82 နှစ်အရွယ်အဘွားအိုက အမှတ်မထင်ခေါ်ဆိုလာခဲ့တဲ့ဖုန်းကို ကိုင်မိခဲ့ပြီးနောက်ချစ်မိသွားပြီး လက်ထပ်ခဲ့တဲ့ 28 နှစ်အရွယ်အမျိုးသား (ရုပ်သံ)

82 နှစ်အရွယ်အဘွားအိုက အမှတ်မထင်ခေါ်ဆိုလာခဲ့တဲ့ဖုန်းကို ကိုင်မိခဲ့ပြီးနောက်ချစ်မိသွားပြီး လက်ထပ်ခဲ့တဲ့ 28 နှစ်အရွယ်အမျိုးသား (ရုပ်သံ)

ဒီလိုအချစ်ဇာတ်လမ်းမျိုးကတော့ ဘယ်သူကမှ တွေးထင်ထားမိမှာမဟုတ်ပါဘူး ။ အကြောင်းကတော့ အင်ဒိုနီးရှားနိုင်ငံ Mantehage ကျွန်းမှာနေထိုင်တဲ့ အသက် 28 နှစ်အရွယ် Sofian Loho Dandel အမည်ရှိတဲ့ အမျိုးသားဟာ သူ့ဆီမှားယွင်းပြီး ဖုန်းဆက်လာမိတဲ့ အသက် 82 နှစ်အရွယ်အဘွားအိုကို ချစ်ကြိုက်ခဲ့မိလို့ပါဘဲ ။ တစ်ရက်မှာတော့ အဘွားအိုဟာ မှားယွင်းပြီး Sofian ထံ ဖုန်းခေါ်ဆိုမိခဲ့ပါတယ် ။

Sofian ကလည်း မှားယွင်းပြီး ဖုန်းခေါ်ဆိုမိမှန်းသိပေမဲ့လည်း ဖုန်းမချဘဲ ဆက်ပြီးဖုန်းပြောနေခဲ့ရာ ရင်နှီးသွားခဲ့ကြပြီး နောက်ပိုင်းဖုန်းအဆက်အသွယ်တွေရှိခဲ့ကြပါတယ် ။Sofian ကလည်း အဘွားအိုရဲ့ အသက်အရွယ်ကို မမေးမြန်းမိခဲ့ဘဲ ၊ အဘွားအိုကို ချစ်ကျွမ်းဝင်နေခဲ့မိပါတော့တယ် ။ တစ်နှစ်ခန့်အကြာမှာတော့ Sofian ဟာ ချစ်သူရှိရာနေရာသို့ သွားပြီး တွေ့ဆုံဖို့ကြိုးစားခဲ့ပါတော့တယ် ။

ချစ်သူကောင်မလေးကို တွေ့လိုက်ရချိန်မှာတော့ Sofian တစ်ယောက်အတော်လေးထိတ်လန့်သွားခဲ့ပါတယ် ။ အသက်အရွယ်က အရေးမကြီးဘူးလို့ ထင်ခဲ့မိတဲ့ Sofian ရဲ့ ချစ်သူဟာ အသက် 82 နှစ်အရွယ် အဘွားအို ဖြစ်နေခဲ့လို့ပါပဲ ။ သို့ပေမဲ့လည်း တွေ့ဆုံစကားပြောပြီးနောက်မှာတော့ သူတို့ relationship ကို အဆင့်တက်ဖို့်ကြိုးစားခဲ့ကြပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

Sofian ရဲ့မိဘတွေကလည်း ချွေးမလောင်းရဲ့အသက်အရွယ်ကို မသိဘဲ လိုက်လာခဲ့ချိန်မှာတော့ သားဖြစ်သူရဲ့ ဇနီးလောင်းက အဘွားအိုမှန်း သိခဲ့ရပေမဲ့လည်း အရမ်းချစ်နေကြတဲ့စုံတွဲကိုတွေ့မြင်ခဲ့ချိန်မှာတော့ မခွဲရက်ဘဲသဘောတူခဲ့ကြရပါတယ် ။ Sofian ရဲ့မိဘတွေဟာ အသက် 60 အရွယ်သာရှိကြသေးကြောင်း သိရပါတယ် ။ သူတို့စုံတွဲရဲ့အချစ်ဇာတ်လမ်းလေးကတော့ နိုင်ငံတစ်ဝှမ်းအတော်လေးပျံ့နှံ့သွားပြီး လူတွေပြောဆိုစရာအဖြစ်အပျက်လေး ဖြစ်ခဲ့ရပါတယ် ။

Zawgyi

82 ႏွစ္အ႐ြယ္အဘြားအိုက အမွတ္မထင္ေခၚဆိုလာခဲ့တဲ့ဖုန္းကို ကိုင္မိခဲ့ၿပီးေနာက္ခ်စ္မိသြားၿပီး လက္ထပ္ခဲ့တဲ့ 28 ႏွစ္အ႐ြယ္အမ်ိဳးသား (႐ုပ္သံ)

 

 

ဒီလိုအခ်စ္ဇာတ္လမ္းမ်ိဳးကေတာ့ ဘယ္သူကမွ ေတြးထင္ထားမိမွာမဟုတ္ပါဘူး ။ အေၾကာင္းကေတာ့ အင္ဒိုနီးရွားႏိုင္ငံ Mantehage ကြၽန္းမွာေနထိုင္တဲ့ အသက္ 28 ႏွစ္အ႐ြယ္ Sofian Loho Dandel အမည္ရွိတဲ့ အမ်ိဳးသားဟာ သူ႔ဆီမွားယြင္းၿပီး ဖုန္းဆက္လာမိတဲ့ အသက္ 82 ႏွစ္အ႐ြယ္အဘြားအိုကို ခ်စ္ႀကိဳက္ခဲ့မိလို႔ပါဘဲ ။ တစ္ရက္မွာေတာ့ အဘြားအိုဟာ မွားယြင္းၿပီး Sofian ထံ ဖုန္းေခၚဆိုမိခဲ့ပါတယ္ ။

Sofian ကလည္း မွားယြင္းၿပီး ဖုန္းေခၚဆိုမိမွန္းသိေပမဲ့လည္း ဖုန္းမခ်ဘဲ ဆက္ၿပီးဖုန္းေျပာေနခဲ့ရာ ရင္ႏွီးသြားခဲ့ၾကၿပီး ေနာက္ပိုင္းဖုန္းအဆက္အသြယ္ေတြရွိခဲ့ၾကပါတယ္ ။Sofian ကလည္း အဘြားအိုရဲ႕ အသက္အ႐ြယ္ကို မေမးျမန္းမိခဲ့ဘဲ ၊ အဘြားအိုကို ခ်စ္ကြၽမ္းဝင္ေနခဲ့မိပါေတာ့တယ္ ။ တစ္ႏွစ္ခန႔္အၾကာမွာေတာ့ Sofian ဟာ ခ်စ္သူရွိရာေနရာသို႔ သြားၿပီး ေတြ႕ဆုံဖို႔ႀကိဳးစားခဲ့ပါေတာ့တယ္ ။

ခ်စ္သူေကာင္မေလးကို ေတြ႕လိုက္ရခ်ိန္မွာေတာ့ Sofian တစ္ေယာက္အေတာ္ေလးထိတ္လန႔္သြားခဲ့ပါတယ္ ။ အသက္အ႐ြယ္က အေရးမႀကီးဘူးလို႔ ထင္ခဲ့မိတဲ့ Sofian ရဲ႕ ခ်စ္သူဟာ အသက္ 82 ႏွစ္အ႐ြယ္ အဘြားအို ျဖစ္ေနခဲ့လို႔ပါပဲ ။ သို႔ေပမဲ့လည္း ေတြ႕ဆုံစကားေျပာၿပီးေနာက္မွာေတာ့ သူတို႔ relationship ကို အဆင့္တက္ဖို႔္ႀကိဳးစားခဲ့ၾကၿပီး လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္ ။

Sofian ရဲ႕မိဘေတြကလည္း ေခြၽးမေလာင္းရဲ႕အသက္အ႐ြယ္ကို မသိဘဲ လိုက္လာခဲ့ခ်ိန္မွာေတာ့ သားျဖစ္သူရဲ႕ ဇနီးေလာင္းက အဘြားအိုမွန္း သိခဲ့ရေပမဲ့လည္း အရမ္းခ်စ္ေနၾကတဲ့စုံတြဲကိုေတြ႕ျမင္ခဲ့ခ်ိန္မွာေတာ့ မခြဲရက္ဘဲသေဘာတူခဲ့ၾကရပါတယ္ ။ Sofian ရဲ႕မိဘေတြဟာ အသက္ 60 အ႐ြယ္သာရွိၾကေသးေၾကာင္း သိရပါတယ္ ။ သူတို႔စုံတြဲရဲ႕အခ်စ္ဇာတ္လမ္းေလးကေတာ့ ႏိုင္ငံတစ္ဝွမ္းအေတာ္ေလးပ်ံ႕ႏွံ႔သြားၿပီး လူေတြေျပာဆိုစရာအျဖစ္အပ်က္ေလး ျဖစ္ခဲ့ရပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*