7 နှစ်အရွယ်ကလေးရဲ့နောက်ဆုံးဈာပနအခမ်းအနားမှာ စူပါဟီးရိုးတစ်ယောက်လို နှုတ်ဆက်ပေးခဲ့ကြတဲ့ ရဲအရာရှိများ

7 နှစ်အရွယ်ကလေးရဲ့နောက်ဆုံးဈာပနအခမ်းအနားမှာ စူပါဟီးရိုးတစ်ယောက်လို နှုတ်ဆက်ပေးခဲ့ကြတဲ့ ရဲအရာရှိများ

အသက် ၇ နှစ်အရွယ် Jesse Heikkila အမည်ရှိကောင်လေးတစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါကို အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသူဖြစ်ပါတယ်။Jesse ဟာ အမြဲတမ်း စူပါဟီးရိုးတစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဒါမှမဟုတ် အိုလံပစ်ရေကူးသမားတစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။

ကံမကောင်းစွာပဲ ကင်ဆာတိုက်ပွဲမှာ ကျရှုံးသွားခဲ့တဲ့ Jesse ဟာ သူ့ရဲ့ဆန္ဒတွေထဲမှတစ်ခုကိုတောင် ဖြစ်လာအောင်မလုပ်နိုင်ခဲ့ပါဘူး။ကင်ဆာရောဂါဟာ ရက်စက်ကြမ်းကြုတ်ပြီး ကျွန်တော်တို့ထံမှ လူအမြောက်အများကို မကြာခဏ ခေါ်ဆောင်သွားတတ်ပါတယ်။Jesse က စူပါဟီးရိုးတစ်ယောက်အဖြစ် ကြီးပြင်းချင်ခဲ့တဲ့အတွက်ကြောင့် ဒေသခံရဲအရာရှိက Jesse ကို သူ့တပ်ဖွဲ့ရဲ့ဂုဏ်ထူးဆောင်အရာရှိအဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။

ထို့နောက် Bridgewater မှ ရဲဌာနရှိ ရဲအရာရှိများဟာ ကျရှုံးသွားတဲ့သူတို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Jesse ရဲ့ဈာပနအခမ်းအနားမှာ နှုတ်ဆက်စကားပြောကြားပြီး အလေးပြုခဲ့ကြပါတယ်။Jesse ရဲ့ ဦးလေးဖြစ်သူကလည်း Batman အဖြစ် ဝတ်ဆင်ခဲ့ပြီး Jesse အတွက် Star Wars ဂီတဆောင်ပုဒ်မှာ ပါဝင်ပေးခဲ့ပါတယ်။

 

Bridgewater မှ Dawn Savery အမည်ရှိအရာရှိဟာ Jesse အတွက် နိုင်ငံတစ်ဝှမ်းရှိအရာရှိများနှင့်ပင် တွေ့ဆုံခဲ့ပြီး စုရုံးပေးခဲ့ပါတယ်။Jesse ရဲ့ဈာပနကိုစီတန်းလှည့်လည်နေစဉ်အတွင်း လူများစွာကလည်း Jesse အတွက် စူပါဟီးရိုးတွေလို ဝတ်စားဆင်ယင်ပေးခဲ့ပါတယ်။ဒါက Jesse ကို အကောင်းတကာ့အကောင်းဆုံးနည်းနဲ့မှတ်မိနေစေဖို့အတွက် လှပတဲ့နည်းလမ်းတစ်ခုပါပဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*