
အသက်၂၆နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့လက်ထက်ခဲ့တဲ့ အသက်၆၂အရွယ် Hoa Cương Thu Sao အမည်ရှိတဲ့ဗီယက်နမ်အမျိုးသမီးတစ်ဦးဟာ မကြာသေးခင်က ပလပ်စတစ်ဆာဂျူရီပြုလုပ်ခဲ့ပြီး သူမနှာခေါင်းနဲ့နဖူးဧရိယာမှာ အလှကုန်ထည့်သွင်းခွဲစိတ်မှုအတွက် ဒေါင် သန်း ၁၀၀(၅၆သိန်း)သုံးစွဲခဲ့ပါတယ်။
သူမက သူမခင်ပွန်းအတွက် စိတ်မကောင်းဖြစ်ပေမဲ့ ပြန်ငယ်ရွယ်လှပချင်တာကြောင့် လုပ်ခဲ့တာဖြစ်ပါတယ်တဲ့။သူတို့စုံတွဲဟာ ၂၀၁၈ခုနှစ်တုန်းက လက်ထပ်ခဲ့ကြပြီး သူတို့အကြားအသက်အပိုင်းအခြားအရမ်းကွာဟနေခဲ့တာကြောင့် သူတို့သတင်း လူသိများသွားခဲ့ပါသေးတယ်။ပုံထဲကကလေးမနှစ်ယောက်က သူမရဲ့သမီးတွေပါ။ကော်ဖီဆိုင်လေးဖွင့်ထားတဲ့Hoaဟာ ၂၀၁၈ခုနှစ်တုန်းက သူမခင်ပွန်းကိုစတွေ့ခဲ့ပြီး သူတို့နှစ်ဦးဟာ ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိနေခဲ့ပါတယ်။
အစပိုင်းတော့ သူမက ခင်ပွန်းသည်ကို မောင်လေးလို့ဘဲသဘောထားခဲ့ပြီး ခင်ပွန်းသည်ချစ်ခွင့်ပန်တာကို ငြင်းဆိုခဲ့ပါသေးတယ်တဲ့။နောက်ပိုင်းမကြာတော့ ခင်ပွန်းသည်က သူမကို အရှုံးအမူးဖြစ်နေတာကို သူမသိလိုက်ရတာပါတဲ့။သူတို့အကြား အသက်ကွာဟမှုတွေရှိပေမဲ့ Hoaက သူမဟာ သာမန်တစ်ခြားမိန်းကလေးတွေလိုဘဲ လက်ထပ်ထိမ်းမြားတာပါလို့ ဆိုထားပါတယ်။
အခုလက်ရှိမှာ Hoaက သူမခင်ပွန်းအတွက် ရေးပေးတဲ့စာကြည့်ရင်တော့ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးက ခိုင်မြဲနေပုံပါဘဲ။”ဒီသုံးနှစ်တာကာလအတွင်း ငါတို့ရဲ့ဆက်ဆံရေးကို လူတိုင်းကမေးခွန်းထုတ်ကြပြီး တိုက်ခိုက်ခဲ့ကြတယ် ဒါပေမဲ့ ငါတို့အတူတူရှိနေပြီးငါတို့ရဲ့ချစ်ခြင်းမေတ္တာက အစစ်အမှန်ဆိုတာကို သက်သေပြခဲ့ကြတယ်၊၊”“မျက်စိတစ်မှိတ်အတွင်းမှာ သုံးနှစ်ကြာသွားခဲ့ပြီ ငါတို့ရဲ့အချိန်တွေက ပျော်စရာကောင်းခဲ့တယ် ရှေ့ဆက်လည်း ပျော်ရွှင်စရာကောင်းနေမှာပါ” လို့ Hoaက သူမရဲ့ချစ်ခင်ပွန်းအတွက် စာပါးခဲ့ပါတယ်။
Hoaက အခုခွဲစိတ်ပြီးသက်သာလာရင် နောက်ထပ် သူမပြန်ငယ်ရွယ်နုပျိုသွားစေဖို့ မျက်နှာခွဲစိတ်မှုတွေထပ်လုပ်သွားအုံးမယ်လို့ ဆိုထားပါသေးတယ်။Hoaက သူမခင်ပွန်းလည်း မျက်ခုံး၊နှာခေါင်း နဲ့နှုတ်ခမ်းတို့မှာ လုပ်ထုံးလုပ်နည်းများစွာခွဲစိတ်ခဲ့တာကြောင့် အလှအပအတွက် အမြဲရင်းနှီးမြှုပ်ချင်နေပါတယ်တဲ့။အသက်အရွယ်ဟာ နံပါတ်တစ်ခုဖြစ်သလို လူနှစ်ဦးက တစ်ဦးနဲ့တစ်ဦး အရမ်းချစ်နေကြရင်တော့ အသက်အရွယ်က ဆက်နွယ်မှုကို ဖြစ်ပေါ်စေတယ်ဆိုတာ အမှန်တကယ်ကြီးပါလား။
Leave a Reply