
တိရိစ္ဆာန်လေးတွေက ၎င်းတို့ကိုယ်ပိုင်နည်းလမ်းနဲ့ ထူးခြားနေတတ်ပါတယ် ။သို့ပေမဲ့ တိရိစ္ဆာန်တစ်ကောင်က အင်တာနက်တစ်ခုလုံးကို သတိပြုမိစေတဲ့အရာတစ်ခုခုရှိနေတတ်ပါတယ်။အခုလည်း ဒီခွေးလေးကို ကြည့်ပြီးတဲ့အခါ သူဘာကြောင့် ထူးခြားနေလဲဆိုတာကို ချက်ချင်းနားလည်နိုင်မှာပါ။
Winnie လို့ခေါ်တဲ့ဒီခွေးမလေးဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ မှာ မွေးခဲ့ပေမဲ့ Instagram မှာ 486 k follower နဲ့ Tik Tok မှာတော့ 200 k အထိရှိနေပါတယ်။Winnie လေးက လုံးဝကို Disney ဇာတ်ကောင်နဲ့တူပြီး လှပတဲ့မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပါတယ်။မျက်တောင်တွေကလည်း အံ့ဩစရာပါဘဲ ။
Winnie က English cocker spaniel ခွေးအမျိုးအစားဘဲဆိုပေမဲ့ ဝေဖန်သူအချို့က ခွေးမျိုးရောစပ်ထားတယ်လို့ တွေးထင်နေကြပါတယ်။လှပတဲ့ Winnie ရဲ့မျက်လုံးတွေက အစစ်မဟုတ်ဘဲဆိုတာကို ငြင်းဆန်လို့မရနေပါဘူး။ဒီတော့ Winnie ရဲ့ တစ်နေ့တာကို အမြဲစောင့်ကြည့်နေချင်ရင်တော့ Instagram မှာ @winnie_thecocker ကို follow လုပ်ထားလို့ရပါတယ်နော် ။
Leave a Reply