မိမိတို့ရဲ့ အဖိုးအဖွားတွေကို ပိုမိုဂရုစိုက်စေရန် သူမရဲ့ ၉၈ နှစ်အဖွားအကြောင်းကို ဝေမျှလာခဲ့တဲ့ မိန်းမချောလေးတစ်ဦး

မိမိတို့ရဲ့ အဖိုးအဖွားတွေကို ပိုမိုဂရုစိုက်စေရန် သူမရဲ့ ၉၈ နှစ်အဖွားအကြောင်းကို ဝေမျှလာခဲ့တဲ့ မိန်းမချောလေးတစ်ဦး

ဖိလစ်ပိုင်နိုင်ငံက Jen Ampler အမည်ရှိ မိန်းမချောလေးတစ်ဦးဟာ သူမရဲ့ အသက် ၉၈ နှစ်ရှိအဖွားနဲ့ သူမရဲ့ဓာတ်ပုံတွေကို Facebook ပေါ်တင်လိုက်တဲ့အခါမှာ လူအတော်များများရဲ့ နှလုံးသားကို ပျော့ညံ့ စေခဲ့ပါတယ်။

သူမရေးသားထားတဲ့ စာတွေက လူအများအပြားရဲ့ နှလုံးသားကိုထိမိပြီး သူတို့ရဲ့အဘွားတွေကို သတိရစေတဲ့ အကြင်နာစကားလေးပါ။ ” ဖွားဖွားက ကျွန်မမွေးဖွားလာချိန်မှစပြီးစောင့်ရှောက်ပေးခဲ့တယ်။ ကျွန်မ ဖွားဖွားကိုရေမိုးချိုးပေးဖို့ ကျွန်မပျင်းလို့မရဘူး၊ ဘာလို့လဲဆိုတော့ ငါငယ်ငယ်တုန်းကလည်း အဖွားက ငါ့အတွက်ဒီလိုလုပ်ခဲ့တာကို ငါမှတ်မိနေသေးလို့ပါ။ ဖွားဖွားကတော့ အသက် ၉၈ နှစ်တောင်ရှိပြီ။ ကျွန်မအတွက် ဖွားဖွားလုပ်ပေးခဲ့တာတွေကို ကျွန်မပြန်လုပ်ပေးပါရစေ။

နောက်ပြီး ဖွးဖွားရဲ့ အစွမ်းသတ္တိတွေကိုလည်း ဆက်ထိန်းထားဖို့ ကြိုးစားပါ။ အသက်ကြီးလာတာနဲ့အမျှ ဖွားဖွားကို ကျွန်မတို့ဂရုစိုက်ပါ့မယ်။ ဖွားဖွားကိုအရမ်းချစ်တယ်လို့ ကျွန်မပြောလိုက်တဲ့အခါ ကျွန်မရဲ့ မျက်ရည်တွ. အများကြီးကျလာခဲ့ပါတယ် ” ဆိုပြီး သူမရဲ့အဖွားကို ပြောဆိုလိုက်ပါတယ်။

နောက်ပိုင်းမှာ ထိုအမျိုးသမီးဟာ သူမနဲ့ သူမရဲ့အဖွားအတွက် ကြင်နာတဲ့စကားပြောဆိုသူများကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ နှောင်ကြိုးဟာ တန်ဖိုးမဖြတ်နိုင်သောကြောင့် သူတို့ရဲ့အဘိုးအဘွားများကို ပိုမိုအာရုံစိုက်ရန် အခြားသူများကို လှုံ့ဆော်ပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*