
၂နှစ်အတွင်း ရည်စား၂၀၀ကျော်နှင့်အတူ ချိန်းတွေ့မှုများပြုလုပ်ကာ လက်ဆောင်များကို လိုက်ယူနေခဲ့သည့် အမျိုးသမီး
ချစ်သူစုံတွဲများတွင် လက်မထပ်ခင် ရည်းစားဘဝ၌ အပြန်အလှန်လက်ဆောင်များပေးပြီး အမှတ်တရလေးများကို ဖန်တီးယူတတ်ကြသည်။ယခုတွင်လည်း ချစ်သူစုံတွဲများအကြား လက်ဆောင်ပေးမှုကို အခွင့်အရေးယူပြီး လုပ်စားနေခဲ့သူ အမျိုးသမီးတစ်ဦးရှိနေခဲ့ပါတယ်။
သူမကတော့ တောင်ကိုရီးယားနိုင်ငံမှ အမျိုးသမီး ဖြစ်သည်ဟုလည်းသိရပါတယ်။သူမဟာ ၂နှစ်အတွင်းတွင် ရည်စားပေါင်း၂၀၀ကျော်နှင့် တွဲခဲ့တာဖြစ်ပါတယ်။ထို့နောက်ချစ်သူရည်းစားများနှင့် ချိန်းတွေ့ကာ လက်ဆောင်ပစ္စည်းများကို ရယူလေ့ရှိခဲ့ပါတယ်။
သူမဟာ ကင်မရာများ၊လက်ကောက်များ၊နာရီများ၊လက်စွပ်မျာနှင့်အခြားတန်ဖိုးကြီးအရာများကိုလည်း ရရှိခဲ့ပါတယ်။သူမဟာ ရရိလာတဲ့ လက်ဆောင်ပစ္စည်းများအားလုံးကိုလည်း သေချာစွာ သိမ်းဆည်းထားခဲ့တယ်ဟု သိရပါတယ်။
သူမရရှိထားသော လက်ဆောင်ပစ္စည်းများ၏တန်ဖိုးကို ပေါင်းကြည့်မည်ဆိုလျှင် အမေရီကန်ဒေါ်လာပေါင်း ၉၂၀၀၀မျှ တန်ဖိုးရှိခဲ့သည်ဟု သိရပါတယ်။
Leave a Reply