
TikTok app ဟာ ဆယ်ကျော်သက်များနှင့် လူငယ်များကြားမှာ အလွန်လူကြိုက်များတဲ့ လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။နောက်ခံဂီတပါတဲ့ ဗီဒီယိုတိုများ နှင့် အထူးအကျိုးသက်ရောက်မှုများပါ၀င်တဲ့ TikTok ဟာ ကောင်းမွန်တဲ့ဗီဒီယိုများအတွက် နေရာတစ်ခုဖြစ်ပါတယ်။TikTok app ရဲ့ပလက်ဖောင်းဟာ မျှော်လင့်မထားတဲ့အကျိုးကျေးဇူးများရရှိစေပြီး ပျောက်ဆုံးနေတဲ့ ချစ်ရသူကိုလည်း ရှာဖွေရန်လည်း ကူညီပေးနိုင်ပါတယ်။
Dong Nai မှာအခြေစိုက်တဲ့ Vo Huynh Tan Tai အမည်ရှိ TikTok အသုံးပြုသူဟာ သူ့ရဲ့ TikTok ဗွီဒီယိုများကို ကြည့်ရှုနေစဉ် လမ်းဘေးမှာထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့အဖိုးအိုတစ်ဦးပါတဲ့ဗီဒီယိုကလစ်ကို မတော်တဆ ကြည့်လိုက်မိပါတယ်။ထူးဆန်းတဲ့မျက်နှာအသွင်အပြင်နှင့် မသေမသပ်တဲ့ဆံပင်ပုံစံဖြင့် လမ်းဘေးမှာထိုင်နေတာကြောင့် သတိထားမိတယ်လို့ Tai ကဆိုပါတယ်။
ခရိုင် ၃ ရှိ Le Quy Don – Dien Bien Phu လမ်းဆုံမှာ ထိုင်နေတဲ့ထိုအဖိုးအိုကို Tai က တွေ့ခဲ့တာပါ။အဖိုးအိုကိုသနားသဖြင့် Tai ဟာ သူ့ရဲ့ငွေအနည်းငယ်ကိုပေးပြီး အဝေးမှ ထိုအဖိုးရဲ့ဗီဒီယိုကို မှတ်တမ်းတင်ခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးနောက် Tai ဟာ ထိုဗီဒီယိုကို TikTok မှာတင်ခဲ့ပါတယ်။ Tai ရဲ့မူလရည်ရွယ်ချက် မှာ ကူးစက်ကြောင့် ထိခိုက်လွယ်တဲ့ ဒေသခံများခံစားနေရတဲ့အခက်အခဲများအကြောင်းကို ပရိသတ်များအား ပြောပြရန်သာဖြစ်ပါတယ်။
ဒါပေမဲ့Tai ရဲ့ဗီဒီယိုဟာ ဇာတ်လမ်းတစ်ပုဒ်ပြောရုံထက်မကပြီးမြောက်ခဲ့ပြီး အမှန်တကယ်လိုအပ်နေတဲ့မိသားစုအား ပျောက်ဆုံးနေတဲ့လူတစ်ဦးကို ရှာဖွေတဲ့အရင်းအမြစ်တစ်ခုဖြစ်လာခဲ့ပါတယ်။TikTok မှာ ဗွီဒီယိုဝေမျှပြီး တစ်ရက်မပြည့်မီ ကလစ်ရှိအသုံးပြုသူမြေးတစ်ဦးရဲ့ စာကိုရရှိခဲ့ပါတယ်။
အသုံးပြုသူရဲ့အဆိုအရ သူ့ရဲ့ ၇၆ နှစ်အရွယ် အဖိုးဟာ ၃ လကြာပျောက်ဆုံးနေပြီး Dong Nai မှ Saigon သို့ ၇၀ ကီလိုမီတာအကွာအဝေးသို့ တစ်ဦး တည်းရောက်သွားလိမ့်မယ်လို့ ဘယ်သူမှမထင်မြင်ကြကြောင်းဆိုပါတယ်။
အသုံးပြုသူရဲ့မိဘများနှင့်ဖုန်း ပြောပြီးနောက် ပျောက်ဆုံးနေတဲ့ အဖိုးကိုရှာရန် အင်တာနက်အသုံးပြုသူများထံမှအကူအညီတောင်းခဲ့ပါတယ်။ထိုအဖိုးရဲ့မိသားစု၀င်များက Binh Duong မှ Vung Tau အထိနေရာတိုင်းမှာ သူ့ကိုရှာဖွေခဲ့ပေမဲ့ မတွေခဲ့ဘူးလို့ပြောခဲ့ပါတယ်။
ရှာဖွေမှုကိုစတင်လုပ်ဆောင်ပြီး နောက်နာရီအနည်းငယ်အကြာမှာ အဖိုးအိုဟာ ခရိုင် ၃ ရှိ Cong Truong Dan Chu လမ်းဆုံမှာဝင်ရောက်ခဲ့တဲ့ သတင်းအချက်အလက်ကိုရရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ မိသားစုဝင်များက ကျန်းမာရေးကောင်းတဲ့ အဖိုးကိုရှာဖွေတွေ့ရှိခဲ့ပြီး အိမ်သို့ခေါ်ပြန်ခဲ့ပါတယ်။Tai ရဲ့ဇာတ်လမ်းက လူတိုင်းရဲ့လူမှုမီဒီယာကိုပိုမိုနားလည်ရန်ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ဆိုရှယ်မီဒီယာမှာ ကောင်းမွန်စွာအလုပ်လုပ်ပါက ကျွန်ုပ်တို့ကို များစွာအကျိုးပြုနိုင်ပါတယ်။
Leave a Reply