anniversary ၈နှစ်ပြည့်ပြီးနောက် လက်ထပ်ခွင့်မတောင်းခဲ့တဲ့ ချစ်သူကောင်လေးကို တရားစွဲဆိုခဲ့တဲ့ အမျိုးသမီး

anniversary ၈နှစ်ပြည့်ပြီးနောက် လက်ထပ်ခွင့်မတောင်းခဲ့တဲ့ ချစ်သူကောင်လေးကို တရားစွဲဆိုခဲ့တဲ့ အမျိုးသမီး

Zambia နိုင်ငံက အသက် ၂၆ နှစ်အရွယ် Gertrude Ngoma အမည်ရှိ အမျိုးသမီးတစ်ဦးဟာ ၂၈ နှစ်အရွယ် သူမရဲ့ချစ်သူကောင်လေးဖြစ်တဲ့ Herbert Salaliki က ၈နှစ်ပြည့်တဲ့ anniversary မှာ သူမကို လက်ထပ်ခွင့်မတောင်းတဲ့အပြင် ချစ်သူအဖြစ်ကနေပြတ်တောက်ခဲ့ခြင်းကြောင့် တရားစွဲဆိုခဲ့ပါတယ်။

တရားသူကြီးရဲ့ပြောဆိုချက်အရ Gertrud က သူတို့အနာဂတ်အတွက် သူမရဲ့ကောင်လေးက လက်ထပ်ခွင့်တောင်းလာမယ့်အချိန်ကို သူမအချိန်အတော်ကြာမျော်လင့်စောင့်စားနေခဲ့ပါတယ်။ အချိန်ကြာလာတော့ Herbertက ကျွန်မအပေါ် စစ်မှန်တဲ့ အချစ်တွေမရှိတော့ဘူး၊ပြီးတော့ အခြားကောင်မလေးတွေနဲ့လည်း အပြန်အလှန် massage တွေပို့နေတယ် လို့ Gertrude က အခိုင်အမာပြောဆိုထားပါတယ်။

အဲ့ဒီစုံတွဲနှစ်ဦးက လက်မထပ်ရသေးပေမဲ့လည်း သူတို့မှာ ကလေးတစ်ယောက်ရှိနေပါတယ်။ Herbert ကတော့ Gertrude နဲ့ ပေါင်းဖက်နိုင်ဖို့ သူရွည်ရွယ်ပါတယ် ဆိုပြီး ပြောပါတယ်။ ခုထိ လက်မထပ်ရသေးတဲ့ အကြောင်းရင်းက သူ့မှာငွေရေးကြေးရေး အခတ်အခဲဖြစ်နေသေးလို့ဆိုပြီး ထပ်ပြောပြထားပါတယ်။ ဒါ့အပြင် Gertrude က သူ့ကို ဂရုစိုက်ကြင်နာမှုတွေ မပေးခဲ့ဖူးဘူးလို့လည်း အခိုင်အမာပြောဆိုထားပါတယ်။

နောက်ဆုံးမှာတော့ တရားသူကြီးက တစ်ဦးကိုတစ်ဦး ကျေအေးခိုင်းပြီး သူတို့စုံတွဲနှစ်ဦးစလုံး တရာရုံးအပြင်ကို ထွက်သွားဖို့ အမိန့်ချခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*