
၄ နှစ်အတွင်း စုဆောင်းရရှိထားတဲ့ အကြွေစေ့တွေနဲ့ ဇနီးသည်အတွက် မော်တော်ဆိုင်ကယ်တစ်စီး ဝယ်ပေးခဲ့တဲ့ အမျိုးသား
ဂျာဗားအလယ်ပိုင်း၊ Demak ပြည်နယ်က Fajar Satria Nugroho အမည်ရှိအမျိုးသားတစ်ဦးဟာ အကြွေစေ့ တွေကို စုဆောင်းနေခဲ့ပါတယ်။ “little by little, a hill can form” ဆိုတဲ့ စကားပုံရဲ့ အကြံပေးချက်ကိုနှလုံးသွင်းပြီး Fajar ဟာ အကြွေစေ့ တိုင်းကို သိမ်းယူစုဆောင်းနေခဲ့ပါတယ်။
၄နှစ်အတွင်းရှာတွေ့နိုင်တဲ့ အကြွေစေ့ ၁၀၀၀ (~ USD0.07) ကို ဒီနှစ်မှာတော့ Fajar ဟာ နောက်ဆုံးမှာ သူ့ဇနီးအတွက် မော်တော်ဆိုင်ကယ်အသစ်တစ်စီး ဝယ်ယူနိုင်ဖို့ ငွေအလုံအလောက်စုဆောင်းနိုင်ခဲ့ပြီး ဒီလုပ်ငန်းစဉ်ဟာ တိုင်းပြည်အနှံ့က လင်ယောက်ျားတွေအတွက် စံပြဖြစ်လာခဲ့ပါတယ်။ Fajar ဟာ အကြွေစေ့တွေနဲ့ ပြည့်နေတဲ့ဂါလံကို အရောင်းအဝယ်ပြုလုပ်ခဲ့ပါတယ်။ ထိုဂါလံအကြွေစေ့ကို သူ့ဇနီးအတွက် အနီရောင်ဆိုင်ကယ်အသစ်နဲ့ လဲလှယ်ခဲ့ပါတယ်။
အရောင်းကိုယ်စားလှယ်ဝန်ထမ်း (၅) ယောက်က အကြွေစေ့တွေအားလုံးကို ရေတွက်ရန် (၃) နာရီကြာအောင် အချိန်ယူခဲ့ရပါတယ်။ နောက်ပြီး Fajar ဟာ မော်တော်ဆိုင်ကယ်အတွက် သူလိုအပ်တဲ့ ၂၀,600,000 (~ အမေရိကန်ဒေါ်လာ ၁,၃၉၀.၇၃) နဲ့ ပြောင်းလဲမှုကိုပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ သူ့ဇနီးရဲ့နှစ်သက်မှုအတွက် အနီရောင် Honda Scoopy ကို ဝယ်ယူနိုင်ခဲ့ပါတယ်။
Fajar ဟာ သူ့ကျေးရွာအကြီးအကဲရဲ့ အတွင်းရေးမှူးအဖြစ် အဓိကလုပ်ကိုင်ပြီး သူ့ဇနီး နဲ့ အတူ စတိုးဆိုင်ငယ်တစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။ သူရဲ့စတိုးဆိုင်မှ လူများ ဝယ်ယူမှုတွေကြောင့် သူဟာ အကြွေစေ့ အားလုံးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ၄ နှစ်တာ အကြွေစေ့ ၁၀၀၀ (~ USD0.07) စုဆောင်းနိုင်ခဲ့ပါတယ်။ သူဟာ အရောင်းပြခန်းကနေ သူကောက်ယူခဲ့တဲ့ထောင် နဲ့ ချီ အကြွေစေ့တွေကို သယ်ဆောင်ရန် Fajar ဟာ အခြားလူနှစ်ဦး ရဲ့ အကူအညီကို တောင်းခံခဲ့ရပါတယ်။
ဒါဟာဘဝမှာ အကြွေစေ့တစ်ခုတည်းရဲ့အများအားဖြင့် ပေါ့ပါးမှုမရှိတဲ့ အလေးချိန် နဲ့ တန်ဖိုးဟာ အတူတကွပေါင်းစည်းလိုက်ခြင်းကြောင့် သင့်ဘဝအပေါ် အတော်လေး ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ပြသတာပါ။
Zawgyi
၄ ႏွစ္အတြင္း စုေဆာင္းရရွိထားတဲ့ အေႂကြေစ့ေတြနဲ႔ ဇနီးသည္အတြက္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီး ဝယ္ေပးခဲ့တဲ့ အမ်ိဳးသား
ဂ်ာဗားအလယ္ပိုင္း၊ Demak ျပည္နယ္က Fajar Satria Nugroho အမည္ရွိအမ်ိဳးသားတစ္ဦးဟာ အေႂကြေစ့ ေတြကို စုေဆာင္းေနခဲ့ပါတယ္။ “little by little, a hill can form” ဆိုတဲ့ စကားပုံရဲ႕ အႀကံေပးခ်က္ကိုႏွလုံးသြင္းၿပီး Fajar ဟာ အေႂကြေစ့ တိုင္းကို သိမ္းယူစုေဆာင္းေနခဲ့ပါတယ္။
၄ႏွစ္အတြင္းရွာေတြ႕ႏိုင္တဲ့ အေႂကြေစ့ ၁၀၀၀ (~ USD0.07) ကို ဒီႏွစ္မွာေတာ့ Fajar ဟာ ေနာက္ဆုံးမွာ သူ႔ဇနီးအတြက္ ေမာ္ေတာ္ဆိုင္ကယ္အသစ္တစ္စီး ဝယ္ယူႏိုင္ဖို႔ ေငြအလုံအေလာက္စုေဆာင္းႏိုင္ခဲ့ၿပီး ဒီလုပ္ငန္းစဥ္ဟာ တိုင္းျပည္အႏွံ႔က လင္ေယာက္်ားေတြအတြက္ စံျပျဖစ္လာခဲ့ပါတယ္။ Fajar ဟာ အေႂကြေစ့ေတြနဲ႔ ျပည့္ေနတဲ့ဂါလံကို အေရာင္းအဝယ္ျပဳလုပ္ခဲ့ပါတယ္။ ထိုဂါလံအေႂကြေစ့ကို သူ႔ဇနီးအတြက္ အနီေရာင္ဆိုင္ကယ္အသစ္နဲ႔ လဲလွယ္ခဲ့ပါတယ္။
အေရာင္းကိုယ္စားလွယ္ဝန္ထမ္း (၅) ေယာက္က အေႂကြေစ့ေတြအားလုံးကို ေရတြက္ရန္ (၃) နာရီၾကာေအာင္ အခ်ိန္ယူခဲ့ရပါတယ္။ ေနာက္ၿပီး Fajar ဟာ ေမာ္ေတာ္ဆိုင္ကယ္အတြက္ သူလိုအပ္တဲ့ ၂၀,600,000 (~ အေမရိကန္ေဒၚလာ ၁,၃၉၀.၇၃) နဲ႔ ေျပာင္းလဲမႈကိုျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံးမွာ သူ႔ဇနီးရဲ႕ႏွစ္သက္မႈအတြက္ အနီေရာင္ Honda Scoopy ကို ဝယ္ယူႏိုင္ခဲ့ပါတယ္။
Fajar ဟာ သူ႔ေက်း႐ြာအႀကီးအကဲရဲ႕ အတြင္းေရးမႉးအျဖစ္ အဓိကလုပ္ကိုင္ၿပီး သူ႔ဇနီး နဲ႔ အတူ စတိုးဆိုင္ငယ္တစ္ခုကိုလည္း ဖြင့္လွစ္ထားပါတယ္။ သူရဲ႕စတိုးဆိုင္မွ လူမ်ား ဝယ္ယူမႈေတြေၾကာင့္ သူဟာ အေႂကြေစ့ အားလုံးကို သိမ္းဆည္းႏိုင္ခဲ့ပါတယ္။ ၄ ႏွစ္တာ အေႂကြေစ့ ၁၀၀၀ (~ USD0.07) စုေဆာင္းႏိုင္ခဲ့ပါတယ္။ သူဟာ အေရာင္းျပခန္းကေန သူေကာက္ယူခဲ့တဲ့ေထာင္ နဲ႔ ခ်ီ အေႂကြေစ့ေတြကို သယ္ေဆာင္ရန္ Fajar ဟာ အျခားလူႏွစ္ဦး ရဲ႕ အကူအညီကို ေတာင္းခံခဲ့ရပါတယ္။
ဒါဟာဘဝမွာ အေႂကြေစ့တစ္ခုတည္းရဲ႕အမ်ားအားျဖင့္ ေပါ့ပါးမႈမရွိတဲ့ အေလးခ်ိန္ နဲ႔ တန္ဖိုးဟာ အတူတကြေပါင္းစည္းလိုက္ျခင္းေၾကာင့္ သင့္ဘဝအေပၚ အေတာ္ေလး ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈရွိႏိုင္တယ္ဆိုတာကို ျပသတာပါ။
Leave a Reply