၄နှစ်ကြာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီးနောက် အိမ်ပြန်ကာ မိခင်ဖြစ်သူအား အံ့အားသင့်သွားစေခဲ့တဲ့ အမျိုးသား(ရုပ်သံ)

၄နှစ်ကြာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီးနောက် အိမ်ပြန်ကာ မိခင်ဖြစ်သူအား အံ့အားသင့်သွားစေခဲ့တဲ့ အမျိုးသား(ရုပ်သံ)

ကူးစက်ရောဂါစတင်ခဲ့ချိန်ကတည်းက ကမ္ဘာကြီးဟာ အများကြီးပြောင်းလဲသွားခဲ့ပါပြီ။၎င်းဟာ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်များနှင့် လူမှုဘ ၀ များကို ထိခိုက်စေရုံသာမက ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးဘဝများ ၊ အထူးသဖြင့် ကျွန်တော်တို့ချစ်ရသူတို့အကြားရှိ ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ ပညာသင်ကြားခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်သူအားလုံးဟာ တံခါးပိတ်နယ်နမိတ်များကြောင့် အိမ်မပြန်နိုင်တော့ဘဲ မိသားစုများစွာဟာ ဖုန်းခေါ်ဆိုမှုများမှ တစ်ဦး နှင့်တစ်ဦး အဆက်အသွယ်ရှိကြရပါတယ်။သို့သော် နည်းပညာက အဆက်အသွယ်ရှိနေစေဖို့ကို ဆက်လက်ပြုလုပ်ပေးနိုင်ပေမဲ့ ၎င်းဟာ ခံစားချက်ချင်းမတူနေခဲ့ပါဘူး။ Angeline Koh အမည်ရှိ netizen တစ်ဦးဟာ ဩစတြေးလျမှာ အလုပ်လုပ်နေတဲ့ သူမရဲ့မောင်ဖြစ်သူက အိမ်ပြန်လာဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မိခင်ဖြစ်သူရဲ့တုံ့ပြန်မှုကို Facebook မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

မိခင်ဖြစ်သူဟာ သူမအိမ်သို့ ပြန်လာတဲ့အချိန်အထိ သားဖြစ်သူပြန်လာတာကို မသိခဲ့ပါဘူး။အမှန်ပင် နှလုံးနွေးထွေးသွားစေမဲ့ အခိုက်အတန့်ကို ဖမ်းယူရိူက်ကူးနိုင်ခဲ့ပါတယ်။Angeline Koh က “ ကူးစက်ရောဂါက ကျွန်မတို့ရဲ့အစီအစဉ် အပါအဝင် ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တယ် ၊ အစက ကျွန်မတို့က ဩစတြေးလျမှာရှိတဲ့မောင်လေးဆီသွားဖို့ အမေ့ကို ခေါ်ဖို့လုပ်ခဲ့ကြတယ် ၊ အမေ့ကလည်း အဲ့ဒီမှာ နေသားကျအောင် ၂လ ၃လထိနေချင်ကြောင်း ပြောနေခဲ့တယ် ၊ ဒါပေမဲ့ အငယ်ဆုံးသားလေးက မလေးရှားမှာရှိတဲ့သူ့ဆီပြန်လာမယ်လို့ လုံးဝမထင်ထားခဲ့ဘူး။

ဩစတြေးလျရဲ့ လစာက မလေးရှားထပ်ကောင်းပေမဲ့ အဝေးရောက်နေတဲ့ကျွန်မမောင်လေးက ပွဲလမ်းသဘင်တွေကျင်းပတဲ့အခါ သူ့တစ်ယောက်ထဲ ကျင်းပနေခဲ့ရတယ် ၊ တစ်ခါတစ်လေ အမေက သူ့နဲ့ စကားပြောရင်း မျက်ရည်ကျတတ်ပြီး သူကလည်း မျက်ရည်တွေဝဲနေခဲ့တယ်။ မောင်လေးက အိမ်ကို သတိရတဲ့အခါ သူတတ်နိုင်သလောက် အိမ်အမြန်ပြန်နိုင်ဖို့ မျှော်လင့်နေခဲ့တယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ဗီဒီယိုထဲအရ Angelineရဲ့မောင်ဟာ ဩစတြေးလျမှ မလေးရှားသို့ အိမ်ပြန်ခရီးစဉ်ကို ကိုယ်တိုင်ရိုက်ကူးရင်း မိခင်ဖြစ်သူကို တွေ့နိုင်ဖို့ ဟိုတယ်မှာ ၁ပတ်အကြာ quarantine ဝင်ခဲ့ရပါတယ်။

ထို့နောက် သူက ထမင်းစားပွဲခုံမှာ ထိုင်နေပြီး အခန်းထဲကထွက်လာတဲ့မိခင်ကို စောင့်နေခဲ့ပါတယ်။မိခင်ဖြစ်သူဟာ သူ့ကိုတွေ့တဲ့အခါ သူမရှေ့မှာရှိနေတာကို မယုံနိုင်ခဲ့ပါဘူး။သားဖြစ်သူက သူမဆီ ခြေလှမ်းလာပြီး သူမကို ဖက်လိုက်ကာ သူမကို အံ့သဩစရာကောင်းလောက်အောင် စာနောက်နေချိန်မှာ သူမဟာ ပျေည်ရွှင်စွာ ငိုကြွေးနေခဲ့ပါတော့တယ်။၎င်းဗီဒီယို post ဟာ 5,200 ကျော်အထိ shareခဲ့ကြပြီး Like ပေါင်း 12,000 အထိ ရရှိခဲ့ပါတယ်။Netizen များက မိခင်ဖြစ်သူရဲ့တုံ့ပြန်မှုက ၎င်းတို့ကို မျက်ရည်ကျစေကြောင်း မှတ်ချက်ပေးခဲ့ကြပါသေးတယ်။

၎င်းဟာ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်များနှင့် လူမှုဘ ၀ များကို ထိခိုက်စေရုံသာမက ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးဘဝများ အထူးသဖြင့် ကျွန်တော်တို့ချစ်ရသူတို့အကြားရှိ ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။

Angeline Koh က “ ကူးစက်ရောဂါက ကျွန်မတို့ရဲ့အစီအစဉ် အပါအဝင် ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တယ် ၊ အစက ကျွန်မတို့က ဩစတြေးလျမှာရှိတဲ့မောင်လေးဆီသွားဖို့ အမေ့ကို ခေါ်ဖို့လုပ်ခဲ့ကြတယ် ၊ ဒါပေမဲ့ အငယ်ဆုံးသားလေးက မလေးရှားမှာရှိတဲ့သူ့ဆီပြန်လာမယ်လို့ လုံးဝမထင်ထားခဲ့ဘူး။

ဗီဒီယိုထဲအရ Angelineရဲ့မောင်ဟာ ဩစတြေးလျမှ မလေးရှားသို့ အိမ်ပြန်ခရီးစဉ်ကို ကိုယ်တိုင်ရိုက်ကူးရင်း မိခင်ဖြစ်သူကို တွေ့နိုင်ဖို့ ဟိုတယ်မှာ ၁ပတ်အကြာ quarantine ဝင်ခဲ့ရပါတယ်။ထို့နောက် သူက ထမင်းစားပွဲခုံမှာ ထိုင်နေပြီး အခန်းထဲကထွက်လာတဲ့မိခင်ကို စောင့်နေခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*