
$45,000 တန်ဖိုးရှိတဲ့ စေ့စပ်လက်စွပ်ကို ရှာဖွေပေးခဲ့တဲ့ စားသောက်ဆိုင်မှ ခေါက်ဆွဲ အပွဲပေါင်း 5,000 ပြန်အားပေးခဲ့တဲ့ အမျိုးသား
တရုတ်နိုင်ငံမှာနေထိုင်တဲ့ Mr. Wang အမည်ရှိတဲ့အမျိုးသားဟာ Chongqing မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ နေ့လယ်စာ စားနေရင်း ချစ်သူကောင်မလေးနဲ့ဖုန်းပြောဆိုမလို့ဆိုပြီး သူ့ရဲ့အိတ်ကိုစားပွဲခုံပေါ်မှာ ထားခဲ့ပြီး နေရာကနေထ ထွက်သွားကာ ဖုန်းပြောနေခဲ့တာပါ ။ နေရာကို ပြန်ရောက်လာခဲ့ချိန်မှာတော့ သူ့ရဲ့အိတ်လေးက လုံးဝမရှိတော့ပါဘူး ။
အိတ်ထဲမှာတော့ ငွေသားအချို့ နဲ့ 3 ကရက် အလေးချိန်ရှိတဲ့ စိန်တစ်ပွင့်နဲ့ပြုလုပ်ထားတဲ့ စိန်လက်စွပ်တစ်ခု ပါရှိသွားခဲ့ပါတယ် ။ Mr.Wang ဟာ သူ့ရဲ့ချစ်သူကို တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ ။သို့ပေမဲ့လည်း မကြာခင်မှာဘဲ Chongqing မှ ဒေသခံတစ်ဦးက Mr.Wang ရဲ့ အိတ်ကို အဆိုပါစားသောက်ဆိုင်ရဲ့ပိုင်ရှင်ထံသို့ လာရောက်အပ်နှံခဲ့လို့ Mr.Wang ဟာ ကံကောင်းထောက်မစွာ တန်ဖိုးကြီး ပစ္စည်းတွေ ပြန်ရရှိခဲ့တာပါ ။
ဒါကြောင့် စားသောက်ဆိုင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ခေါက်ဆွဲအပွဲပေါင်း 5000 ကျော်ကိုမှာယူပြီး ၊ စိတ်ထားကောင်းလွန်းလှတဲ့ Chongqing ဒေသခံတွေကို ကျွေးမွေးကာ ကျေးဇူးဆပ်ခဲ့ပါတယ် ။ ဒါ့အပြင် Mr.Wang ဟာ သူ့ရဲ့ကောင်မလေးက လက်ထပ်ခွင့်တောင်းယူတာကို လက်ခံခဲ့ကြောင်းလည်း အဆိုပါဆိုင်မှာ ကြော်ငြာစာရွက်လေးချိတ်ပြီး ကြေညာခဲ့ပါသေးတယ် ။
Zawgyi
$45,000 တန္ဖိုးရွိတဲ့ ေစ့စပ္လက္စြပ္ကို ရွာေဖြေပးခဲ့တဲ့ စားေသာက္ဆိုင္မွ ေခါက္ဆြဲ အပြဲေပါင္း 5,000 ျပန္အားေပးခဲ့တဲ့ အမ်ိဳးသား
တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Mr. Wang အမည္ရွိတဲ့အမ်ိဳးသားဟာ Chongqing ၿမိဳ႕မွာရွိတဲ့ စားေသာက္ဆိုင္တစ္ခုမွာ ေန႔လယ္စာ စားေနရင္း ခ်စ္သူေကာင္မေလးနဲ႔ဖုန္းေျပာဆိုမလို႔ဆိုၿပီး သူ႔ရဲ႕အိတ္ကိုစားပြဲခုံေပၚမွာ ထားခဲ့ၿပီး ေနရာကေနထ ထြက္သြားကာ ဖုန္းေျပာေနခဲ့တာပါ ။ ေနရာကို ျပန္ေရာက္လာခဲ့ခ်ိန္မွာေတာ့ သူ႔ရဲ႕အိတ္ေလးက လုံးဝမရွိေတာ့ပါဘူး ။
အိတ္ထဲမွာေတာ့ ေငြသားအခ်ိဳ႕ နဲ႔ 3 ကရက္ အေလးခ်ိန္ရွိတဲ့ စိန္တစ္ပြင့္နဲ႔ျပဳလုပ္ထားတဲ့ စိန္လက္စြပ္တစ္ခု ပါရွိသြားခဲ့ပါတယ္ ။ Mr.Wang ဟာ သူ႔ရဲ႕ခ်စ္သူကို တစ္ႏွစ္ျပည့္အထိမ္းအမွတ္အေနနဲ႔ လက္ထပ္ခြင့္ေတာင္းဖို႔ ဆုံးျဖတ္ခဲ့တာပါ ။သို႔ေပမဲ့လည္း မၾကာခင္မွာဘဲ Chongqing မွ ေဒသခံတစ္ဦးက Mr.Wang ရဲ႕ အိတ္ကို အဆိုပါစားေသာက္ဆိုင္ရဲ႕ပိုင္ရွင္ထံသို႔ လာေရာက္အပ္ႏွံခဲ့လို႔ Mr.Wang ဟာ ကံေကာင္းေထာက္မစြာ တန္ဖိုးႀကီး ပစၥည္းေတြ ျပန္ရရွိခဲ့တာပါ ။
ဒါေၾကာင့္ စားေသာက္ဆိုင္ကို ေက်းဇူးဆပ္တဲ့အေနနဲ႔ ေခါက္ဆြဲအပြဲေပါင္း 5000 ေက်ာ္ကိုမွာယူၿပီး ၊ စိတ္ထားေကာင္းလြန္းလွတဲ့ Chongqing ေဒသခံေတြကို ေကြၽးေမြးကာ ေက်းဇူးဆပ္ခဲ့ပါတယ္ ။ ဒါ့အျပင္ Mr.Wang ဟာ သူ႔ရဲ႕ေကာင္မေလးက လက္ထပ္ခြင့္ေတာင္းယူတာကို လက္ခံခဲ့ေၾကာင္းလည္း အဆိုပါဆိုင္မွာ ေၾကာ္ျငာစာ႐ြက္ေလးခ်ိတ္ၿပီး ေၾကညာခဲ့ပါေသးတယ္ ။
Leave a Reply