Crush နေရတဲ့ကောင်မလေးကို Apple နာရီတစ်လုံးပေးပြီး ချစ်ခွင့်ပန်ခဲ့တဲ့ 11နှစ်အရွယ်ကောင်လေး

Crush နေရတဲ့ကောင်မလေးကို Apple နာရီတစ်လုံးပေးပြီး ချစ်ခွင့်ပန်ခဲ့တဲ့ 11နှစ်အရွယ်ကောင်လေး

အခုခေတ်ကလေးတွေက ကျွန်တော်တို့တွေ ကျောင်းတက်တဲ့အချိန်ကပုံစံမျိုးနဲ့ အတော်လေး ကွာခြားနေပြီလို့ ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း ဟောင်ကောင်က 5တန်းအရွယ်ကောင်လေးဟာ သူ crush နေရတဲ့ ကောင်မလေးကို Apple နာရီတစ်လုံး ပေးပြီးချစ်ခွင့်ပန်ခဲ့လို့ online ပေါ်မှာ အတော်လေးကိုလူပြောနေလျက်ရှိပါတယ် ။

Hong Kong က မိခင်တစ်ဦးဟာ သူမရဲ့သမီးလေးဟာ ကျောင်းက ကောင်လေးတစ်ယောက်စီကနေ Apple နာရီတစ်လုံး လက်ဆောင်ရခဲ့လို့ အဆိုပါကိစ္စကို ဘယ်လိုဖြေရှင်းရမယ်မှန်မသိလို့ online ပေါ်မှာ ရေးသားအကူအညီတောင်းခဲ့ပါတယ် ။ သူမရဲ့ သမီးနဲ့ အဆိုပါကောင်လေးက တွဲနေကြတာမဟုတ်ဘဲ crush နေတဲ့အဆင့်မှာ ဒီလိုတန်ဖိုးကြီးလက်ဆောင်ပေးပြီး ချစ်ခွင့်ပန်လို့ မိခင်ဖြစ်သူအနေနဲ့ အံ့အားသင့်ထိတ်လန့်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။

မိခင်ဖြစ်သူမှာတော့ အတော်လေးစိတ်ဆိုးပြီး အဆိုပါပစ္စည်းကို ကောင်လေးထံပြန်ပေးဖို့ စဉ်းစားမိကြောင်း ၊ ဒါပေမဲ့ ပြသာနာကိုဘယ်လို ဖြေရှင်းရမယ်မှန်း မသိကြောင်း online ပေါ်မှာ ရေးသားအကူအညီတောင်းခံခဲ့ပါတယ် ။

လူအတော်များများကတော့ မိခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သဘောတူညီကြပြီး ၊ ကောင်လေးဟာ မိဘရဲ့ပိုက်ဆံကို အသုံးပြုပြီး အဆိုပါနာရီကို ဝယ်ခဲ့တာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ ကိုယ်တွေအထက်တန်းကျောင်းသားဘဝက ရည်းစားစာပေးတဲ့အဆင့်မျိုးသာရှိပေမဲ့ ၊ အခုခေတ် 5 တန်းကျောင်းသားတွေက Apple နာရီကို လက်ဆောင်ပေးနေကြပြီ ဆိုပြီးလည်း မှတ်ချက်ပေးရေးသားသူများရှိခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*