Live Stream လုပ်နေရင်းမတော်တဆ အိပ်မောကျသွားခဲ့လို့ အရင်video တွေထက် ငွေပိုရှာနိုင်ခဲ့တဲ့ Influencer

Live Stream လုပ်နေရင်းမတော်တဆ အိပ်မောကျသွားခဲ့လို့ အရင်video တွေထက် ငွေပိုရှာနိုင်ခဲ့တဲ့ Influencer

ထိုင်ဝမ်သူ Influencer တစ်ဦးဟာ ကင်မရာဖွင့်ထားရင်း မတော်တဆအိပ်မောကျသွားခဲ့လို့ အင်တာနက်ပေါ်မှာ လူပြောများနေလျက်ရှိပါတယ် ။ ဒါ့အပြင် သူမဟာ အဆိုပါညက ပိုက်ဆံ NT$2,000 ခန့် ရှာဖွေနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ် ။

ET အမည်ရှိတဲ့အဆိုပါမိန်းကလေးဟာ အရင်ချိန်တုန်းကတော့ မလေးရှားgirl group ဖြစ်တဲ့ AMOi-AMOi အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ live-stream industry လောကမှာ ကျင်လည်နေခဲ့သူပါ ။ သူမဟာ ပလပ်စတစ်ဆာဂျရီပြုပြင်ထားသူအဖြစ် ရိုးသားပွင့်လင်းစွာဝန်ခံခဲ့ပြီး ကိုယ်တိုင်နာမည်ကောင်းရယူထားနိုင်သူဖြစ်ကာ follower အတော်များများကိုလည်း ရရှိထားသူပါ ။ သူမရဲ့ ပွင့်လင်းတဲ့ပုံစံကြောင့် social media ပေါ်မှာ brand အတော်များများနဲ့ အလုပ်လုပ်ကိုင်ထားနိုင်သူပါ ။

သူမရဲ့အားအင်စိုက်ထုတ်မှုမပါဘဲ အဆိုပါညက အိပ်မောကျသွားခဲ့တဲ့ live-stream ကို ကြည့်ရှုသူပေါင်း 11,000 ခန့်ရှိခဲ့လို့ အိပ်မောကျတာတောင် ဝင်ငွေရနေခဲ့တဲ့သူမရဲ့အဖြစ်ကို လူအတော်များများက အားကျနေကြလျက်ရှိပါတယ် ။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*