Lamborghini superကားနောက်ကို စက်ဘီးဖြင့်ရအောင်လိုက်ဖမ်းခဲ့တဲ့ ကင်းလှည့်ယာဉ်ထိန်းရဲ

ဂျပန်Anime တွေထဲက အဖြစ်အပျက်တွေလို ဂျပန်နိုင်ငံရှိ ကင်းလှည့်ယာဉ်ထိန်းရဲတစ်ဦးဟာ Lamborghini ကားထဲက ယာဉ်မောင်းသူကို စက်ဘီးဖြင့်လိုက်ဖမ်းခဲ့ပြီးနောက် အဆိုပါsuper ကားထဲကယာဉ်မောင်းကိုတားမြစ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဂျပန်နိုင်ငံ လမ်းဆုံလမ်းခွတစ်ခုမှာ Lamborghini Huracán ကားတစ်စီး ဥပဒေကိုဆန့်ကျင်ကာ မြို့ထဲလှည့်လည်မောင်းနှင်နေတဲ့ ဗီဒီယိုကို ဒီလအစောပိုင်းလောက်က YouTubeမှာ ပျံ့နှံ့သွားခဲ့ကြောင်း SoraNews24သတင်းအရသိရပါတယ်။

အချက်ပြမီးကိုဖွင့်ထားတဲ့ Supercar ယာဉ်မောင်းသူဟာ အခြားတစ်ဖက်ကိုဘေးကင်းကင်းနဲ့ဖြတ်ဖို့ လမ်းဖြတ်ကူးသူတွေကို စိတ်ရှည်စွာစောင့်နေခဲ့ပါတယ်။လူရှင်းသွားတော့ ယာဉ်မောင်းသူက သူ့ကားနောက်မှာ ယာဉ်ထိန်းရဲတစ်ဦးလိုက်ပါနေတာကို အနည်းငယ်ရိပ်မိနေခဲ့တာတောင် ချက်ချင်း ကားဓာတ်ငွေ့ကိုစုပ်ထုတ်ပြီးအင်ဂျင်ကိုပြန်လည်မြှင့်တင်ကာ မောင်းထွက်သွားခဲ့ပါတယ်။

အဆိုပါယာဉ်ထိန်းရဲကလည်း ခန္ဓာကိုယ်အားကိုးနဲ့ supercar ယာဉ်မောင်းကို ဖမ်းဆီးဖို့ စက်ဘီးကိုအားထည့်နင်းပါတော့တယ်။နောက်ဆုံးတော့ အဆိုပါရဲက ကားမောင်းနှင်သူကို ဥပဒေဆိုင်ရာ ကိစ္စတွေနဲ့ ဖမ်းဆီးကိုင်တွယ်နိုင်ခဲ့ပါတယ်။သို့ပေမဲ့ အဖြစ်အပျက်တစ်ခုလုံးရဲ့ အခြားအသွားအလာကင်မရာတွေကိုစစ်ဆေးကြည့်လိုက်တော့ ရဲက ကားကိုလိုက်ဖမ်းဖို့အတွက် အချိန်ဘယ်လောက်ယူခဲ့လိုက်ရမလဲဆိုတာကို သေချာမသိခဲ့ရပါဘူး။

အဆိုပါရဲသားကြီးကတော့ ပြိုင်ကားလိုမြန်ချင်သလောက်မြန်နိုင်တဲ့ Lamborghini ကားနောက်ကို စက်ဘီးနဲ့လိုက်ခဲ့တာကြောင့် netizen တွေကိုဆွဲဆောင်နိုင်ခဲ့ပြီး “ငါက ဆိုင်ကယ်နဲ့ရဲဘဲမြင်ဖူးတာ အခုတော့ စက်ဘီးနဲ့ရဲလေးပါလား”၊ “Lamborghini ကားကို စက်ဘီးစီးပြီးလိုက်ဖမ်းနေတာလား၊ဒီလူကတံဆိပ်တစ်ခုရထိုက်တယ်”၊”ကားမောင်းသူနဲ့ စကားပြောနိုင်ဖို့ ရဲက ဒူးထောက်လိုက်တာ တကယ်ယဉ်ကျေးတာပဲ”ဟု စတဲ့မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*