Maskမပါလျှင် ကုန်တိုက်ထဲသို့ ပေးမဝင်ဘူးဟု ဆိုထားသောကြောင့် ဖိနပ်ကို maskအဖြစ် အသုံးပြုပြီး ကုန်တိုက်ထဲဝင်ပြီး ဈေးဝယ်နေခဲ့သည့်ကောင်လေး

Maskမပါလျှင် ကုန်တိုက်ထဲသို့ ပေးမဝင်ဘူးဟု ဆိုထားသောကြောင့် ဖိနပ်ကို maskအဖြစ် အသုံးပြုပြီး ကုန်တိုက်ထဲဝင်ပြီး စျေးဝယ်နေခဲ့သည့်ကောင်လေး

၂၁ရာစု၏ ကပ်ရောဂါကြောင့် လည်ပတ်နေသော လူသားတို့၏ ကမ္ဘာကြီးပင် ခေတ္တမျှ ရပ်တံသွားခဲ့ကြရသည်။ထိုသို့ကြောက်မက်ဖွယ်ကောင်းလှသော ကပ်ရောဂါကြီးကြောင့် နိုင်ငံအသီးသီးဟာ ဥပဒေအမျိုးမျိုးကို ထုတ်ပြန်ကြေညာပြီး တားမြစ်မှုနှင့် လိုက်နာရန် အမိန့်များကို ပြုလုပ်လျက်ရှိနေပေသည်။

ယလုအချိန်ထိပင် ကပ်ရောဂါကြီးကို လူသားများဟာ အနိုင်ယူနိုင်ခြင်းမရှိသေးဘဲ ကြိုးစားကာ တိုက်ထုတ်နေရဆဲဖြစ်သည်။ထို့ကြောင့် ထိုင်ဝမ်နိုင်ငံဟာလည်း စည်းကမ်းများကိုတင်းကြပ်ပြီး လူသားများအား သွားလာခွင့်ပြုထားပြီဖြစ်ပေသည်။

ကုန်တိုက်များတွင်လည်း maskတပ်ဆင်ခြင်းမရှိဘဲ စျေးဝယ်ခွင့်မပြုဘဲ တင်းကြပ်ထားသည်။ထို့ကြောင့် လူငယ်တစ်ဦးဟာ ကုန်တိုက်တွင်စျေးဝယ်ရန် လာရောက်ခဲ့သော်လည်း maskမပါသောကြောင့် အထဲဝင်မရဖြစ်နေခဲ့သည်။

လူငယ်ဟာ စျေးဝယ်နိုင်ရန်အတွက် ဖိနပ်ကို ချွတ်ပြီး maskအဖြစ်အသုံးပြုသွားခဲ့ပါတယ်။အခြားသူများကတော့ ကောင်လေးကိုကြည့်ပြီး ပန်ချင်စိတ်ဖြစ်လာမှာသေချာပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*