
လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ Black Pink ရဲ့ DDU DU DDU DU သီချင်းလေးကို cover ပြန်ဆိုထားတဲ့ ဗီဒီယိုလေးတစ်ခုဟာ ပရိသတ်တော်တော်များများရဲ့ အကြိုက်တွေ့မှုကိုရရှိနေပါတယ်။
Black Pink အဖွဲ့ရဲ့ဒီသီချင်းလေးဟာဆိုရင်လည်း You tube မှာကြည့်ရှုသူ 450 Millions ကျော်ထိတောင်ရှိနေပြီပဲဖြစ်သလို သူတို့အဖွဲ့ရဲ့အောင်မြင်လှတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။
အခုလိုအောင်မြင်လှတဲ့ Black Pink ရဲ့ DDU DU DDU DU သီချင်းလေးကို Cover ပြန်ဆိုခဲ့တာကတော့ Ysabelle နဲ့သူမရဲ့သူငယ်ချင်း Emma Heesters တို့ပဲဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ဒီသီချင်းလေးကို Korea Version ကနေ English version ကိုပြောင်းဆိုခဲ့ပြီး သူမတို့ပြောင်းထားတဲ့ version လေးကတော့ အငြိမ်လေးနဲ့ နားထောင်လို့ကောင်းလှပါတယ်။
အခုသီဆိုထားတဲ့ နှစ်ယောက်လုံးဟာဆိုရင်လည်း နာမည်ကြီးသီချင်းလေးတွေကို cover ပြန်ဆိုနေကြသူလေးတွေဖြစ်တာကြောင့် သူတို့ရဲ့ဆိုပုံဆိုပေါက် အသံအနေအထားလေးတွေကလည်း နားဝင်ချိုလွန်းလှပါတယ်။
Black Pink ရဲ့ DDU DU DDU DU လေးကိုလည်း သူမတို့နှစ်ယောက်သီဆိုထားတာ ဘယ်လောက်နားထောင်ကောင်းသလဲဆိုတာ ပရိသတ်တွေနားဆင်နိုင်စေဖို့အတွက် သူမတို့သီဆိုထားတဲ့ ဗီဒီယိုလေးကိုပါဖော်ပြပေးလိုက်ပါတယ်။
Leave a Reply