
ယနေ့ခေတ်လိုနည်းပညာမတိုးတက်သေးတဲ့အရင်အချိန်တုန်းက လူငယ်တွေဟာ သားရေကွင်းပစ်တမ်း ၊ ဂျင်ပေါက်တမ်း ၊ ဂေါ်လီပစ်တမ်း စတဲ့ ဂိမ်းလေးတွေဘဲ ကစားခဲ့ကြတာပါ။
ယခုအခါမှာတော့ လူငယ်တော်တော်များများ onlineဂိမ်းချည်းဘဲ ကစားလာကြတာကို တွေ့ကြမှာပါ။ကိုယ့်ရဲ့တစ်နေ့တာလုံးကို ဂိမ်းကစားရင်း အချိန်ကုန်သွားတတ်တဲ့လူငယ်လေးတွေလည်း ရှိနေမှာပါ။အခုတော့ ဂိမ်းကြိုက်လွန်းတဲ့ လူငယ်တွေအတွက် ဂျပန် လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုက ဂိမ်းခလုတ်လို ဘေးနှစ်ဖက်မှာ လက်ကိုင်ပါတဲ့ဖန်ခွက်တစ်မျိုး ထုတ်လုပ်ပေးလိုက်ပါတယ်။
သာမန်လူတွေအတွက် တစ်မျိုးဖြစ်နေပေမဲ့ Gamerတွေကတော့ အရမ်းကို သဘောကျမိသွားမှာပါ။ဂိမ်းကစားတဲ့အခါ လက်သွက်အောင် လေ့ကျင့်နိုင်ဖို့အတွက် အထူးထုတ်လုပ်ပေးထားပုံပါဘဲ။
Leave a Reply