မိခင်ရဲ့ ‘ I Love You ‘ ဆိုတဲ့စကားကို ပထမဆုံးကြားလိုက်ရချိန် စိတ်လှုပ်ရှားငိုကြွေးသွားခဲ့တဲ့ နားပင်းနေတဲ့ကလေးငယ် (ရုပ်သံ)

ဒီ video လေးကတော့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ Charly အမည်ရှိတဲ့ ကလေးငယ်လေးဟာ မွေးကင်းစအရွယ်ကတည်းက နားပင်းနေခဲ့တာပါ ။ သူမက ဆူညံသံတွေ ၊ စကားသံတွေကို လုံးဝတုံ့ပြန်ခြင်းမျိုး မရှိခဲ့လို့ မိဘတွေကသံသယဖြစ်ပြီး ၊ ချက်ချင်း ဆေးရုံသို့ခေါ်ဆောင်သွားပြီး အကြားအာရုံစစ်ဆေးခဲ့ချိန်မှာတော့ သူတို့ထင်ထားတဲ့အတိုင်း သမီးငယ်လေးက နားပင်းနေခဲ့တာပါ ။

ဒါကြောင့် ကလေးငယ်လေးက အကြားအာရုံရရှိဖို့ နားကြားကိရိယာကို တပ်ဆင်ထားရမှာပါ ။ပထမဆုံး နားကြားကိရိယာတပ်ဆင်ပြီးနောက် မိဘတွေကလည်း ကလေးငယ်ရဲ့ပထမဆုံး အတွေ့အကြုံကို video ရိုက်ကူးထားခဲ့ကြပါတယ် ။ မိခင်ရဲ့ စကားသံကို ပထမဆုံးကြားလိုက်ရတဲ့ ကလေးငယ်ဟာ စိတ်လှုပ်ရှားမှုတွေ ၊ စိတ်ခံစားချက်တွေ ရောထွေးနေမှန်း သူမရဲ့မျက်နှာလေးက သိသာလွန်းလှပါတယ် ။

မိခင်ရဲ့ ‘ I Love You ‘ ဆိုတဲ့ စကားသံတွေ ပထမဆုံးကြားလိုက်ရတဲ့ ကလေးငယ်ရဲ့ပုံစံလေးက အရမ်းစိတ်လှုပ်ရှားပြီး ငိုကြွေးတော့မဲ့ပုံစံလေးပါ ။ မိဘတွေကတော့ သမီးလေး စကားပြောဆိုနိုင်ဖို့ အချိန်ပေးပြီး လေ့ကျင့်ပေးသွားမှာဖြစ်ကြောင်းလည်း ပြောပြသွားခဲ့ပါတယ် ။

Zawgyi

ဒီ video ေလးကေတာ့ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္ရွိပါတယ္ ။ Charly အမည္ရွိတဲ့ ကေလးငယ္ေလးဟာ ေမြးကင္းစအ႐ြယ္ကတည္းက နားပင္းေနခဲ့တာပါ ။ သူမက ဆူညံသံေတြ ၊ စကားသံေတြကို လုံးဝတုံ႔ျပန္ျခင္းမ်ိဳး မရွိခဲ့လို႔ မိဘေတြကသံသယျဖစ္ၿပီး ၊ ခ်က္ခ်င္း ေဆး႐ုံသို႔ေခၚေဆာင္သြားၿပီး အၾကားအာ႐ုံစစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူတို႔ထင္ထားတဲ့အတိုင္း သမီးငယ္ေလးက နားပင္းေနခဲ့တာပါ ။

ဒါေၾကာင့္ ကေလးငယ္ေလးက အၾကားအာ႐ုံရရွိဖို႔ နားၾကားကိရိယာကို တပ္ဆင္ထားရမွာပါ ။ပထမဆုံး နားၾကားကိရိယာတပ္ဆင္ၿပီးေနာက္ မိဘေတြကလည္း ကေလးငယ္ရဲ႕ပထမဆုံး အေတြ႕အႀကဳံကို video ႐ိုက္ကူးထားခဲ့ၾကပါတယ္ ။ မိခင္ရဲ႕ စကားသံကို ပထမဆုံးၾကားလိုက္ရတဲ့ ကေလးငယ္ဟာ စိတ္လႈပ္ရွားမႈေတြ ၊ စိတ္ခံစားခ်က္ေတြ ေရာေထြးေနမွန္း သူမရဲ႕မ်က္ႏွာေလးက သိသာလြန္းလွပါတယ္ ။

မိခင္ရဲ႕ ‘ I Love You ‘ ဆိုတဲ့ စကားသံေတြ ပထမဆုံးၾကားလိုက္ရတဲ့ ကေလးငယ္ရဲ႕ပုံစံေလးက အရမ္းစိတ္လႈပ္ရွားၿပီး ငိုေႂကြးေတာ့မဲ့ပုံစံေလးပါ ။ မိဘေတြကေတာ့ သမီးေလး စကားေျပာဆိုႏိုင္ဖို႔ အခ်ိန္ေပးၿပီး ေလ့က်င့္ေပးသြားမွာျဖစ္ေၾကာင္းလည္း ေျပာျပသြားခဲ့ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*