5 မီတာအရှည်ရှိတဲ့ မိကျောင်းနဲ့အတူ နေ့စဉ်ရေအတူကူးပြီး ဆော့ကစားလေ့ရှိတဲ့ အမျိုးသား

5 မီတာအရှည်ရှိတဲ့ မိကျောင်းနဲ့အတူ နေ့စဉ်ရေအတူကူးပြီး ဆော့ကစားလေ့ရှိတဲ့ အမျိုးသား

Chito အမည်ရှိတဲ့ အမျိုးသားကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး အိမ်မွေးတိရစ္ဆာန်မွေးမြူထားတဲ့လူလို့ သတ်မှတ်ရမှာပါပဲ ။ အကြောင်းကတော့ သူဟာကြောက်လန့်ခြင်းမရှိဘဲ သူ့ရဲ့ 5 မီတာအရှည်ရှိတဲ့ မိကျောင်းနဲ့အတူ နေ့စဉ်ရေကူးပြီး ဆော့ကစားနေခဲ့လို့ပါပဲ ။ အဆိုပါ မိကျောင်းကို လွန်ခဲ့တဲ့ 20 နှစ်လောက်က ထိခိုက်ဒဏ်ရာတွေများစွာရခဲ့လို့ Chito က ကယ်တင်ပြုစုစောင့်ရှောက်ပေးခဲ့တာပါ ။ ဒါကြောင့် မိကျောင်းလည်း Chito ရဲ့ ကျေးဇူးကိုသိပြီး ၊ သခင်ဖြစ်သူကို ချစ်မြတ်နိုးတဲ့စိတ်တွေကြောင့် အခုလို သခင့်အပေါ် အန္တရာယ်မပြုခဲ့တာပဲ ဖြစ်ပါတယ် ။

သို့ပေမဲ့လည်း မိကျောင်းဆိုတဲ့အမျိုးက သားရဲတိရစ္ဆာန်ဖြစ်တဲ့အတွက် လူကိုပြန်ပြီးအန္တရာယ်ပေးနိုင်ကြောင်း Chito ကို လူအတော်များများက သတိပေးတားမြစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း နှစ်ပေါင်း 20 ကြာတဲ့အထိ သူတို့ကြားက သံယောဇဉ်တွေက မပျောက်ပျက်ဘဲ ယခုချိန်အထိ အတူတူ ပျော်ရွှင်စွာ ဆက်ပြီးနေထိုင်နေကြဆဲပါပဲလေ ။

Zawgyi




Be the first to comment

Leave a Reply

Your email address will not be published.


*