38 သိန်းကျော်တန်ဖိုးရှိတဲ့ ရွှေဟန်းချိန်းကို ပင်လယ်စာဗန်းထဲထည့်ပြီး အချစ်ဆုံးသူငယ်ချင်းကို Surprise လုပ်ခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

Attya Saari အမည်ရှိတဲ့ မလေးရှားနိုင်ငံမှာနေထိုင်တဲ့မိန်းကလေးဟာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကို Surprise လုပ်ခဲ့တဲ့ video လေးက ကြည့်ရှု့သူတိုင်းကို ဝမ်းသာအားကျစေခဲ့ပါတယ် ။ သူမနဲ့ 18 နှစ်ခန့် သူငယ်ချင်းဖြစ်ခဲ့တဲ့ Natrah Ramle အမည်ရှိတဲ့ အမျိုးသမီးရဲ့ မွေးနေ့ပွဲလေးကို မြန်မာငွေ 38 သိန်းကျော် တန်ဖိုးရှိတဲ့ ဟန်ချိန်လေးကို Surprise လုပ်ပြီး လက်ဆောင်ပေးခဲ့တဲ့ video ကို Attya က သူမရဲ့ Instagram ပေါ် ဝေမျှခဲ့ပါတယ် ။

Video ထဲမှာတော့ အဆိုပါဟန်းချိန်းကို သူမတို့က ပင်လယ်စာဗန်းရဲ့အောက်ဆုံးမှာ သိုဝှက်ထားခဲ့တာပါ ။ အစပိုင်းမှာတော့ Natrah က အဆိုပါအထုပ်လေးကို ငါးဖမ်းသမားရဲ့ ကွန်ရက်ထည်ထင်ပြီး စားပွဲရဲ့ အဝေးကိုစိတ်ဆိုးတဲ့ပုံစံမျိုးနဲ့ ပစ်ထုတ်ခဲ့တာပါ ။နောက်ပိုင်းမှ အဆိုပါအထုပ်လေးကို ဖြေပြီး ဟန်းချိန်းလေးကို မြင်လိုက်ချိန်မှာမှ သူမအတွက် လက်ဆောင်လေးဖြစ်မှန်းသိပြီး အတော်လေး ပျော်ရွှင်သွားခဲ့တာပါ ။

Attyra ရဲ့ ရှင်းပြချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က မင်္ဂဆောင်သွားခဲ့တဲ့ Natrah ကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးချင်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သူမအခက်အခဲဖြစ်နေခဲ့စဉ်က Natrah ဟာ သူ့ရဲ့လက်ကောက်ကို ရောင်းပြီး သူမကိုငွေထုတ်ချေးပေးခဲ့လို့ ၊

စားဝတ်နေရေးအဆင်ပြေအောင် စီစဉ်ခဲ့ရပြီး ယခုလို Natrah ကို ဟန်းချိန်းလက်ဆောင်ပြန်ပေးခဲ့တာက သူမတို့ သူငယ်ချင်းနှစ်ဦးအကြား သူငယ်ချင်းသင်္ကေတလေး တစ်ခုအနေနဲ့ဖြစ်ကြောင်း ၊ သူမရဲ့ ကူညီပေးခဲ့မှုကို လုံးဝမမေ့နိုင်ခဲ့လို့ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*