
ယနေ့ခေတ်မှာ CCTV ကင်မရာတွေဟာ ခိုးမှုနှင့်ရာ၀တ်မှုများ တိုက်ဖျက်ခြင်းနှင့်ကာကွယ်ခြင်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။နည်းပညာဆိုင်ရာတိုးတက်မှုကြောင့် စျေးကွက်မှာလုံခြုံရေးကင်မရာများ ပေါများလာခဲ့ပါတယ်။
အိမ်ပိုင်ရှင်တစ်ဦးရဲ့ လုံခြုံရေးကင်မရာမှာ မိုက်ခရိုဖုန်းတပ်ဆင်ထားပြီး စပီကာဖြင့် သူမမှာထားတဲ့ပစ္စည်းအား ဘယ်လိုထားခဲ့ပေးရမယ့်အကြောင်းကို အိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်သူအား ညွှန်ကြားနေရင်း ရယ်စရာကောင်းတဲ့ဗီဒီယိုတစ်ခုကို အင်တာနက်အသုံးပြုသူတစ်ဦးက မျှဝေခဲ့ပါတယ်။
အကောင်းဆုံးဝန်ဆောင်မှုပေးလိုတဲ့ အိမ်တိုင်ရာရောက်ပစ္စည်းပို့သမားဟာ ပါဆယ်ထုပ်ပိုင်ရှင်ရဲ့ အိမ်ရှေ့သို့ရောက်လာခဲ့ပြီး ပါဆယ်ထုပ်ကို သံပန်းတံခါးဝမှာ ထားပေးနေတုန်း CCTV ကင်မရာမှလာတဲ့ “ပစ္စည်းကို အဲ့မှာဘဲထားခဲ့လိုက်ပါ “ဆိုတဲ့ အိမ်ပိုင်ရှင်ကောင်မလေးရဲ့အသံကိုကြားဖြတ် ကြားလိုက်ပြီးပြီးချင်
း ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး CCTV ကင်မရာကို အာရုံစိုက်ကြည့်ကာ ကင်မရာက သူ့ နဲ့ စကားပြောနိုင်ကြောင်းကို ချက်ချင်းသဘောပေါက်သွားခဲ့ရပါတယ်။” ဒီမှာလား ” ဆိုပြီး အဆိုပါပစ္စည်းပို့သမားဟာ သံပန်းတံခါးကြားမှတဆင့် ပါဆယ်ထုပ်ကို ကောင်းကောင်းမွန်မွန် ထားခဲ့ပေးလိုက်ပါတယ်။
ထားခဲ့ပြီးလို့ ထွက်သွားလိုက်တဲ့ အဆိုပါ ပစ္စည်းပို့သမားဟာ ကောင်မလေးရဲ့ကျေးဇူးတင်စကားလှမ်းပြောသံကြားတော့ နောက်တစ်ခေါက်ပြန်လာပြီး လက်မထောင်ပြလိုက်ပါသေးတယ်။အခုအဖြစ်အပျက်လေးက social media မှာ ရေပန်းစားလျက်ရှိပြီး သူ့ရဲ့တိတ်လန့်လို့ ဖြစ်သွားတဲ့ရုပ်က အတော်လေးလည်း ရယ်စရာကောင်းနေပါတယ်။
Leave a Reply