ရောဂါခံစားနေရတာချင်းအတူတူ ကိုယ့်အသက်ကိုအဆုံးရှုံးခံပြီး ညီမဖြစ်သူကိုသာ ကယ်တင်ပေးဖို့တောင်းဆိုခဲ့တဲ့ 7 နှစ်အရွယ် ကလေးမလေး

ရောဂါခံစားနေရတာချင်းအတူတူ ကိုယ့်အသက်ကိုအဆုံးရှုံးခံပြီး ညီမဖြစ်သူကိုသာ ကယ်တင်ပေးဖို့တောင်းဆိုခဲ့တဲ့ 7 နှစ်အရွယ် ကလေးမလေး

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 7 နှစ်အရွယ် Wang Yue အမည်ရှိတဲ့ ကလေးငယ်ဟာ အသက်အရွယ်နဲ့မလိုက်အောင် အရိုးပွရောဂါကိုခံစားနေခဲ့ရတာပါ ။ သူမရဲ့ ကျန်းမာရေးအခြေအနေကလည်း တစ်နေ့တခြားဆိုးဝါးလာလို့ ခွဲစိတ်ကုသမှုခံယူရမှ သက်သာမဲ့အခြေအနေမျိုးပါ ။ သို့ပေမဲ့လည်း သူမနဲ့အလားတူ ရောဂါမျိုးကို သူမရဲ့ညီမငယ်လေးဖြစ်သူကလည်း ခံစားနေရတာပါ ။

ထို့ကြောင့် မိဘဖြစ်သူတွေကလည်း သမီး 2 ယောက်ရဲ့ ဆေးကုသစရိတ်အတွက် အတော်လေးကြိုးစားရုန်းကန်ပြီးရှာဖွေနေကြရတာပါ ။ ခွဲစိတ်ကုသစရိတ်အတွက် $102,000 ကုန်ကျမှာဖြစ်ပြီး ၊ မိဘတွေရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကတော့ အရင်ဆေးကုသစရိတ်အတွက် အကုန်အသုံးပြုပြီးပြီဖြစ်ပါတယ် ။

ထို့ကြောင့်ဖခင်ဖြစ်သူက မိတ်ဆွေ ၊ ဆွေမျိုးတွေထံ ငွေကြေးတွေလိုက်လံချေးငှါးခဲ့ပေမဲ့လည်း မလုံလောက်ခဲ့ပါဘူး ။ ထို့ကြောင့် Wang Yue ဟာ သူမစုဆောင်းထားတဲ့ အကြွေစေ့လေးကို ဖခင်ဖြစ်သူထံပေးအပ်ခဲ့ပြီး သူမက သမီးကြီးဖြစ်လို့ ညီမဖြစ်သူကိုသာ ဆေးကုသပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

‘ သမီးကြီးမို့လို့ ဆေးမကုရလည်း ကိစ္စမရှိဘူး ‘ ဆိုပြီး အလိုက်သိစွာပြောလာခဲ့တဲ့ Wang Yue ရဲ့ စကားကြောင့် ဖခင်ဖြစ်သူဟာ ဝမ်းနည်းကြေကွဲနေရုံမှအပ ပြောစရာစကားမရှိခဲ့ပါဘူး ။ သူတို့မိသားစုရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့လို့ လူအတော်အများက ဆေးကုသစရိတ်အတွက် လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ် ။

Zawgyi

ေရာဂါခံစားေနရတာခ်င္းအတူတူ ကိုယ့္အသက္ကိုအဆုံးရႈံးခံၿပီး ညီမျဖစ္သူကိုသာ ကယ္တင္ေပးဖို႔ေတာင္းဆိုခဲ့တဲ့ 7 ႏွစ္အ႐ြယ္ ကေလးမေလး

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 7 ႏွစ္အ႐ြယ္ Wang Yue အမည္ရွိတဲ့ ကေလးငယ္ဟာ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ အ႐ိုးပြေရာဂါကိုခံစားေနခဲ့ရတာပါ ။ သူမရဲ႕ က်န္းမာေရးအေျခအေနကလည္း တစ္ေန႔တျခားဆိုးဝါးလာလို႔ ခြဲစိတ္ကုသမႈခံယူရမွ သက္သာမဲ့အေျခအေနမ်ိဳးပါ ။ သို႔ေပမဲ့လည္း သူမနဲ႔အလားတူ ေရာဂါမ်ိဳးကို သူမရဲ႕ညီမငယ္ေလးျဖစ္သူကလည္း ခံစားေနရတာပါ ။

ထို႔ေၾကာင့္ မိဘျဖစ္သူေတြကလည္း သမီး 2 ေယာက္ရဲ႕ ေဆးကုသစရိတ္အတြက္ အေတာ္ေလးႀကိဳးစား႐ုန္းကန္ၿပီးရွာေဖြေနၾကရတာပါ ။ ခြဲစိတ္ကုသစရိတ္အတြက္ $102,000 ကုန္က်မွာျဖစ္ၿပီး ၊ မိဘေတြရွာေဖြစုေဆာင္းထားတဲ့ ေငြေၾကးေတြကေတာ့ အရင္ေဆးကုသစရိတ္အတြက္ အကုန္အသုံးျပဳၿပီးၿပီျဖစ္ပါတယ္ ။

ထို႔ေၾကာင့္ဖခင္ျဖစ္သူက မိတ္ေဆြ ၊ ေဆြမ်ိဳးေတြထံ ေငြေၾကးေတြလိုက္လံေခ်းငွါးခဲ့ေပမဲ့လည္း မလုံေလာက္ခဲ့ပါဘူး ။ ထို႔ေၾကာင့္ Wang Yue ဟာ သူမစုေဆာင္းထားတဲ့ အေႂကြေစ့ေလးကို ဖခင္ျဖစ္သူထံေပးအပ္ခဲ့ၿပီး သူမက သမီးႀကီးျဖစ္လို႔ ညီမျဖစ္သူကိုသာ ေဆးကုသေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။

‘ သမီးႀကီးမို႔လို႔ ေဆးမကုရလည္း ကိစၥမရွိဘူး ‘ ဆိုၿပီး အလိုက္သိစြာေျပာလာခဲ့တဲ့ Wang Yue ရဲ႕ စကားေၾကာင့္ ဖခင္ျဖစ္သူဟာ ဝမ္းနည္းေၾကကြဲေန႐ုံမွအပ ေျပာစရာစကားမရွိခဲ့ပါဘူး ။ သူတို႔မိသားစုရဲ႕အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့လို႔ လူအေတာ္အမ်ားက ေဆးကုသစရိတ္အတြက္ လႉဒါန္းမႈေတြျပဳလုပ္ေပးခဲ့ၾကေၾကာင္း သိရပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*