၄နှစ်တွဲလာခဲ့တဲ့ကောင်မလေးကို လူကြားထဲချစ်ခွင့်ပန်ပေမယ့် ငြင်းခံလိုက်ရ/ကြည့်ရှုသူတွေအနေနဲ့ ထိုအခြေအနေကိုတုံ့ပြန်ခဲ့ပုံက..

လူမှုကွန်ရက်နဲ့ Youtubeမှာ လူကြားထဲချစ်ခွင့်ပန်ခြင်းက ရေပန်းစားလာသလို..အထူးသဖြင့်မထင်မှတ်ထားတဲ့အချိန်မှာ ချစ်ခွင့်ပန်ခံရတာမို့ ကောင်မလေးတွေစိတ်အလှုပ်ရှားရဆုံးအချိန်ပေါ့။ ဒီလိုချစ်ခွင့်ပန်ဖို့ အချိန်တွေအများကြီးယူရတာ ကိုယ်တွေလည်းတွေ့ဖူးတယ်။ဒီလိုအချိန်တွေအများကြီးယူရခြင်းဟာလည်း ကောင်မလေးတွေဆီက ရလဒ်ကောင်းကို မျှော်လင့်ထားမိလို့ပဲမဟုတ်လား။ ဒါပေမယ့် ချစ်ခွင့်ပန်ဖို့ဘယ်လောက်ပဲ ခက်ခဲနေပါစေ.. လူတိုုင်းအောင်မြင်မှုကိုတော့ မခံစားရပါဘူး။

ဗီဒီယိုထဲမှာ ချစ်ခွင့်ပန်မယ့်လူကစျေးဝယ်စင်တာတစ်ခုမှာ လူတွေစုလိုက်ပြီး သူ့ကောင်မလေးကို ချစ်ခွင့်ပန်မယ့်အကြောင်းပြောပြလိုက်တယ်။သူ့ကောင်မလေးရောက်လာတဲ့ အချိန်မှာ သူချစ်ခွင့်ပန်တာကို လူအများအားကြည့်ရှုစေတယ်။အပြာရောင်ဝတ်စုံနဲ့ ယုံကြည်မှုအပြည့်ရှိနေတဲ့သူက ကောင်မလေးနဲ့၄နှစ်ကြာတွဲခဲ့ပြီးပြီမို့ လက်ခံလိမ့်မယ်လို့ သူ့စိတ်ထဲထင်ထားခဲ့တယ်။

စိတ်မကောင်းစွာနဲ့..ဒူးတစ်ဖက်ထောက်ပြီး မေးခွန်းတစ်ခုမေးလိုက်ချိန်မှာ သူငြင်းပယ်ခံလိုက်ရတယ်။သူ့ကိုနှစ်သိမ့်ပေးမယ့်အစား ကြည့်ရှုနေတဲ့လူအများက သူ့ကိုဝိုင်းပြီး ဟားတိုက်ရယ်မောရင်း ဓာတ်ပုံရိုက်သူကရိုက် ဗီဒီယိုရိုက်သူကရိုက်နဲ့ ပွက်လောရိုက်သွားတယ်။

တကယ်တော့ လူအများရှေ့မှာချစ်ခွင့်ပန်လို့ ငြင်းခံရရင်လူထုအနေနဲ့ ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာ သိချင်လို့ စမ်းသပ်ခဲ့တဲ့သဘောဖြစ်ပါတယ်။Youtuber Prettyboyfredo က ”လူတစ်ယောက်ပြိုလဲသွားချင်မှာ အားပေးကူညီဖို့ ကျွန်တော်တွေကပါးစပ်နဲ့ပဲပြောခဲ့ကြတယ်. တကယ်တော့ သူတို့လဲကျသွားချင်မှာ ကိုယ်တွေရယ်မောပြီးနေပြီ ” လို့ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*