
ရေနစ်နေတဲ့ မိန်းကလေးကို ရေထဲ ခုန်ချပြီး ကယ်တင်ခဲ့တဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ခွေးလေး (ရုပ်သံ)
အချို့ခွေးတွေက ကမ္ဘာကြီးအတွက် အထူးသီးသန့်ခွေးလည်းဖြစ်ပါတယ်။ သူရဲကောင်းဂျာမန်သိုးထိန်းဟာ ရေကူးကန်မှာ ရေကူးနေစဉ် မိန်းကလေးတစ်ဦးကို ကယ်တင်ရန် ကြိုးစားခဲ့ပါတယ်။ စိတ်ဝင်စားစရာမှာ သူဟာ ရဲဝံ့တဲ့လုပ်ရပ်တစ်ခုကြောင့် လူအများအံ့သြနေကြပါတယ်။
Kaiser အမည်ရှိ ခွေးလေးဟာ ရေကူးကန်ထဲမှာ ရေကစားရင်းနဲ့ ရေနစ်နေတဲ့ သူ့သခင် Lauren Bright ရဲ့ သူငယ်ချင်းကို မြင်ပြီး ချက်ချင်းပင် ရေထဲခုန်ချလိုက်ပြီး မိန်းကလေးရဲ့ဆံပင်တွေကို ဆွဲပြီး ရေကန်ရဲ့ရေတိမ်ပိုင်းကို ဆွဲခေါ်သွားခဲ့လိုက်ပါတယ်။Kaiser ရဲ့ဗီဒီယိုဟာ သူ့ရဲ့ လုပ်ရပ်ကြောင့် လျင်မြန်စွာပျံ့နှံ့သွားပြီး သူကို လူအများက သူရဲကောင်းလို့ မှတ်ချက်ပေးနေကြပါတယ်။ နောက်ပြီး သူ့သခင် Lauren Bright အဆိုအရ “ ဒီဗီဒီယို မတိုင်ခင် လအနည်းငယ်မှာ Kaiser က ရေခဲနေတဲ့အချိန် ၄ လခန့်မှာ ချောင်းထဲကျသွားတာကြောင့် အဲ့ချိန်ကစပြီး ရေကိုကြောက်နေခဲ့တာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။
Kaiser ဟာ ရေကိုကြောက်နေပေမဲ့ ကယ်တင်ချင်တဲ့စိတ် ထက်သန်လွန်းတာကြောင့် ချက်ချင်းခုန်ဆင်းကာ သူ့သခင်ရဲ့ သူငယ်ချင်းကို ကယ်တင်နိုင်ခဲ့တာပါ။ Lauren Bright ကလည်း Kaiser ကို လူတစ်ဦးတစ်ယောက်ကို ကယ်တင်ရန် လေ့ကျင့်သင်ပေးတာတို့ မရှိဖူးပါဘူး။
Zawgyi
ေရနစ္ေနတဲ့ မိန္းကေလးကို ေရထဲ ခုန္ခ်ၿပီး ကယ္တင္ခဲ့တဲ့ ရဲစြမ္းသတၱိအျပည့္နဲ႔ေခြးေလး (႐ုပ္သံ)
အခ်ိဳ႕ေခြးေတြက ကမာၻႀကီးအတြက္ အထူးသီးသန႔္ေခြးလည္းျဖစ္ပါတယ္။ သူရဲေကာင္းဂ်ာမန္သိုးထိန္းဟာ ေရကူးကန္မွာ ေရကူးေနစဥ္ မိန္းကေလးတစ္ဦးကို ကယ္တင္ရန္ ႀကိဳးစားခဲ့ပါတယ္။ စိတ္ဝင္စားစရာမွာ သူဟာ ရဲဝံ့တဲ့လုပ္ရပ္တစ္ခုေၾကာင့္ လူအမ်ားအံ့ၾသေနၾကပါတယ္။
Kaiser အမည္ရွိ ေခြးေလးဟာ ေရကူးကန္ထဲမွာ ေရကစားရင္းနဲ႔ ေရနစ္ေနတဲ့ သူ႔သခင္ Lauren Bright ရဲ႕ သူငယ္ခ်င္းကို ျမင္ၿပီး ခ်က္ခ်င္းပင္ ေရထဲခုန္ခ်လိုက္ၿပီး မိန္းကေလးရဲ႕ဆံပင္ေတြကို ဆြဲၿပီး ေရကန္ရဲ႕ေရတိမ္ပိုင္းကို ဆြဲေခၚသြားခဲ့လိုက္ပါတယ္။Kaiser ရဲ႕ဗီဒီယိုဟာ သူ႔ရဲ႕ လုပ္ရပ္ေၾကာင့္ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားၿပီး သူကို လူအမ်ားက သူရဲေကာင္းလို႔ မွတ္ခ်က္ေပးေနၾကပါတယ္။ ေနာက္ၿပီး သူ႔သခင္ Lauren Bright အဆိုအရ “ ဒီဗီဒီယို မတိုင္ခင္ လအနည္းငယ္မွာ Kaiser က ေရခဲေနတဲ့အခ်ိန္ ၄ လခန႔္မွာ ေခ်ာင္းထဲက်သြားတာေၾကာင့္ အဲ့ခ်ိန္ကစၿပီး ေရကိုေၾကာက္ေနခဲ့တာပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။
Kaiser ဟာ ေရကိုေၾကာက္ေနေပမဲ့ ကယ္တင္ခ်င္တဲ့စိတ္ ထက္သန္လြန္းတာေၾကာင့္ ခ်က္ခ်င္းခုန္ဆင္းကာ သူ႔သခင္ရဲ႕ သူငယ္ခ်င္းကို ကယ္တင္ႏိုင္ခဲ့တာပါ။ Lauren Bright ကလည္း Kaiser ကို လူတစ္ဦးတစ္ေယာက္ကို ကယ္တင္ရန္ ေလ့က်င့္သင္ေပးတာတို႔ မရွိဖူးပါဘူး။
Leave a Reply