Food Delivery တွေလိုက်ပို့ရင်း ဒီပလိုမာဘွဲ့ ယူဖို့ online class မှာပါ စာလေ့လာနေခဲ့တဲ့ အမျိုးသား

ပြီးခဲ့သည့်အပတ်က TikTok အသုံးပြုသူ @anak_ronaldo မှမျှဝေခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ foodpanda ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဆိုင်ကယ်ကို ဘေးရပ်ပြီး ခုံတန်းရှည်ပေါ်မှာ ဒူးထောက်ကာ သူ့ရဲ့ဖုန်း screen ပေါ်ရှိ သင်ခန်းစာတစ်ခုကို နားထောင်ရင်း စာမှတ်စုများကို လိုက်နာလေ့လာမှတ်သားနေခဲ့ပါတယ်။

သို့သော် ၎င်းအဖြစ်အပျက်မှာ ဗီဒီယိုတိုလေးတစ်ခုသာဖြစ်သော်လည်း ထိုဗီဒီယိုကို မျှဝေပြီးချိန် မှစ၍ ကြည့်ရှုသူပေါင်း ၄၅၅,၀၀၀ နှင့် like ပေါင်း ၅၀,၀၀၀ ကျော်ရရှိခဲ့ပါတယ်။ထောင်ပေါင်းများစွာသောအင်တာနက်အသုံးပြုသူများက ၎င်းကျောင်းသားအား အလုပ်ခွင်၌ရှိနေသော်လည်းသူ့ရဲ့စာပေလေ့လာမှုများအတွက်ကိုလည်း အချိန်ပေးခဲ့သည့်အတွက်ကြောင့် ချီးကျူးခဲ့ကြပါတယ်။“ You are the best ” ၊ “ ဆက်လက်ပြီး ကြိုးစားပါ ကံကြမ္မာက မင်းလက်ထဲမှာဘဲ ရှိနေတယ် Fighting ” မင်း ဒီအရာကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်တယ် မင်းရဲ့ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပါ” စတဲ့ အားပေးစကားများစွာကို မှတ်ချက်ပေးခဲ့ကြပါတယ်။

၎င်းဗီဒီယိုထဲမှာ အသက် ၂၀အရွယ် Muhamad Hanis Mohd Hisam အမည်ရှိ အဆိုပါကျောင်းသားဟာ ဗီဒီယိုအား ယခုကဲ့သို့ ပျံနှံ့သွားခဲ့မယ်လို့ မမျှော်လင့်ထားသလို လူအများရဲ့အားပေးစကားများစွာကိုလည်း ကြားရလိမ့်မယ်လို့ မထင်ခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။“”အဲ့ဗီဒီယိုကို အခုလိုပျံ့နှံ့သွားလိမ့်မယ်လို့ကျွန်တော် ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်နဲ့ပတ်သက်ပြီး ဘယ်သတင်းကိုမဆိုကောင်းမွန်တဲ့မှတ်ချက်တွေပေးခဲ့ကြတဲ့အင်တာနက်သုံးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ မလေးရှားနိုင်ငံ Johor ပြည်နယ် Kota Tinggi မြို့ မှာ နေထိုင်တဲ့ Muhamad က ပြန်လည်ဖြေကြားခဲ့ပါတယ်။

Muhamad ဟာ လက်ရှိမှာ Politeknik Mersing Johor (PMJ) တွင် လျှပ်စစ်အင်ဂျင်နီယာဒီပလိုမာဘွဲ့ကို ရယူဖို့ လေ့လာသင်ယူနေကြောင်း ၊ “အရိုးသားဆုံးပြောရရင် ၎င်းက အတော်လေးခက်ခဲပေမဲ့ ဘယ်ဟာကမှ လွယ်လွယ်နဲ့မရနိုင်တာကြောင့် အလုပ်လုပ်ရင်း စာလေ့လာနေရကြောင်း ပြောပြခဲ့ပါတယ်။ကျွန်တော့်အတွက် Online class ဆိုတာက စိန်ခေါ်မှုတစ်ခုလိုပါဘဲ ၊ ဒီ semester မှာ ကျွန်တော် ၈ ဘာသာတောင် လေ့လာရတယ် ၊ အလုပ်လည်း လုပ်နေတော့ ကျွန်တော့်အတွက် နည်းနည်းလေး အခက်အခဲရှိနေတယ် ၊ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး ၊ ဘယ်အရာမှ အလွယ်မရဘူးဆိုတာကို ကျွန်တော် အသိဆုံးမို့ပါ ” လို့ Muhamadက ၎င်းကဲ့သို့ ပြောကြားခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*