၇နှစ်ကြာ တစ်နေ့ကို ကော်ဖီ ၁၀ခွက်နှုန်းသောက်ခဲ့လို့ နရိုးက သက်ကြီးရွယ်အိုတစ်ယောက်ရဲ့နရိုးတွေလိုဖြစ်နေမှန်း သိခဲ့ရတဲ့ အမျိုးသမီး

၇နှစ်ကြာ တစ်နေ့ကို ကော်ဖီ ၁၀ခွက်နှုန်းသောက်ခဲ့လို့ နရိုးက သက်ကြီးရွယ်အိုတစ်ယောက်ရဲ့နရိုးတွေလိုဖြစ်နေမှန်း သိခဲ့ရတဲ့ အမျိုးသမီး

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကော်ဖီအလွန်အကျွံသောက်သုံးသူ အသက် ၃၀ အရွယ် Han Xiao အမည်ရှိတဲ့အမျိုးသမီးတစ်ဦးရဲ့နရိုးက သူမထက် အသက်နှစ်ဆကြီးတဲ့လူရဲ့နံရိုးများနှင့် ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။ Wuhan မြို့ မှ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Han ဟာ မကြာသေးခင်က တုပ်ကွေးရောဂါကူးစက်ခံခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ်အကြာအထိ ပြင်းထန်စွာ ချောင်းဆိုးနေခဲ့ပါတယ်။တစ်ညမှာ Han ဟာ ၁၀ မိနစ်ကျော်ကြာတဲ့အထိ ပြင်းထန်တဲ့ချောင်းဆိုးခြင်းဝေဒနာခံစားခဲ့ရပြီးနောက် မခံရပ်နိုင်တဲ့ရင်ဘတ်နာကျင်မှုအဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ််။

ဓာတ်မှန်ရိုက်ပြီးနောက်မှာ သူမရဲ့ရင်ဘတ်နာကျင်မှုဟာ ပြင်းထန်တဲ့ချောင်းဆိုးခြင်းကြောင့် သူမရဲ့တတိယ ၊ စတုတ္ထနှင့် ပဉ္စမနံရိုးများမှာ အရိုးကျိုးသွားခဲ့ကြောင်းကို တွေ့ရှိခဲ့ရတယ် လို့ ဆရာဝန်က ပြောပြခဲ့ပါတယ်။ထပ်မံအကဲဖြတ်မှုအနေဖြင့် Han ဟာ ကော်ဖီကို ရေသောက်သလို သောက်ခဲ့ပြီး ၇နှစ်အကြာ တစ်နေ့လျှင် ကော်ဖီခွက် ၁၀ ခွက်ကျော် သောက်သုံးခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပိုဆိုးတာက Han ဟာ အရိုးပွရောဂါဖြစ်ပွါးဖို့ လမ်းကြောင်းပေါ်ရောက်နေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ကော်ဖီအလွန်အကျွံသောက်သုံးခြင်းက လူငယ်များအကြား အရိုးပွရောဂါဖြစ်ပွါးမှုကိုကြီးထွားလာစေကြောင်းကို Chen Baojun အမည်ရှိတဲ့ရင်သားကင်ဆာခွဲစိတ်မှုဌာနရှိညွှန်ကြားရေးမှူးဒေါက်တာက ထောက်ပြပေးခဲ့ပါသေးတယ်။ဟုတ်ပါတယ် ယနေ့ခေတ် လူငယ်တွေက အလုပ်အတွက် စိတ်နှစ်ထားတဲ့အခါ မအိပ်ချင်အောင် ကော်ဖီကို အလွန်အကျွံသောက်တတ်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*