စူပါ Corgi Jojo အမည်ရှိ ခွေးလေးဟာ သူ့ရဲ့ဗီဒီယိုပျံ့နှံ့လာပြီးနောက် ကမ္ဘာကြီးကို မုန်တိုင်းထန်စေခဲ့ပါတယ်။ အဆိုပါ ခွေးလေးရဲ့တာဝန်ရှိသူတဦးက သူ့အတွက် Instagram အကောင့် ဖွင့်ပေးခဲ့ပြီး လက်ရှိမှာ Jojo ရဲ့ follower ဟာ 81,000 ကျော် ရှိနေပါတယ်။ Jojo ရဲ့ သခင် Josephine Zosa အမည်ရှိ အမျိုးသမီး က ” Jojo ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အသက်ဆုံးရူံးရလောက်တဲ့ ထိခိုက်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့တာကြောင့် သူ့ကို အရေးပေါ် ကုသရေးကို အလျင်အမြန်ပို့ဆောင်ပြီး ခွဲစိတ်ကုသခဲ့ပါတယ်။
ခွဲစိတ်ကုသပြီးတဲ့နောက်မှာ Jojo ကို ရေလွှာလှိုင်းစီးကစားခြင်းနဲ့ စတင်ကုပေးခဲ့တာပါ ။ ကျွန်မ ခင်ပွန်းက အဲ့ဒီ ကုထုံးနည်း နဲ့ လုပ်ပေးခဲ့ပါတယ်။ Jojo ရဲ့ ရေလွှာလှိုင်းစီးကစားခြင်းကြောင့် သူ့ရဲ့ကျန်းမာရေးကို ပြန်ကောင်းလာအောင် ကူညီပေးနိုင်ခဲ့တာပါ။” လို့ သူမက ဆိုခဲ့ပါတယ်။
Jojo ဟာ လှိုင်းစီးရတာကို သဘာဝကျပါတယ်။ Zosa က ၎င်း Jojo လေးကို Purina စိန်ခေါ်မှု နဲ့ ခွေးပြိုင်ဆိုင်မှုမှာ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ပြီးခဲ့တဲ့နှစ်က Huntington surf ခွေးယှဉ်ပြိုင်မှုမှာ တတိယနေရာရရှိခဲ့ပါတယ်။
Zawgyi
Leave a Reply