BMWကားသစ်ကြီးကို ဝယ်ယူရန်အတွက် စမ်းသပ်မောင်းနှင်စဉ်အတွင်းမှာဘဲ အရောင်းစင်တာကို ဝင်တိုက်မိခဲ့သည့် အမျိုးသမီး

BMWကားသစ်ကြီးကို ဝယ်ယူရန်အတွက် စမ်းသပ်မောင်းနှင်စဥ်အတွင်းမှာဘဲ အရောင်းစင်တာကို ဝင်တိုက်မိခဲ့သည့် အမျိုးသမီး

ယခုအကြောင်းအရာလေးကတော့ ကိုယ်နှင့်ရင်းနှီးခြင်းမရှိသေးသည့် ပစ္စည်းတစ်ခုကို စမ်းသပ်ကိုင်တွယ်မည်ဆိုပါက သတိပြုသင့်ကြောင်း ဥပမာတစ်ခု ရရှိခဲ့ပါတယ်။ဒီအဖြစ်အပျက်လေးဟာ တရုပ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ကွမ်ကျိုးမြို့တွင် အမျိုးသမီးတစ်ဦး၏ အဖြစ်အပျက်အား CCTVမှတ်တမ်းမှ တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးဟာ BMWကားသစ်ကြီးကို မဝယ်ယူခင်တွင် ကားကြီး အားစမ်းသပ်မောင်းနှင်ကြည့်ခဲ့ပါတယ်။

ထိုအခါကားအရောင်းပြခန်း၏ရှေ့တွင် ကာရန်ထားသော မှန်တံခါးကြီးကို ဝင်တိုက်မိခဲ့ပါတယ်။ထို့ကြောင့် ကားသစ်ကြီးဟာလည်း ရှေ့ပိုင်းတစ်ခုလုံး စုတ်ပြတ်သွားခဲ့ရပါတယ်။အမျိုးသမီးဟာ ကားအသစ်ကြီးအတွက် လျှော်ကြေးငွေ တရုပ်ယွမ် ၂၈၆၀၀၀တိတိပေးဆောင်ရမည်ဟုသိခဲ့ရသည်။

ပျက်ဆီးစွားသော အဆောင်အဦးအတွက်တော့ မည်မျှလျှော်ကြေးပေးရမည်ကို မသိရှိရသေးပေ။အမျိုးသမီးအတွက်ကတော့ အလွန်ကံဆိုးသော နေ့တစ်နေ့ဖြစ်ပျက်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*