
CCTV မှာရိုက်ကူးမိထားတဲ့ အမှိုက်တွေကိုကောက်ပြီးအမှိုက်ပုံထဲ စနစ်တကျကောက်ထည့်နေခဲ့တဲ့ အသန့်ကြိုက်လွန်းတဲ့ ဆင်လေး (ရုပ်သံ)
မကြာသေးမီက တောင်အာဖရိကရှိ CCTVကင်မရာထဲမှာ လုံးဝမမျှော်လင့်ထားတဲ့ အရာတစ်ခုကို ဖမ်းမိခဲ့ပါတယ် ။ ကင်မရာများကို Kruger အမျိုးသားဥယျာဉ်တည်ရှိတဲ့ Thornhill Safari Lodge အပြင်ဘက်မှာ တပ်ဆင်ထားပါတယ် ။ CCTV ထဲမှာ ဆင်တစ်ကောင်ဟာ အရွက်တွေစားနေတုန်း အမှိုက်ပုံးဘေးနားက ကျနေတဲ့ ပလက်စတစ်အမှိုက်ကို သူ့ရဲ့နှာမောင်းနဲ့ အမှိုက်ပုံးထဲကောက်ထည့်ခဲ့တာကို မြင်တွေ့ရပါတယ် ။ ဒီပါးနပ်လွန်းတဲ့ဆင်ရဲ့အပြုအမူက ယုံကြည်ရခတ်မယ်ဆိုတာ ထင်မိပါတယ် ။ ဒီဆင်ဟာ သူ့ရဲ့ကိုယ်ပိုင်နယ်မြေကို သန့်ရှင်းစွာ နေထိုင်ချင်ပုံရပါတယ် ။ ကျွန်ုပ်တို့အားလုံးလည်း ကမ္ဘာကိုသန့်ရှင်းစွာထားနိုင်အောင်ကြိုးစားကြပါ ။ ကျွန်ုပ်တို့ရဲ့ အနာဂတ်က ၎င်းပေါ်မှာ မူတည်နေတာကြောင့်ပါ ။
#2
#3
#4
#5
#6
#Video
Leave a Reply