အောင်သွယ်များမိတ်ဆက်ပေးသူနှင့် လက်ထပ်ခဲ့ရာမှ ကောင်မလေးဟာ ဘာအလုပ်မှမလုပ်ဘဲ အစားအသောက်များကိုပင် အိပ်ရာထဲတွင်အိပ်လျက်စားသည်အထိ အပျင်းထူသူဖြစ်နေသောအခါ

အောင်သွယ်များမိတ်ဆက်ပေးသူနှင့် လက်ထပ်ခဲ့ရာမှ ကောင်မလေးဟာ ဘာအလုပ်မှမလုပ်ဘဲ အစားအသောက်များကိုပင် အိပ်ရာထဲတွင်အိပ်လျက်စားသည်အထိ အပျင်းထူသူဖြစ်နေသောအခါ

အိမ်ထောင်စုတစ်ခုကို ထူထောင်ပြီဆိုလျှင် ဇနီးဖြစ်သူဟာ အိမ်မှုကိစ္စတာဝန်ကို ကျေပွန်ရမည်ဖြစ်ပြီး ခင်ပွန်းဖြစ်သူဟာလည်း စီးပွားရေးလုပ်ငန်းကို ကြိုးစားလုပ်ဆောင်ရပေမည်။ယခုတွင် တရုတ်နိုင်ငံ Hebeiပြည်နယ် Tangshanမြို့တွင် နေထိုင်သော အမျိုးသားဟာ အောင်သွယ်တော်တွေ မိတ်ဆက်ပေးလိုက်သော အသက်၃၈နှစ်အရွယ်အမျိုးသမီးနှင့်လက်ထပ်ခဲ့ပါတယ်။

ကောင်မလေးဟာ ဘွဲ့ရပြီးချိန်မှစကာ အလုပ်အကိုင်များကို ၄လထက်ပိုမလုပ်ဘဲ အပျင်းထူသောကြောင့် အထုတ်ခံရသူဖြစ်ပါတယ်။ထို့ကြောင့် မိဘများက စိတ်ပျက်ပြီး ယောကျာ်းမြန်မြန်ရအောင် စီစဥ်ခဲ့တာဖြစ်ပါတယ်။

ထိုအခါ အကြောင်းမသိဘဲ ယူမိခဲ့သည့်အမျိုးသားဟာ လက်ထပ်ပြီးသည့်အချိန်မှ အမျိုးသမီးဟာ အလွန်အပျင်းထူပြီး အိပ်ရာထဲတွင်သာ ဖုန်းဆော့ပြီး အချိန်ကုန်ဆုံးလေ့ရှိကာ ထမင်းစားရာတွင်လည်း အိပ်ရာပေါ်တွင် ထိုင်မစားနိုင်အောင်အထိ ပျင်းကြောင်း သိခဲ့ရပါတော့တယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*