၃,၄တန်းကျောင်းသားလို့တောင် အထင်မှားစေမယ့် ကလေးအသွင်အပြင်နဲ့ ကျောင်းဆရာတစ်ဦး (ရုပ်သံ)

၃,၄တန်းကျောင်းသားလို့တောင် အထင်မှားစေမယ့် ကလေးအသွင်အပြင်နဲ့ ကျောင်းဆရာတစ်ဦး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ၊ Bulacan ပြည်နယ်ရှိ San Jose Del Monte ကျောင်းက အသက် ၂၂ နှစ်အရွယ် Ian Francis Manga အမည်ရှိ ကျောင်းဆရာတစ်ဦးဟာ ၄,၅ တန်း ကလေးလို့တင် မှားထင်နိုင်လက်တဲ့ မျက်နှာအသွင်ပြင်က်ု ကြုံတွေ့နေရပါတယ်။ သို့ပေမဲ့ သူက ကျောင်းနေဖက်များမှ လှောင်ပြောင်ခြင်းကို တစ်ခါမှ မခံစားခဲ့ရတာကြောင့် ဆရာဝန် နဲ့ သွားတွေ့ပြီး ပြုပြင်တာတွေလုပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ပါဘူး။

Stand for Truth ရဲ့ အစီရင်ခံစာ အရ Ian ဟာ အမြဲတမ်းဖျားနာနေတဲ့ ကလေးဖြစ်ခြင်းကြောင့် ဖွံ့ဖြိုးမှုတွေ နှောင့်နှေး စေတယ် လို့ ယုံကြည်ထာပါတယ်။ သို့သော် Ian ဟာ သူရဲ့ ကျန်းမာရေး ပြဿနာများကို ကျော်လွှားနိုင်ခဲ့ပြီး သူငယ်တန်းမှ ဆရာစာမေးပွဲများကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

သူဟာ Mater El-Roi School Inc. ကျောင်းမှာ သူငယ်တန်း နဲ့ ၂ တန်းကျောင်းသားများကို တာဝန်ယူခံရပါတယ်။ ကျောင်းအုပ်ချုပ်ရေးမှူးက သူဟာ အလုပ်အတွက် ကြိုးစားပြီး ကလေးတွေကိုလည်း ချစ်တယ်လို့ ဆိုထားပါတယ်။ Ian ရဲ့ ဂရုစိုက်စောင့်ရှောက်မှု ခံနေရတဲ့ ကလေးအများစုက သူ့ကိုအစ်ကိုကြီးအဖြစ် သတ်မှတ်ကြပေမဲ့လည်း သူက မကလေးငယ်မျက်နှာအသွင်အပြင်ကို ကျော်လွှားနိုင်ရန် နဲ့ ဆရာတစ်ယောက်အဖြစ် အထင်ခံရဖို့အတွက် များစွာ ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဥပမာအားဖြင့် သူဟာ မိမိကိုယ်ကို အရွယ်ရောက်သူလို့ ထင်မြင်ရန် အိတ်တွေ နဲ့ ခိုင်မာတဲ့သားရေဖိနပ်တွေကို အမြဲတမ်းဝတ်လေ့ရှိပါတယ်။ Ian Francis Mangaalso က သူ့ရဲ့ ကလေးမျက်နှာသားမက ကလေးဆန်တဲ့အသံ နဲ့ အရပ်အရှည် ၁၆၂ စင်တီမီတာသာ ရှိပါတယ်။ သူ့ရဲ့ ကျောင်းနေဖက်တွေ သူ့ကို အနှောင့်အယှက်မပေးသော်လည်း ကလေးဆန်တဲ့ပုံပန်းသဏ္ဏာန်ကြောင့် တစ်ခါတစ်ရံ အချို့လူတွေက သူ့ကို `ကောင်လေး’ လို့ ခေါ်ခြင်းအားဖြင့်လှောင်ပြောင်နေဆဲဖြစ်တယ် လို့ သူဝန်ခံခဲ့ပါတယ်။

သူဟာ ၎င်းလို့လှောင်ပြောင်နေတဲ့ မှတ်ချက်များကို လျစ်လျူရှုရန် ကြိုးစားပြီး သူတို့အလိုပြောတာက သူ့ကို ပိုပြီး ကြိုးစားလုပ်ကိုင်ရန် နဲ့ သူ့ရပ်ရွာတွေရဲ့ လေးစားဖွယ်အဖွဲ့ဝင် ဖြစ်လာနိုင်ကြောင်း လူတိုင်းကိုသက်သေပြရန်သာ ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*