Customer တွေကို အံ့သြဝမ်းသာသွားစေမဲ့ ထမင်းကြော်ပါဆယ်ဘူးလေး

လူတွေဟာ တစ်ယောက်ကိုတစ်ယောက် စနောက်လိုက်ရရင် အပျော်ကြီးပျော်နေတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း စားသောက်ဆိုင်တစ်ခုက ၎င်းဆိုင်သို့လာဝယ်နေကြရင်းနှီးလွန်းတဲ့ ဖောက်သည်ကို ယခုလို စနောက်ကျီစယ်ခဲ့ပါတယ် ။

အဲ့တာကတော့ ဖောက်သည်ဖြစ်သူအမြဲလိုချင်နေတဲ့ i Phone ဘူးခွံလေးထဲ ထမင်းကြော်ထည့်ပြီး ပါဆယ်ထုတ်ပေးခဲ့တာပါပဲ ။ ထမင်းကြော်ဘူးကို ပထမဆုံး ဖွင့်ဖောက်ကြည့်မိတဲ့ ဖောက်သည်ဖြစ်သူမှာတော့ အတော်အံ့သြကာပျော်ရွှင်ခဲ့ရပြီး i Phone ဘူးခွံကိုဖွင့်ဖောက်ကြည့်မိတဲ့ အချိန်မှာမှ ဂျင့်ထည့်ခံလိုက်ရမှန်းသိခဲ့ရတာပါ ။

အဖြစ်အပျက်လေးက အတော်လေးရယ်မောဖွယ်ကောင်းလွန်းလှတဲ့အပြင် ဆိုင်ရှင် နဲ့ ဖောက်သည်ကြားက ရင်းနှီးကျွမ်းဝင်လွန်းတဲ့ ဆက်ဆံရေးကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*