြတယ် “ လို့ Neil က ပြောခဲ့ပါတယ်။

 

ဒါက Neil ရဲ့အစပြုပုံဖြစ်ပြီး လက်ရှိမှာ Neil ဟာ ကွဲပြားခြားနားတဲ့ Monopoly အစုံ 3,029 ကို ပိုင်ဆိုင်တဲ့ပိုင်ရှင်တစ်ဦးဖြစ်နေပါပြီ။ Neil ဟာ သူစုဆောင်းမှုအတွက် ဒေါ်လာ ၂၀၃,၈၂၈ ( သိန်း ၂၇၀၀ ကျော်)ကို သုံးစွဲခဲ့ပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ မှာ Guinness က Neilကို ကမ္ဘာ့အကြီးဆုံး Monopoly စုဆောင်းမှုသူအဖြစ် အသိအမှတ်ပြုပေးခဲ့ပါတယ်။သို့ပေမဲ့ Neil ဟာ စုဆောင်းရတာကိုကြိုက်နှစ်သက်ပေမယ့် Monopoly ကစားရတာကိုမကြိုက်ပါဘူး။Neil က Monopoly ကစားခဲ့တဲ့နောက်ဆုံးအချိန်ကိုတောင် ကျွန်တော်မမှတ်မိဘူးလို့ဆိုပါတယ်။

Monopoly set အသစ်တွေကို လုံးလုံး ဖောက်ပြီးဖွင့်မကြည့်ရသေးတာ ၈၀ ရာခိုင်နှုန်းလောက်ရှိသေးတယ်လို့ Neil က ဆိုပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*