5 နှစ်အရွယ်ကတည်းက သူဋ္ဌေးကြီးရဲ့မွေးစားခြင်းကိုခံခဲ့ရလို့ မိဘအရင်းတွေကိုပါ ကြွယ်ဝချမ်းသာစေခဲ့တဲ့ ကလေးမလေး

5 နှစ်အရွယ်ကတည်းက သူဋ္ဌေးကြီးရဲ့မွေးစားခြင်းကိုခံခဲ့ရလို့ မိဘအရင်းတွေကိုပါ ကြွယ်ဝချမ်းသာစေခဲ့တဲ့ ကလေးမလေး

အသက် ၅ နှစ်အရွယ် Breanna Youn အမည်ရှိအမျိုးသမီးဟာ ကိုရီးယားနှင့်ဖိလစ်ပိုင် ကပြားလူမျိုးဖြစ်ပါတယ်။သူမရဲ့ဖခင်က ကိုရီးယားဖြစ်ပြီး သူမရဲ့မိခင်မှာ ဖိလစ်ပိုင်လူမျိုးဖြစ်ပါတယ်။Breanna ဟာ မွေးဖွားချိန်ကတည်းက လှပတဲ့အသားအရေနှင့် ချစ်စရာကောင်းတဲ့မျက်နှာပုံစံရှိပါတယ်။သူမရဲ့ မိဘများက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာ ပင်လယ်စာပို့ကုန်လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ သူမရဲ့နောက်ခံက အတော်လေး ကောင်းပြီး Breanna ရဲ့အမေက ချစ်စရာလေးကောင်းတဲ့ Breanna ရဲ့ကြီးထွားလာမှုကိုမှတ်တမ်းတင်ဖို့ Instagram မှာ သူမရဲ့နေ့စဉ်ဓာတ်ပုံများကို မကြာခဏတင်လေ့ရှိပါတယ်။ Breanna Youn ဟာ “show baby show” ပွဲပြီးနောက် ချက်ချင်းကျော်ကြားလာခဲ့ပါတယ်။

Daily Mail သတင်းစာအရ Breanna မှာ ပရိသတ် ၁ သန်းကျော်ရှိပြီး ပရိသတ်အများစုက အရှေ့အလယ်ပိုင်းမှဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းရှိပရိသတ်များဟာ အလွန်ရက်ရောကြပါတယ်။Breanna ဟာ LV, Chanel, Gucci စတဲ့ဇိမ်ခံပစ္စည်းအမျိုးမျိုးကို ပရိသတ်များထံမှ မကြာခဏရလေ့ရှိပါတယ်။သူမရဲ့ ပရိသတ်အများစုမှာ ဒူဘိုင်းမှာနေထိုင်တယ် လို့ပြောလို့ရပါတယ်။

ထို့အပြင် ချမ်းသာကြွယ်ဝတဲ့သူဌေးဟာ Breanna Youn ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်နေခဲ့ပြီး သူ့ရဲ့ “idol” ကို ဇိမ်ခံပစ္စည်းများလုံလောက်စွာပေးပြီးနောက် သူမရဲ့မိသားစုကိုလည်း ဒူဘိုင်းသို့ အပျော်ခရီးထွက်ရန် ဖိတ်ကြားခဲ့ပါတယ်။အဆိုပါသူဌေးဟာ ကိုယ်ပိုင်ဂျက်လေယာဉ်များ၊ ဇိမ်ခံကားများနှင့် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်များဖြင့် Breanna ရဲ့မိဘများအား သူ့ရဲ့ဘဏ္ဍာရေးအရင်းအမြစ်ကို ပြသခဲ့ပြီး သူဟာ သူတို့ရဲ့သမီးကို မွေးစားလိုကြောင်း Breanna ရဲ့မိဘများထံ တင်ပြခဲ့ပါတယ်။

ရလဒ်အနေနဲ့ Breanna ရဲ့မိဘများဟာ သဘောတူညီခဲ့ကြပြီး နောက် အဆိုပါဒူဘိုင်းသူဌေးဟာ Breanna ရဲ့ဖခင်ဖြစ်လာခဲ့ပါတယ်။Breanna မှာ တခြားဒူဘိုင်းညီအစ်ကိုသုံးဦးလည်း ရှိနေပါတယ်။

ထို့နောက် နှစ်တွေကြာလာတဲ့အခါ Breanna ရဲ့မိဘအရင်းများကလည်း ဒူဘိုင်းသို့ပြောင်းရွှေ့ခဲ့ပါတယ်။အဆိုပါသူဌေးက Breanna ရဲ့မိသားစုကို ဇိမ်ခံအိမ်ကြီးတစ်လုံးကိုပေးခဲ့တဲ့အပြင် နေ့စဉ်စီးနင်းရန် ဇိမ်ခံကားများ၊ အကောင်းဆုံးအစားအစာများ၊ နာမည်ကြီးအမှတ်တံဆိပ်အဝတ်အစားများနှင့် နာမည်ကြီးအမှတ်တံဆိပ်ကုန်ပစ္စည်းများစွာကို ပေးခဲ့ပါတယ်။လူမှုကွန်ယက်များပေါ်ရှိ Breanna ရဲ့ဘဝဟာ “စူပါအနုပညာရှင်” တစ်ဦးနှင့် ပို၍ပင် တူလာခဲ့ပါတယ်။

ထို့အပြင် Breanna ဟာ သူမရဲ့ယုံကြည်ကိုးကွယ်တဲ့ဘာသာကို ပြောင်းလဲခဲ့ပြီး မွတ်စလင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။Breanna ဟာ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းလူမျိုးတစ်ဦး ဖြစ်လာခဲ့ပါတယ်။သူမဟာ အနက်ရောင်အဝတ်အစားကို နေ့စဉ်ဝတ်ဆင်လာခဲ့ပြီး ကြီးပြင်းလာတာနှင့်အမျှ Breanna ဟာ ငယ်စဉ်က ကဲ့သို့ပင် လူမှုရေးကွန်ရက်ရဲ့လွတ်လပ်မှုကို ခံစားခွင့်မရှိတော့ပါဘူး။ထို့နောက် Breanna ဒူဘိုင်းရဲ့အယူအရ အရွယ်ရောက်မိန်းကလေးတစ်ဦးဟာ လုံလုံခြုံခြုံသာ ဝတ်ဆင်လာကာ ပေါ်ထင်စွာ မနေထိုင်ရတော့ပါဘူး။

ယခင်က social media မှာ သန်းပေါင်းများစွာသောပရိသတ်များရှိနေတဲ့ Breanna က ယခုမှာတော့ ဝင်ငွေနှင့် ပတ်သက်ပြီး အထူးသလည် စိုးရိမ်နေစရာအကြောင်း မရှိတော့ပါဘူး။ထို့ကဲ့သို့သော ချမ်းသာကြွယ်ဝမှုမျိုးက လူများစွာရဲ့ တစ်သက်တာမှာ မရနိုင်တဲ့ဇိမ်ခံပစ္စည်းဖြစ်ကြောင်းလည်း သူမအတွက် ငြင်းနေစရာအကြောင်း မရှိတော့ပါဘူး။

လက်ရှိမှာတော့ သူမဘဝရဲ့အဖြစ်မှန်ကို အင်တာနက်အသုံးပြုသူများစွာက သိခဲ့ရပြီး သူမကို အားကျနေသူများလည်း ရှိသလို သူမရဲ့မိဘအရင်းကိုလည်း အပြစ်တင်ရှုတ်ချထားကြသူများလည်း ရှိနေခဲ့ပါတယ်။

Zawgyi

5 ႏွစ္အ႐ြယ္ကတည္းက သူေ႒းႀကီးရဲ႕ေမြးစားျခင္းကိုခံခဲ့ရလို႔ မိဘအရင္းေတြကိုပါ ႂကြယ္ဝခ်မ္းသာေစခဲ့တဲ့ ကေလးမေလး


အသက္ ၅ ႏွစ္အ႐ြယ္ Breanna Youn အမည္ရွိအမ်ိဳးသမီးဟာ ကိုရီးယားႏွင့္ဖိလစ္ပိုင္ ကျပားလူမ်ိဳးျဖစ္ပါတယ္။သူမရဲ႕ဖခင္က ကိုရီးယားျဖစ္ၿပီး သူမရဲ႕မိခင္မွာ ဖိလစ္ပိုင္လူမ်ိဳးျဖစ္ပါတယ္။Breanna ဟာ ေမြးဖြားခ်ိန္ကတည္းက လွပတဲ့အသားအေရႏွင့္ ခ်စ္စရာေကာင္းတဲ့မ်က္ႏွာပုံစံရွိပါတယ္။သူမရဲ႕ မိဘမ်ားက ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္မွာ ပင္လယ္စာပို႔ကုန္လုပ္ငန္းကို လုပ္ကိုင္ၾကပါတယ္။ သူမရဲ႕ေနာက္ခံက အေတာ္ေလး ေကာင္းၿပီး Breanna ရဲ႕အေမက ခ်စ္စရာေလးေကာင္းတဲ့ Breanna ရဲ႕ႀကီးထြားလာမႈကိုမွတ္တမ္းတင္ဖို႔ Instagram မွာ သူမရဲ႕ေန႔စဥ္ဓာတ္ပုံမ်ားကို မၾကာခဏတင္ေလ့ရွိပါတယ္။ Breanna Youn ဟာ “show baby show” ပြဲၿပီးေနာက္ ခ်က္ခ်င္းေက်ာ္ၾကားလာခဲ့ပါတယ္။

Daily Mail သတင္းစာအရ Breanna မွာ ပရိသတ္ ၁ သန္းေက်ာ္ရွိၿပီး ပရိသတ္အမ်ားစုက အေရွ႕အလယ္ပိုင္းမွျဖစ္ပါတယ္။အေရွ႕အလယ္ပိုင္းရွိပရိသတ္မ်ားဟာ အလြန္ရက္ေရာၾကပါတယ္။Breanna ဟာ LV, Chanel, Gucci စတဲ့ဇိမ္ခံပစၥည္းအမ်ိဳးမ်ိဳးကို ပရိသတ္မ်ားထံမွ မၾကာခဏရေလ့ရွိပါတယ္။သူမရဲ႕ ပရိသတ္အမ်ားစုမွာ ဒူဘိုင္းမွာေနထိုင္တယ္ လို႔ေျပာလို႔ရပါတယ္။

ထို႔အျပင္ ခ်မ္းသာႂကြယ္ဝတဲ့သူေဌးဟာ Breanna Youn ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ေနခဲ့ၿပီး သူ႔ရဲ႕ “idol” ကို ဇိမ္ခံပစၥည္းမ်ားလုံေလာက္စြာေပးၿပီးေနာက္ သူမရဲ႕မိသားစုကိုလည္း ဒူဘိုင္းသို႔ အေပ်ာ္ခရီးထြက္ရန္ ဖိတ္ၾကားခဲ့ပါတယ္။အဆိုပါသူေဌးဟာ ကိုယ္ပိုင္ဂ်က္ေလယာဥ္မ်ား၊ ဇိမ္ခံကားမ်ားႏွင့္ ၾကယ္ငါးပြင့္အဆင့္ရွိဟိုတယ္မ်ားျဖင့္ Breanna ရဲ႕မိဘမ်ားအား သူ႔ရဲ႕ဘ႑ာေရးအရင္းအျမစ္ကို ျပသခဲ့ၿပီး သူဟာ သူတို႔ရဲ႕သမီးကို ေမြးစားလိုေၾကာင္း Breanna ရဲ႕မိဘမ်ားထံ တင္ျပခဲ့ပါတယ္။

ရလဒ္အေနနဲ႔ Breanna ရဲ႕မိဘမ်ားဟာ သေဘာတူညီခဲ့ၾကၿပီး ေနာက္ အဆိုပါဒူဘိုင္းသူေဌးဟာ Breanna ရဲ႕ဖခင္ျဖစ္လာခဲ့ပါတယ္။Breanna မွာ တျခားဒူဘိုင္းညီအစ္ကိုသုံးဦးလည္း ရွိေနပါတယ္။

ထို႔ေနာက္ ႏွစ္ေတြၾကာလာတဲ့အခါ Breanna ရဲ႕မိဘအရင္းမ်ားကလည္း ဒူဘိုင္းသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။အဆိုပါသူေဌးက Breanna ရဲ႕မိသားစုကို ဇိမ္ခံအိမ္ႀကီးတစ္လုံးကိုေပးခဲ့တဲ့အျပင္ ေန႔စဥ္စီးနင္းရန္ ဇိမ္ခံကားမ်ား၊ အေကာင္းဆုံးအစားအစာမ်ား၊ နာမည္ႀကီးအမွတ္တံဆိပ္အဝတ္အစားမ်ားႏွင့္ နာမည္ႀကီးအမွတ္တံဆိပ္ကုန္ပစၥည္းမ်ားစြာကို ေပးခဲ့ပါတယ္။လူမႈကြန္ယက္မ်ားေပၚရွိ Breanna ရဲ႕ဘဝဟာ “စူပါအႏုပညာရွင္” တစ္ဦးႏွင့္ ပို၍ပင္ တူလာခဲ့ပါတယ္။

ထို႔အျပင္ Breanna ဟာ သူမရဲ႕ယုံၾကည္ကိုးကြယ္တဲ့ဘာသာကို ေျပာင္းလဲခဲ့ၿပီး မြတ္စလင္တစ္ဦး ျဖစ္လာခဲ့ပါတယ္။Breanna ဟာ ႏိုင္ငံသားအျဖစ္ ေျပာင္းလဲခံယူခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းလူမ်ိဳးတစ္ဦး ျဖစ္လာခဲ့ပါတယ္။သူမဟာ အနက္ေရာင္အဝတ္အစားကို ေန႔စဥ္ဝတ္ဆင္လာခဲ့ၿပီး ႀကီးျပင္းလာတာႏွင့္အမွ် Breanna ဟာ ငယ္စဥ္က ကဲ့သို႔ပင္ လူမႈေရးကြန္ရက္ရဲ႕လြတ္လပ္မႈကို ခံစားခြင့္မရွိေတာ့ပါဘူး။ထို႔ေနာက္ Breanna ဒူဘိုင္းရဲ႕အယူအရ အ႐ြယ္ေရာက္မိန္းကေလးတစ္ဦးဟာ လုံလုံၿခဳံၿခဳံသာ ဝတ္ဆင္လာကာ ေပၚထင္စြာ မေနထိုင္ရေတာ့ပါဘူး။

ယခင္က social media မွာ သန္းေပါင္းမ်ားစြာေသာပရိသတ္မ်ားရွိေနတဲ့ Breanna က ယခုမွာေတာ့ ဝင္ေငြႏွင့္ ပတ္သက္ၿပီး အထူးသလည္ စိုးရိမ္ေနစရာအေၾကာင္း မရွိေတာ့ပါဘူး။ထို႔ကဲ့သို႔ေသာ ခ်မ္းသာႂကြယ္ဝမႈမ်ိဳးက လူမ်ားစြာရဲ႕ တစ္သက္တာမွာ မရႏိုင္တဲ့ဇိမ္ခံပစၥည္းျဖစ္ေၾကာင္းလည္း သူမအတြက္ ျငင္းေနစရာအေၾကာင္း မရွိေတာ့ပါဘူး။

လက္ရွိမွာေတာ့ သူမဘဝရဲ႕အျဖစ္မွန္ကို အင္တာနက္အသုံးျပဳသူမ်ားစြာက သိခဲ့ရၿပီး သူမကို အားက်ေနသူမ်ားလည္း ရွိသလို သူမရဲ႕မိဘအရင္းကိုလည္း အျပစ္တင္ရႈတ္ခ်ထားၾကသူမ်ားလည္း ရွိေနခဲ့ပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*