၉နှစ်ကောင်လေးက သူ့အမြွာအုတ်ဂူဆီသွားပြီ ပထမဆုံးကျောင်းတက်ရက်အကြောင်း ပြောပြခဲ့တဲ့ ဗီဒီယို

ညီလေးမရှိတော့ပေမယ့် ကောင်လေးက သူ့ဘဝရဲ့အတွေအကြုံတွေကို ပြောပြချင်နေတုန်းပဲ။

အမေရိကန်မှာ ကလေးအယောက် ၃ဝမွေးရင် အမြွာလေးတွေကတော့ ပါလာစမြဲပါ။ အမြွာလေးမွေးတာက ထုံးစံအတိုင်းအံ့သြစရာတော့မရှိပါဘူး။အမြွာတွေက စိတ်ချင်းဆက်သွယ်နိုင်တယ်၊ တစ်ယောက်နာကျင်ရင် နောက်တစ်ယောက််ကပါ နာကျင်တယ်လို့ တစ်ချို့တွေပြောဖူးပါတယ်။

၉နှစ်အရွယ် Walker Myrick ရဲ့ပုံကို သူ့အမေ ၂၀၁၂က တင်ထားတာပါ။ သူ့ဘဝမှာကြုံတွေ့ရတဲ့အကြောင်းလေးတွေကို သူ့ညီစာရေးပြီး သွားသွားပို့ခဲ့တယ်။ အခုလည်း Wallker သူ့ညီလေးဆီ စာသွားပို့ပြန်တယ်။ပထမဆုံးကျောင်းတက်ရက်မှာ သူမမေ့နိုင်တဲ့အတွေ့အကြုံလေးတွေကို ဝေမျှခဲ့တယ်။

၃၃နှစ်အမေ Brooke Myrick က “သူ့ညီလေးနဲ့ဒီလိုအဆက်သွယ်လုပ်နေတာကို မြင်တော့ ဝမ်းနည်းဝမ်းသာပေါ့..။သူ့ညီလေးက သူ့ကိုလှမ်းမျှော်ကြည့်နေတယ်လို့ သူခံစားနေရတာထင်တယ် ” လို့ပြောပါတယ်။

တကယ်တော့ သူ့ညီလေး Willis က သူတို့အမေသားအိမ်ကနေ TTTS ကိုကူးပြောင်းချိန်မှာ သေဆုံးသွားခဲ့တာပါ။

TTTS အရှည်က Twin to twin transfusion syndrome ဖြစ်ပြီး အချင်းကူးစက်ရောဂါ(သို့) အမြွာကိုယ်ဝန်ရောဂါလို့လည်းပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*