စာသင်ခန်းထဲရောက်နေပေမဲ့လည်း ငွေရှာလို့ရတဲ့ မုန်ဆိုင်လေးဖွင့်ခဲ့တဲ့ ကျောင်းသား

ဖိလစ်ပိုင်နိုင်ငံအရှေ့တောင်ပိုင်း( USEP ) ၊ Davoa မြို့ရှိ Joenel Malonog လို့ခေါ်တဲ့ ကျောင်းသားတစ်ဦးဟာ သူ့ရဲ့ သင်တန်းကြေးအတွက် ကိုယ်တိုင်ဝင်ငွေရှာနိုင်ဖို့ ကျောင်းကွင်းထဲမှာ “Honesty Store” ကို ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်း အသက် ၂၀ အရွယ် ကျောင်းသားက သူ့ရဲ့ အစားအစာတွေကို ကျောင်းဝန်းကျင်ထဲ ရောင်းချလေ့ရှိပေမဲ့လည်း အလုပ်အများကြီးလုပ်ရဒါကြောင့် အရာနှစ်ခုလုပ်ဖို့ သူ့အတွက်ခက်ခဲနေပါတယ်။

သို့ပေမဲ့လည်း သူဟာ မိဘကို ကူညီစေချင်ဒါကြောင့် သူ့ရဲ့ “Honesty Store” ကို ဖွင့်လိုက်ပြီး Joene က Lumpia၊ ဒိုးနတ်၊ ရေခဲချောင်းတို့ ဝတ်အူချောင်းတို့ကို ရောင်းခဲ့ပါတယ်။ သူက သူ့အတန်းတက်ချိန်တွေမှာဆိုရင် “ကျွန်တော်အတန်းရှိနေဒါမို့ ဒီနေရာကို စောင့်ဖို့မအားဘူး။ ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးသားကာ ဆိုင်ကို ချန်ထားခဲ့လိုက်ပါတယ်။ သူအတန်းသွားတက်အချိနိတွေမှာ သူ့ရဲ့ ပစ္စည်းတွေကို လူတွေက ဝယ်ယူတဲ့အခါ လိမ်လည်ခြင်းမရှိဘဲ ပိုက်ဆံအိတ်ထဲကို ရိုးသားစွာ ပိုက်ဆံထည့်ပေးကြပါတယ်။

အဲ့ဒီလိုနဲ့ Joene ရဲ့ အလုပ်ကြိုးစားမှုကြောင့် သူဟာ ဆိုရှယ်မီဒီယာပေါ် မှာ လူတွေရဲ့ ချီးမွမ်းခြင်းခံခဲ့ရပါတယ်။ USEP ရဲ့ ဒုသမ္မတဖြစ်တဲ့ Academic Affairs Shirley Villanueva ဟာလည်း ၎င်းကျောင်းသားရဲ့ ရိုးသားဖြောင့်မတ်မှုကြောင့် Honesty Store ကို သိရှိလာပြီး Joene ကို ဂုဏ်ယူခဲ့ပါသေးတယ်။

Zawgyi




Be the first to comment

Leave a Reply

Your email address will not be published.


*